စစ်ကြောင်းထိုးမှုကြောင့် တပ်မဟာ ၅ နယ်မြေတွင် ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်များတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ကျေးရွာ ၁၃ ရွာမှ ထောင်နှင့်ချီသော...

ဖမ်းဆီးခံ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားမှုခံယူသူများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေးတောင်းဆို

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် အဖမ်းဆီးခံထားရသည့် အမျိုးသမီးများ နှင့် ဂျန်ဒါစုံလင်ကွဲပြားမှု ခံယူထားသူများအပေါ် စစ်တပ်က ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုရန် Sisters 2 Sisters...

မယ်လဒုက္ခသည်စခန်းရှိ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြု

ဇွန် (၁၉) ရက်၊၂၀၂၆ ခုနှစ်။ကေအိုင်စီ နံနက်ဖြန် ဇွန်လ (၂၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(ဇွန်လ ၁၉ ရက်နေ့)က ပြုလုပ်ကျင်းပခဲ့ပြီး ဒုက္ခသည်ရေးရာတာဝန်ရှိသူများအပါအဝင် လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ TBC (The Border Consortium) မှ...

ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း KnHRG တိုက်တွန်း

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံရှိ ဒုက္ခသည်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ဇွန်လ(၂၀)ရက်နေ့ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် တောင်းဆိုတိုက်တွန်းသည်။ အရပ်ဖက်အဖွဲ့များအကူအညီဖြင့် အမေရိကန်မှရိက္ခာဖြတ်တောက်ခံရသည့် ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်များသည် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ရခဲ့သော်လည်း ကာကွယ်‌စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများ...

ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ယမန်နေ့(ဇွန်လ ၁၈ ရက်နေ့)က လေယာဥ်ဗုံးကြဲခံရပြီးသေဆုံးခဲ့သူအချို့အား ဈာပနပြုလုပ်လျက်ရှိရာ ယနေ့ ထပ်မံဗုံးကြဲခံရ၍ ထိခိုက်မှုရှိကြောင်း ကျိုက်ထိုဒေသခံများကပြောသည်။ ယမန်နေ့က ကျောက်ဖျာအုပ်စု၊ ချောင်းစောင့်ရွာ၊ ဈေးဆိုင်နေရာသို့ စစ်အုပ်စု ဂျက်ဖိုက်တာဖြင့်‌...

ကုန်သွယ်ခရီးသွား ယာဥ်များအား ကော့ကရိတ် တံတားကျိုးဂိတ်မှ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီရှိ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊...

မြန်မာမှလာသည့် သတ္တုစွန့်ပစ်ပစ္စည်းပြဿနာ မဖြေရှင်းနိုင်ပါက နယ်စပ်ဖြတ်ကျော်မြစ်ရေ ညစ်ညမ်းမှုကို တားဆီးရန် ခက်ခဲကြောင်း ပညာရှင်များသုံးသပ်

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံမှအရင်းခံလာသည့် သတ္တုတွင်းစွ့န်ပစ်ပစ္စည်းများကို မဖြေရှင်းပါက နယ်စပ်ဖြတ်ကျော်လာပြီး ထိုင်းနိုင်ငံအတွင်းရှိ မြေရေများညစ်ညမ်းနေမှုကို တားဆီးရန်ခက်ခဲကြောင်း ထိုင်းနှင့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင်ရောက်ရှိနေသော အမေရိကန် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Danny Reible နှင့်...

ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ သဝေါသော(ချောင်းစောင့်)ရွာထဲသို့ ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့က စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် ပြည်သူလူထုများနေထိုင်သည့်...

ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့်

ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့် ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ KIC, The Red Flag/MFCN ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅) ဗျုဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်ကို အသုံးပြုပြီး ဇွန်လ(၁၅)ရက်နေ့က စစ်အုပ်စုမှဝါဒဖြန့်မှုများ ပြုလုပ်လာသည်။ “KNLA တပ်မဟာ...

စစ်တပ်က ဒေသခံ ၃၀ ကျော်ကို ရက်ပေါင်းများစွာ လူသားဒိုင်းသဖွယ် ဖမ်းဆီးထား

ဇွန်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဖာပွန်ဒေသကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထ ကျေးရွာတွင် ဒေသခံရွာသား ၃၂ ဦးကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကတည်းက ကျေးရွာ အတွင်း ဖမ်းဆီးထိန်းသိမ်း ထားပြီး...