“လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေး KNU တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းချက် (ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ) ကော်သူးလေနယ်မြေအတွင်း ပြည်သူလူထု ယုံကြည်ကိုးစားနိုင်သည့် တရားရေးစနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် အလွှာစုံကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၇၀) ကျော် ပါဝင်သည့် “ပထမအကြိမ်မြောက် ကော်သူးလေ တရားမျှတမှုဖိုရမ်” ကို ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည်။ လက်ရှိ...
ဇွန် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွင် လတ်တလောစစ်ကြောင်းထိုးတပ်စွဲထားသည့် စစ်အုပ်စုက စစ်ဘေးရှောင်ကျေးရွာ(၃)ရွာမှ နေအိမ်(၁၀)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းခိုးယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ ဇွန်လပထမအပတ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များသိမ်းယူခဲ့သည့် ဆွာမကြီးစခန်းကို စစ်အုပ်စုက လက်ရှိတွင်ပြန်လည်တပ်စွဲထားသလို အနီးနားကျေးရွာများသို့ စစ်ကြောင်းလှည့်လည်သွားလာနေခြင်း ဖြစ်သည်။ ထိုစစ်ကြောင်းဝင်ရောက်စဥ် ဇွန်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ခင်တန်း၊ ကြိတ်ပုတီးနှင့် ပိတောက်ကုန်းရွာရှိ နေအိမ်(၁၀)လုံးထက်မနည်း မီးရှို့ခံလိုက်ရသည်ဟု အနီးအနားတွင် စစ်ရှောင်နေရသူများကပြောသည်။ “ခင်တန်းက (၇)လုံး၊ ကြိတ်ပုတီးက (၃)လုံး၊ ပိတောက်ကုန်းမှာလည်း (၄) (၅)...
ဇွန် ၁၀ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုန်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီး အလုပ်သမားပွဲစားတစ်ဦးကို သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာလုပ်သား နိုင်လင်းဆိုသူကို ဆူဖန်ဘူရီခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားပွဲစား ဒေါ်တင်နွယ်မာဝင်း (ခေါ်) စင်ဒီဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ညပိုင်းက ပထုန်ဌာနီခရိုင်၊ လက်ဒ်လွန်ကဲ (Lat...
ဇွန် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဒူးသထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လက လေကြောင်းတိုက်ခိုက်မှုနှင့်ပစ်ခတ်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့သည့်အပေါ် Fortify Rights အဖွဲ့က စုံစမ်းအတည်ပြုခဲ့ပြီး ကျူးလွန်သူစစ်အုပ်စုကို အရေးယူရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ယမန်နေ့ ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။ မတ်လ(၅)ရက်နေ့က ရေတွင်းကုန်းကျေးရွာဘုန်းကြီးကျောင်းသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့် လက်နက် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်အပါအဝင် အရပ်သား(၂၈)ဦးသေဆုံးခဲ့သည်။ အသက်ရှင်လွတ်မြောက်လာသူများကို ကွင်းဆင်းမေးမြန်းပြီး စုံစမ်းရရှိထားသည့်သက်သေများအရ နိုင်ငံတကာထံ အတည်ပြုတိုက်တွန်းခြင်းဖြစ်သည်ဟု Fortify Rights က ဆိုသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုခေါင်းဆောင်...
ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသည့် မြန်မာဒုက္ခသည်များအား လူ့ဂုဏ်သိက္ခာနှင့်အညီ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုမည့် "ထိုင်းနိုင်ငံသားမဟုတ်သူများဆိုင်ရာ မှတ်ပုံတင်ကတ်" (ဘတ်ပန်းရောင်) ကို ဇွန်လ ၈ ရက်နေ့မှစတင်ကာ ထိုင်းအာဏာပိုင်များက အစမ်းထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။ ဒုက္ခသည်များအား သက်သေခံကတ်ပြားထုတ်ပေးသည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူများသည် ဘန်ကောက်မြို့နှင့် ပထုံဌာနီခရိုင်ရှိ လူဦးရေနှင့် သန်းခေါင်စာရင်းရုံး၌ ကတ်ပြားစမ်းသပ်ထုတ်ပေးနေမှုကို သွားရောက် လေ့ လာခဲ့ပြီး စခန်းပြင်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသည့် ဒုက္ခသည်များနှင့်လည်း...
