ဇွန် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကမ္ဘာ့ဖလား(FIFA World Cup 2026) ပွဲစဥ်များ တရားဝင်ထုတ်လွှင့်ခွင့်ရသည့် Mytel TV360 စာမျက်နှာကို Meta က ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဖယ်ရှားလိုက်ကြောင်း Justice for Myanmar-JFM ၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ သိရသည်။ FIFA က Mytel ကို မီဒီယာအခွင့်အရေးပေးခဲ့သည့်လုပ်ရပ်အပေါ် ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင် JFM က ဖေ့ဘွတ်ခ်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထို့နောက်...
ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် သမ္မတဟောင်း ယွန်းဆွတ်ယို (Yoon Suk Yeol) ကို ဆိုးလ်ဗဟို တရားရုံးက ယနေ့တွင် နောက်ထပ် ထောင်ဒဏ် ၃၀ နှစ် ထပ်မံချမှတ်လိုက်သည်။ ယခုတစ်ကြိမ် တရားရုံး၏ အမိန့်သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ရန် အကြောင်းပြချက်ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံဘက်သို့ စစ်ရေးသုံးဒရုန်းများ ပျံသန်းစေခဲ့သည့် ကိစ္စနှင့် ဆက်စပ်၍...
ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကံတော်ကုန်သွားပြီဖြစ်သော ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး ပါချရာကီတီးယာဖာ (Princess Bajrakitiyabha) ၏ တစ်သက်တာလုံး ပြည်သူလူထု သာယာဝပြောရေးအတွက် ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမွေအနှစ်များကို အထူးဂုဏ်ပြုဦးညွတ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယနေ့ (ဇွန်လ ၁၂ ရက်) တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ သမီးတော်ကြီး၏ ကံတော်ကုန်ဆုံးမှုအတွက် UNHCR အနေဖြင့် ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ (UN)...
ဇွန် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုအတွက် ဘဏ္ဍာရေးနှင့်သတင်းအချက်အလက်နည်းပညာပိုင်းအရ ပံ့ပိုးကူညီပေးနေသည့် Mytel အား ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၆ ခုနှစ် ပွဲစဥ်များ တရားဝင်ထုတ်လွှင့်ခွင့်ပေးသည့်အပေါ် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်-FIFA ၏ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice for Myanmar-JFM က ယနေ့ ဇွန်လ(၁၂)ရက်တွင် ထုတ်ပြန်သည်။ FIFA World Cup 2026 ၏ ပွဲစဥ်အားလုံးကို မြန်မာနိုင်ငံတွင် Mytel က ၎င်းတို့၏အဓိကရုပ်သံနှင့်ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် တရားဝင် ရရှိခဲ့ခြင်းဖြစ်ပြီး FIFA ၏...
“ကနေဒါနိုင်ငံက SCEF စုဖွဲ့မှုအပေါ်မှာ ကြိုဆိုကြပါတယ်။ သူတို့တွေက တော်လှန်ရေး ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ သူတွေကြားက ညီညွှတ်မှုကိုမြင်ချင်တာ၊ အဲဒီစုစည်းညီညွှတ်မှုကို ကျမတို့လုပ်နိုင်သမျှ စပြီးတော့ဆောင်ရွက်တာဖြစ်လို့ သူတို့ကြိုဆိုတယ်။” ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF အဖွဲ့ဝင်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း။ ဇွန် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်များက ကနေဒါနိုင်ငံသို့သွားရောက်ပြီး အစိုးရတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့များ၊ နိုင်ငံခြားရောက်မြန်မာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုခရီးစဥ်အတွင်း နှစ်ဖက် ဆွေးနွေးတင်ပြချက်၊...
ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာစစ်အုပ်စု၏ လေကြောင်းအကြမ်းဖက် စစ်ဆင်ရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် အာဆီယံအခြေစိုက် ကော်ပိုရိတ်အဖွဲ့အစည်းများကို ကိုင်တွယ်ဖြေရှင်းပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC) က အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့ (AICHR) ထံ တရားဝင် စာပေးပို့ တိုက်တွန်းလိုက်သည်။ အဆိုပါ တိုက်တွန်းစာကို ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး AICHR အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် အရေးယူဆောင်ရွက်မှုများ...
စစ်အုပ်စုရဲ့ (၅)နှစ်တာကာလ အုပ်စိုးမှုဟာ အကြမ်းဖက်မှုနဲ့ လိမ်ညာမှုပဲဖြစ်တယ် မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဇွန်လ ၁၂ ရက်) (အိမ်နီးချင်း - ဒေသတွင်း - အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး - တွေ့ဆုံဆွေးနွေးရေး ဒီကိစ္စ (၃)ရပ် အောင်မြင်ဖို့ဆိုရင် အစိုးရတစ်ရပ်မှာ လေးစားအသိအမှတ်ပြုလောက်တဲ့ ဂုဏ်သိက္ခာရှိဖို့ အ‌ခြေခံအား ဖြင့် လိုအပ်ပါတယ်။ လေးစားအသိအမှတ်ပြုလောက်တဲ့ ဂုဏ်သိက္ခာရှိဖို့ဆိုတာကလည်း အဓမ္မနည်းနဲ့ အတင်းအကျပ် ဖန်တီးယူ လို့ မရနိုင်ပါဘူး။ မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးပွဲမှာ “မိမိတို့အနေဖြင့်...
ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပသို့ တရားဝင် အလုပ်ထွက်လုပ်ရာတွင် မိမိတို့အမည်ဖြင့် မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ လုပ်ကိုင်ခွင့်ရှိ ကြောင်း ထိုင်းပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) က အများပြည်သူ သိရှိစေရန်အတွက် ရှင်းလင်းထုတ်ပြန်ထားသည်။ ဒုက္ခသည်များအား စခန်းပြင်ပ၌ အလုပ်လုပ်ခွင့်ပြုသည့် အစီအစဉ်သည် လူသားချင်းစာနာ ထောက်ထားမှု၊ လူ့ဂုဏ်သိက္ခာနှင့် ထိုင်းနိုင်ငံတော်လုံခြုံရေးတို့အကြား မျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း DOPA ၏ ပြောကြားချက်ကို ကိုးကား၍ The Nation Thailand သတင်းဌာနက...
ဇွန် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာစစ်အုပ်စုပိုင် ကုမ္ပဏီများမှထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးမပြုကြရန် သပိတ်မှောက်ရမည့် ထုတ်ကုန်၊ အမှတ်တံဆိပ်စာရင်းနှင့်တကွ Burma Campaign UK က ယမန်နေ့ ဇွန်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်အုပ်စုပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုအောက်တွင်ရှိသော ကုမ္ပဏီများသည် ၎င်းတို့အတွက် အရေးကြီးသည့် ဝင်ငွေအရင်းအမြစ်ဖြစ်သောကြောင့် ထိုလုပ်ငန်းများမှထုတ်လုပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းက စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ပေးရာရောက်သည်ဟု Burma Campaign UK က ဆိုသည်။ စစ်အုပ်စုက လုပ်ငန်းမှရရှိသည့်ဝင်ငွေဖြင့် စွမ်းရည်တည်ဆောက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခြင်းတို့...
ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့် လေးကေကော်နှင့် လယ့်ခေါ် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ် ၁၀၀ ကျော်မှာ ယခုနှစ် ကျောင်း ဖွင့်ရာသီတွင် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံကျောင်းသုံးပစ္စည်းများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လေးကေကော်စစ်ရှောင်စခန်းတွင် ကျောင်းနေ အရွယ် ကလေးငယ် ၃၀ ကျော်ရှိနေပြီး ၎င်းတို့ ကျောင်းတက်နိုင်ရေးအတွက် လွယ်အိတ်၊ ခဲတံ၊ ဘောပင် အစရှိသည့်...