ရေး-ချောင်းဖျား၊ ချောင်းနှစ်ခွ စစ်ဘေးရှောင်နေရာသို့ စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်များပျက်စီး
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေ၊ ရေး-ချောင်းဖျားဒေသ ချောင်းနှစ်ခွထဲက စစ်ဘေးရှောင်နေရာကို ယနေ့ ဇွန်လ(၁၈)ရက်၊ မနက်(၁)နာရီဝန်းကျင်မှာ စစ်အုပ်စုလေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များပြိုကျပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်အိမ်များရှိရာကို စစ်အုပ်စု လေယာဥ်ဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး အိမ်များပျက်စီးမှုရှိသော်လည်း...
ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းအတွက် သက်သေခံ အထောက်အထားကတ် စတင်ထုတ်ပေး
ဇွန်လ ၁၈ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ရာချ်ဘူရီခရိုင် ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် သက်သေခံကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းကို စတင်လိုက်ပြီး ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကတ်ပြားပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
သက်သေခံ ကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၁...
မွန်၊ ကရင်ဒေသတွင် မေလအတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ဒဏ်ရာရ
ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်နှင့် ကရင်ဒေသများတွင် ပြီးခဲ့သည့်မေလ တစ်လတာအတွင်း တရားခံမပေါ်သောသတ်ဖြတ်မှုနှင့် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု၊ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံရမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ်အဖွဲ့ကထုတ်ဝေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု...
ဖားအံ-မော်လမြိုင်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မော်လမြိုင်လမ်းပိုင်းရှိ ခရုံဂူအနီး အခြေစိုက်ထားသည့် စစ်အုပ်စုဂိတ်သည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ...
ဖားအံ-ကော့ကရိတ်လမ်း အခွန်အခနှင့် လမ်းပိတ်ဆို့မှုကြောင့် ဒေသခံများ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့နေ
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ အာရှလမ်းမကြီးနှင့် ကျေးရွာချင်းဆက် ဖြတ်လမ်းများကို စစ်အုပ်စုတပ်က ပိတ်ဆို့ထားသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုကြောင့် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခက်တွေ့နေကြသည်ဟု ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ပြီးခဲ့သည့်...
မဲဆောက်တွင် တရားမဝင် တရုတ်နိုင်ငံသားများ သယ်ဆောင်သည့် ကား ၂ စီးကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးရာ ၁ စီးဖမ်းမိ၊ ၁ စီး လွတ်မြောက်
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယမန်နေ့ (ဇွန်လ ၁၆ရက်)က တရားမဝင် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးကို မဲဆောက်နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့က ခြေရာခံ လိုက်လံဖမ်းဆီးခဲ့ရာ ၁ စီးကို ဖမ်းဆီးရမိပြီး ကျန်...
တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများကို စစ်အုပ်စုကြံရာပါအဖြစ် JFM ရှုတ်ချ
ဇွန် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုကကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများက ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေမှုအပေါ် ကျူးလွန်သူသာမက အားပေးကူညီသူများလည်း တာဝန်ခံရမည်ဖြစ်ကြောင်း Justice for Myanmar-JFM က ယမန်နေ့ ဇွန်လ(၁၆)ရက်နေ့တွင် ရှုတ်ချပြောဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံများ၊ အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း၊...
အွန်လိုင်းလေ့လာဆန်းစစ်ချက်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်း
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
“တိုင်းရင်းသားပြည်သူလူထုအတွင်း မှန်ကန်သော သတင်းအချက်အလက်များ လက်လှမ်းမီရရှိမှုနှင့် အကျိုးသက်ရောက်မှုများအပေါ် တွင် တိုင်းရင်းသားဘာသာစကားနှင့် ထုတ်လွှင့်သော သတင်း မီဒီယာထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုများ” ဆိုင်ရာ အွန်လိုင်း လေ့လာဆန်းစစ်ချက် အတွက် ပါဝင်ဖြေဆိုပေးရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအတွက် တိုင်းရင်းသားတို့၏...
ဗြိတိန်တွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်မည်
ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဗြိတိန်နိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ကန့်သတ် သွားမည်ဟု ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က ပြောဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
၎င်း၏...
စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်
ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ယမန်နေ့ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက စစ်အုပ်စု Y12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝတောရွာတစ်ဝိုက်တွင် ယမန်နေ့ ည(၇)နာရီမှ...















