ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်တွင် တရားမဝင် တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးက ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို တိမ်းရှောင်မောင်းနှင်စဉ် Line Man Delivery ဆိုင်ကယ်ယာဉ်မောင်းတစ်ဦးကို ဝင်တိုက်မိခဲ့ရာ ၎င်းဆိုင်ကယ်မောင်းသူမှာ နေရာ၌ပင် ပွဲချင်းပြီး အသက်ဆုံးရှုံးသွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၉ ရက်) ထိုင်းစံတော်ချိန် နံနက် ၉ နာရီခန့်တွင် တရုတ်နိုင်ငံသား ၃ ဦးကို တင်ဆောင် လာသည့် ပစ်ကပ်...
ဇွန် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က လက်နက်ကိုင်ဆောင်ကာ ဘတ်ငွေ(၆၅)သိန်းဝန်းကျင် ဓားပြတိုက်ခံလိုက်ရသည့်အမှုမှာ ယနေ့ ဇွန်လ(၉)ရက်နေ့အထိ တရားခံမပေါ်သေးကြောင်း မြဝတီမြို့ခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီတွင် ထိုနေ့ နေ့လည် (၁)နာရီ ဝန်းကျင်အချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းတွင်ဖွင့်လှစ်ထားသော ငွေလွဲလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်တစ်ဆိုင်သို့ ငွေထုတ်လိုသူအသွင်ယူ ဝင်ရောက်လာပြီး လက်နက်ပြ ငွေလုယူသွားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူအား ဆိုင်ပိုင်ရှင်ဘက်က သက်ဆိုင်ရာနှင့်ချိတ်ဆက် အရေးယူနိုင်ရန်ကြိုးပမ်းနေသော်လည်း ယနေ့ထက်ထိ ဖမ်းမမိသေးကြောင်း နီးစပ်သည့်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပိုက်ဆံလာထုတ်ချင်ယောင်ဆောင်ပြီး ဆိုင်ကို...
ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဂျပန်နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ၃ သန်းကျော်အထိ ကျဆင်း သွားကြောင်း တိုကျိုအစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းအခြေအနေမှာ လူဦးရေကျဆင်းမှုသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။
ဂျပန်အစိုးရသည် ယမန်နှစ်အတွင်းက သန်းခေါင်စာရင်းကောက်ခံမှု ပြုလုပ်ခဲ့ပြီး ယင်းမှာ ၁၉၂၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် အကြီးစား သန်းခေါင်စာရင်းကောက်ခံမှု ဖြစ်သည်။
အဆိုပါ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်းက လူဦးရေ ၁၂၆ ဒသမ...
ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကွင်းဆင်းစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လာခြင်းကြောင့် Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) လျှောက်ထားရာတွင် လုပ်ငန်းစဉ်ကြန့်ကြာမှုကို ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
ထိုင်းအလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE) နှင့် သက်ဆိုင်ရာ အာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်း အထူးကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်သူများနှင့် ခွင့်ပြုထားသည့် အလုပ်အမျိုးအစားနှင့် မကိုက်ညီသူများကို ဖမ်းဆီးအရေးယူလျက်ရှိသည်။
ထိုသို့ စစ်ဆေးမှုများ တင်းကြပ်လာသော်လည်း Work Permit လျှောက်ထားပြီးသူအချို့မှာ...
ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ယခု မိုးရာသီကာလအတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့သို့ လာရောက်လည်ပတ်သူ များပြားနေသဖြင့် မြို့ပေါ် ရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် အခန်းကြိုတင်ဘိုကင်ပြည့်နေပြီး အခန်းခဈေးနှုန်းများ လည်း မြင့်တက်နေကြောင်း မြို့ခံများနှင့် ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။
မိုးရာသီကာလတွင် ဖားအံမြို့နှင့် အနီးဝန်ကျင်ရှိ တောတောင်ရေမြေနေရာများသို့ အပန်းဖြေရန် လာရောက်လည်ပတ်မည့် သူများအနေဖြင့် မိမိတို့တည်းခိုလိုသည့် ဟိုတယ်များတွင် အခန်းမရမည်စိုး၍ တစ်လခန့် သို့မဟုတ် လအစပိုင်းရက်များတွင် ကြိုတင်ဘိုကင်မှာယူထားခြင်းဖြစ်သည်။
“ ပုံမှန်အချိန်မှာ...