ဇွန် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်အုပ်စု တပ်စခန်းနှစ်ခုကို ပြီးခဲ့သည့်ဇွန်လပထမအပတ်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် နယ်မြေတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ရွာ(၈)ရွာထက်မနည်း စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အုပ်စု အင်အား(၆၀)ဝန်းကျင်အထိုင်ချထားသော ဆွာမကြီးတပ်စခန်းနှင့် ရွာသစ် ကင်းထောက်စခန်းတို့ကို ဇွန်လ(၃)ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူးအဆင့်အရာရှိတစ်ဦးအပါအဝင် (၂၀)ကျော်သေဆုံးသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (Nay Pyi Taw – PDF) က ဇွန်လ(၆)ရက်နေ့တွင်...
ဇွန် (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အတုအယောင်ရွေးကောက်ပွဲမှ တက်လာသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဦးဆောင် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့တို့ ယနေ့ ဇွန်လ(၉)ရက်နေ့တွင် အလွတ်သဘော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 7 EAO Alliance ၏ ယနေ့ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်နေ့က စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လာသည့်အပေါ် အပစ်ရပ်(၇)ဖွဲ့ တစ်ဖွဲ့ချင်းအပြင် 7 EAO Alliance အနေဖြင့် လက်ခံသဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့၏အစီအစဥ်များကို...
ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်တွင် တရားမဝင် တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးက ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို တိမ်းရှောင်မောင်းနှင်စဉ် Line Man Delivery ဆိုင်ကယ်ယာဉ်မောင်းတစ်ဦးကို ဝင်တိုက်မိခဲ့ရာ ၎င်းဆိုင်ကယ်မောင်းသူမှာ နေရာ၌ပင် ပွဲချင်းပြီး အသက်ဆုံးရှုံးသွားခဲ့သည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၉ ရက်) ထိုင်းစံတော်ချိန် နံနက် ၉ နာရီခန့်တွင် တရုတ်နိုင်ငံသား ၃ ဦးကို တင်ဆောင် လာသည့် ပစ်ကပ်...
ဇွန် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)သိန်းဝန်းကျင် ဓားပြတိုက်ခံလိုက်ရသည့်အမှုမှာ ယနေ့ ဇွန်လ(၉)ရက်နေ့အထိ တရားခံမပေါ်သေးကြောင်း မြဝတီမြို့ခံများက ပြောသည်။ ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီတွင် ထိုနေ့ နေ့လည် (၁)နာရီ ဝန်းကျင်အချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းတွင်ဖွင့်လှစ်ထားသော ငွေလွဲလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်တစ်ဆိုင်သို့ ငွေထုတ်လိုသူအသွင်ယူ ဝင်ရောက်လာပြီး လက်နက်ပြ ငွေလုယူသွားခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူအား ဆိုင်ပိုင်ရှင်ဘက်က သက်ဆိုင်ရာနှင့်ချိတ်ဆက် အရေးယူနိုင်ရန်ကြိုးပမ်းနေသော်လည်း ယနေ့ထက်ထိ ဖမ်းမမိသေးကြောင်း နီးစပ်သည့်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ပိုက်ဆံလာထုတ်ချင်ယောင်ဆောင်ပြီး ဆိုင်ကို...
ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဂျပန်နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ၃ သန်းကျော်အထိ ကျဆင်း သွားကြောင်း တိုကျိုအစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းအခြေအနေမှာ လူဦးရေကျဆင်းမှုသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။ ဂျပန်အစိုးရသည် ယမန်နှစ်အတွင်းက သန်းခေါင်စာရင်းကောက်ခံမှု ပြုလုပ်ခဲ့ပြီး ယင်းမှာ ၁၉၂၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် အကြီးစား သန်းခေါင်စာရင်းကောက်ခံမှု ဖြစ်သည်။ အဆိုပါ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်းက လူဦးရေ ၁၂၆ ဒသမ...