ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုခေါင်းဆောင်များကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) က “အာဏာရှင်များကြီးစိုးရာအရပ်တွင် ဒီမိုကရေစီမရှင်သန်နိုင်” အမည်ရှိ အစီရင်ခံစာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို တိုက်တွန်းသည်။
အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော ယနေ့ ဇွန်လ(၁၆)ရက်နေ့ထုတ် ND-Burma ၏ အကျဥ်းချုပ်အစီရင်ခံစာအတွင်း စစ်အုပ်စုသည် သမ္မတနေရာယူပြီးနောက်တွင်လည်း လူထုအပေါ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်စွမ်းမှာ အာဏာသိမ်းသမ္မတလက်အောက်တွင် ကန့်သတ်ခံနေရခြင်းဖြစ်ပြီး လက်နက်သဖွယ်ပင်အသုံးပြုခံနေရသည်ဟု အစီရင်ခံစာတွင် ဆိုသည်။
ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို...
ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းတော်ဝင်မင်းသမီးကြီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီ ကွယ်လွန်အနိစ္စ ရောက်ခြင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်က ယနေ့ ဇွန်လ ၁၆ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာကို KNU-ဒူးပလာယာခရိုင် အလုပ်အမှုဆောင်ကော်မတီက ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း (ရာမ ၁၀)၊ တော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံတော်အစိုးရနှင့် ထိုင်းပြည်သူလူထုထံသို့ လိပ်မူပေးပို့ခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်သူ မင်းသမီးကြီးသည် သက်တမ်းတစ်လျှောက်...
ဇွန် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးအဖြစ် “နှင်းဆီလှုပ်ရှားမှု”ကို ပြုလုပ်ကြရန် People Movement Platform Myanmar က တိုက်တွန်းနှိုးဆော်ထားသည်။
အဆိုပါ တိုက်တွန်းချက်ကို ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသည့် ကြွေးကြော်သံဖြင့် နိုင်ငံတစ်ဝှမ်း လူထုပါဝင်နိုင်မည့် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်...
ဇွန် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ၊
ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့်နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိရုံဖြင့် လုပ်ကိုင်ခွင့်မရှိသော အလုပ်အမျိုးအစား (၁၀) မျိုးစာရင်းနှင့် ကျူးလွန်သူ အလုပ်သမားရော အလုပ်ရှင်ပါ ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရသတိပေးထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြသည်။
လမ်းဘေးဈေးရောင်းခြင်း၊ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခြင်း၊ အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ အနှိပ်သည်လုပ်ငန်းနှင့် မော်တော်ယာဥ်မောင်းနှင်ခြင်း၊ ဧည့်လမ်းညွှန်လုပ်ခြင်း၊ ရက်ကန်းနှင့်လက်မှုလုပ်ငန်းများ၊ ဥပဒေဝန်ဆောင်မှုနှင့်လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ တို့ကို ထိုင်းနိုင်ငံသားများမှလွဲ၍ ထိုင်းရောက်နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဟု ဆိုသည်။
ထိုင်းအစိုးရကသတ်မှတ်ထားသည့် ၎င်းဥပဒေစည်းမျဥ်းများကို ချိုးဖောက်ပါက အလုပ်သမားများအနေဖြင့်...
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ ဖြစ်တယ်။ ကျမတို့က အဲဒီစနစ်ကို မကြိုက်ဘူးဆိုရင် အဲဒီလုပ်ရပ်တွေကို ဖြစ်စေတဲ့ အတွေးအခေါ်တွေကိုပါ ဖြေရှင်း ဖယ်ရှားပစ်ရမယ်”
စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုအပေါ် Sister to Sisters ပရိုဂရမ် ဒါရိုက်တာ သဉ္ဇာရွှန်းလဲ့ရည်နှင့် တွေ့ဆုံမေးမြန်းခြင်း။
ဇွန် (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများနှင့် ကျား/မကဏ္ဍနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ လူနည်းစုများ(WGSM) အပေါ် စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ပစ်မှတ်ထား...