ဇွန် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မြို့ပေါ်စာသင်ကျောင်းအပ်နှံထားသည့် ကျောင်းသားနှင့်မိဘများ လုံခြုံရေးအရ မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြရန် လောင်းလုံးဒေသလက်နက်ကိုင်နှင့် ပညာရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ထားသည့်အပေါ် လူမှုကွန်ရက်မီဒီယာတွင် လူထုဝေဖန်မှု များပြားနေသည်။
ကျောင်းအကြိုအပို့ယာဥ်များကို အကာအကွယ်ယူ သွားလာနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြင်းကြောင့် မြို့ပေါ်ကျောင်းအပ်ထားသည့် ကျောင်းသား၊မိဘများ မြို့ပေါ်လိုက်ပါပြောင်းရွှေ့နေကြရန် လောင်းလုံး ပကဖ၊ ပအဖ၊ ပလဖ ပါဝင်သော လက်နက်ကိုင်အဖွဲ့နှင့် လောင်းလုံးပညာရေး(ဘုတ်အဖွဲ့)တို့က ဇွန်လ(၆)ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်သည် ပညာရေးနှင့်လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးကို ကန့်သတ်ရာရောက်သလို...
ဇွန် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့နယ်၊ မြဝတီနှင့် ရွေကုက္ကိုလ်ဒေသဘက်ရှိ ဈေးဆိုင်များ၊ ငွေလွှဲလုပ်ငန်းများတွင် ထိုင်းဘတ်ငွေ တစ်ထောင်တန် ငွေစက္ကူအတု တွေ့ရှိမှုများပြားလာကြောင်း ငွေအတုလက်ခံထားမိသူ ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။
မျက်စိဖြင့် အပေါ်ယံကြည့်ရှုပါက ထိုင်းဘတ်တစ်ထောင်တန် ငွေစက္ကူအစစ်နှင့်ထပ်တူနီးပါး ကျသည့် ဘတ်ငွေအတုများ မြဝတီမြို့နယ်အတွင်းရှိ ငွေလွှဲလုပ်ငန်းနှင့် လူသုံးကုန်ဈေးကွက်များတွင် တွေ့ရှိမှုများလာပြီး သတိထားစစ်ဆေးနေရသည်ဟု မြဝတီ-မဲဆောက် ငွေလွှဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ငွေအတု၊ အစစ် စစ်တဲ့ဘောပင်နဲ့ခြစ်ရတယ်။ မပေါ်ဘူးဆိုရင် အစစ်၊ ပေါ်ရင်အတုပေါ့။ ငွေအတုကိစ္စက...
ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ကလေးနှင့် အမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့(SAW)မြန်မာ ရွှေ့ပြောင်းကျောင်းမှ ဖွင့်လှစ်သည့် အမေရိကန်နိုင်ငံအသိအမှတ်ပြု General Educational Development(GED) Program၏ အပတ်စဥ် (၃) သင်တန်းကျောင်းဆင်းပွဲကို ယနေ့ (ဇွန်လ ၇ ရက်) တွင် မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ GED ပရိုဂရမ်ကို မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများနှင့် အခြားသော အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ရပ်တန့်ခဲ့ရသည့် လူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ဆက်လက်ရရှိစေရန်...
ဇွန် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့် ဒေသတွင်း သတ္တုတွင်းပြဿနာများကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ကော်သူးလေ တရားမျှတမှုဖိုရမ်တွင် ဆွေးနွေးကာ ဘုံသဘောတူညီချက် ရရှိခဲ့ကြကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖိုရမ်ကို ကော်သူးလေဒေသအတွင်း တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး အားကောင်း လာစေရန်၊ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လူထုအတွက် လက်တွေ့ ကျသည့် ဖြေရှင်းနည်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍...
ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်တွင် ဖုန်းအသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၇ နှစ်အရွယ်ရှိ ၎င်း၏ညီမငယ်ကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် ထိုင်းသတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူနှင့် ကျူးလွန်သူမိန်းကလေးတို့မှာ အမေတူအဖေကွဲ ညီအစ်မများ ဖြစ်ကြပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်ခလဘူရီအခြေစိုက် သတင်းရင်းမြစ်တစ်ခုက ယခုလို ပြောသည်။
“သတင်းက နှစ်မျိုးဖြစ်နေတယ်။ ပထမတစ်မျိုးက စနောက်ရင်းနဲ့ ပါးစပ်ပိတ်လိုက်ရာကနေ...















