ချင်းမိုင်လေဆိပ်တွင် ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၀၀ ကျော် ထိုင်းအကောက်ခွန်ဌာန သိမ်းဆည်းရမိ

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင် လာသည့် "ကော်သူးလေ မှတ်ပုံတင် (ID) ကတ်" ဟု ရေးသားထားသော ပလပ်စတစ်ကတ်ပြား ၁,၂၀၀ ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။...

မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ပေးရေး IPCM နှင့် MWiM တို့ နားလည်မှုစာချွန်လွှာ ရေးထိုး

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ရန်၊ အသိပညာပေးရန်နှင့် တုံ့ပြန်ရေးယန္တရားတစ်ရပ် အကောင်အထည်ဖော်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM နှင့် Myanmar Women in Media-MWiM တို့ပူးပေါင်းပြီး မေလ(၃၀)ရက်က နားလည်မှုစာချွန်လွှာ(MOU)ရေးထိုးခဲ့ကြကြောင်း သိရသည်။ အထူးသဖြင့် နိုင်ငံတွင်းသတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံရမှုများကြောင့် နိုင်ငံပြင်ပတွင်အခြေစိုက်နေရသည့် Exile...

စစ်အုပ်စုက ဘုရားသုံးဆူမြို့ကို ပြန်စိုးမိုးရန် ကြိုးပမ်းမှုကြောင့် လေကြောင်းရန် စိုးရိမ်သဖြင့် ဒေသခံအချို့ ညအိပ်တိမ်းရှောင်နေရ

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးရန် ကြိုးပမ်းလာသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ညအိပ်တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်အုပ်စုသည် ဘုရားသုံးဆူနယ်စပ်မြို့ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသည့်...

စစ်အုပ်စုကိုအစိုးရအဖြစ် အသိမှတ်မပြုဘဲ ဆက်နွယ်မှုများဖြတ်တောက်ရန် ND-Burma တိုက်တွန်း

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုခေါင်းဆောင်များကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) က “အာဏာရှင်များကြီးစိုးရာအရပ်တွင် ဒီမိုကရေစီမရှင်သန်နိုင်” အမည်ရှိ အစီရင်ခံစာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို တိုက်တွန်းသည်။ အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော ယနေ့ ဇွန်လ(၁၆)ရက်နေ့ထုတ် ND-Burma ၏...

ထိုင်းမင်းသမီးကြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း KNU သဝဏ်လွှာပေးပို့

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းတော်ဝင်မင်းသမီးကြီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီ ကွယ်လွန်အနိစ္စ ရောက်ခြင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်က ယနေ့ ဇွန်လ ၁၆ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း...

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု” ပြုလုပ်ရန် နှိုးဆော်

ဇွန် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးအဖြစ် “နှင်းဆီလှုပ်ရှားမှု”ကို ပြုလုပ်ကြရန် People Movement Platform Myanmar က...

နိုင်ငံခြားသားများလုပ်ကိုင်ခွင့်မရှိသော အလုပ်အမျိုးအစားများနှင့် ကျူးလွန်သူ ငွေဒဏ်ထောင်ဒဏ်‌သင့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရထုတ်ပြန်

ဇွန် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ၊ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့်နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိရုံဖြင့် လုပ်ကိုင်ခွင့်မရှိသော အလုပ်အမျိုးအစား (၁၀) မျိုးစာရင်းနှင့် ကျူးလွန်သူ အလုပ်သမားရော အလုပ်ရှင်ပါ ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရသတိပေးထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြသည်။ လမ်းဘေးဈေးရောင်းခြင်း၊ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခြင်း၊...

စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုအပေါ် Sister to Sisters ပရိုဂရမ် ဒါရိုက်တာ သဉ္ဇာရွှန်းလဲ့ရည်နှင့် တွေ့ဆုံမေးမြန်းခြင်း။

“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ ဖြစ်တယ်။ ကျမတို့က အဲဒီစနစ်ကို မကြိုက်ဘူးဆိုရင် အဲဒီလုပ်ရပ်တွေကို ဖြစ်စေတဲ့ အတွေးအခေါ်တွေကိုပါ ဖြေရှင်း ဖယ်ရှားပစ်ရမယ်” စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုအပေါ် Sister to Sisters ပရိုဂရမ် ဒါရိုက်တာ သဉ္ဇာရွှန်းလဲ့ရည်နှင့်...

အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်၍ ကော်သူးလေ ကြိုးပမ်းထူထောင်ကြရန် ကေအဲန်ယူ ဥက္ကဌ တိုက်တွန်း

ဇွန် (၁၄) ရက်၊၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သော "ကော်သူးလေ ကရင်ပြည်" တည်ထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းသည်။ ယနေ့ ဇွန်လ (၁၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက်...

လောင်းလုံးအောက်ဘက်ရွာအချို့ စစ်အုပ်စုအထိုင်ချထား၍ ဒေသခံများနေရပ်မပြန်နိုင်

ဇွန် (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကတည်းက စစ်အုပ်စု‌စစ်ကြောင်းထိုးပြီး ရွာအတွင်း တပ်စွဲအထိုင်ချထားသောကြောင့် ဒေသခံများနေရပ်မပြန်နိုင်ကြကြောင်း သိရသည်။ စစ်ပြဲကျေးရွာမှအစပြုပြီး လောင်းလုံးအောက်ဘက်ကျေးရွာများသို့ မေလ(၂၂)ရက်ကတည်းက စစ်ကြောင်းထိုးခဲ့သောစစ်အုပ်စုသည် လက်ရှိအချိန်ထိ စစ်ပြဲနှင့်ညင်းမော်ရွာတွင် တပ်အထိုင်ချနေခြင်းကြောင့် ရွာခံများနေအိမ်မပြန်ရဲကြခြင်းဖြစ်‌သည်ဟု...