ဇွန် (၁၄) ရက်၊၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သော "ကော်သူးလေ ကရင်ပြည်" တည်ထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းသည်။
ယနေ့ ဇွန်လ (၁၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကော်သူးလေနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရ "ကော်သူးလေ" ပေါ်ထွန်းလာစေရန်အတွက် ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲနေသော နိုင်ငံရေးခြေအနေများကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ကေအဲန်ယူ ဥက္ကဌက ထောက်ပြထားသည်။
ကရင်လူမျိုးများအပါအဝင် ပြည်သူလူထု...
ဇွန် (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးပြီး ရွာအတွင်း တပ်စွဲအထိုင်ချထားသောကြောင့် ဒေသခံများနေရပ်မပြန်နိုင်ကြကြောင်း သိရသည်။
စစ်ပြဲကျေးရွာမှအစပြုပြီး လောင်းလုံးအောက်ဘက်ကျေးရွာများသို့ မေလ(၂၂)ရက်ကတည်းက စစ်ကြောင်းထိုးခဲ့သောစစ်အုပ်စုသည် လက်ရှိအချိန်ထိ စစ်ပြဲနှင့်ညင်းမော်ရွာတွင် တပ်အထိုင်ချနေခြင်းကြောင့် ရွာခံများနေအိမ်မပြန်ရဲကြခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံများကပြောသည်။
“အဲဒီအဖွဲ့ကကြားထဲမှာ မြို့ပေါ်ပြန်တက်လိုက်သေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်မှာပြန်ဆင်းလာပြီး ညင်းမော်နဲ့စစ်ပြဲမှာ ယာယီတပ်စွဲထားပြီး သွားလာနေတာ။ မြို့နဲ့အဲဒီရွာတွေက သိပ်မဝေးဘူးလေ အဲဒါကြောင့် သူတို့ကြိုက်သလိုသွားနေတာ။ ဒေသခံတွေကတော့ စစ်ရှောင်နေရတုန်းပဲ” ဟု လောင်းလုံးမြို့နယ်...
ဇွန် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာ့ဖလား(FIFA World Cup 2026) ပွဲစဥ်များ တရားဝင်ထုတ်လွှင့်ခွင့်ရသည့် Mytel TV360 စာမျက်နှာကို Meta က ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဖယ်ရှားလိုက်ကြောင်း Justice for Myanmar-JFM ၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ သိရသည်။
FIFA က Mytel ကို မီဒီယာအခွင့်အရေးပေးခဲ့သည့်လုပ်ရပ်အပေါ် ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင် JFM က ဖေ့ဘွတ်ခ်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထို့နောက်...
ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် သမ္မတဟောင်း ယွန်းဆွတ်ယို (Yoon Suk Yeol) ကို ဆိုးလ်ဗဟို တရားရုံးက ယနေ့တွင် နောက်ထပ် ထောင်ဒဏ် ၃၀ နှစ် ထပ်မံချမှတ်လိုက်သည်။
ယခုတစ်ကြိမ် တရားရုံး၏ အမိန့်သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ရန် အကြောင်းပြချက်ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံဘက်သို့ စစ်ရေးသုံးဒရုန်းများ ပျံသန်းစေခဲ့သည့် ကိစ္စနှင့် ဆက်စပ်၍...
ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကံတော်ကုန်သွားပြီဖြစ်သော ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး ပါချရာကီတီးယာဖာ (Princess Bajrakitiyabha) ၏ တစ်သက်တာလုံး ပြည်သူလူထု သာယာဝပြောရေးအတွက် ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမွေအနှစ်များကို အထူးဂုဏ်ပြုဦးညွတ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယနေ့ (ဇွန်လ ၁၂ ရက်) တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
သမီးတော်ကြီး၏ ကံတော်ကုန်ဆုံးမှုအတွက် UNHCR အနေဖြင့် ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ (UN)...















