ဩဂုတ်လ ၂၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) နအဖဒီ ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့၏ ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်အတွင်း ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေးကရင်ဒုက္ခသည်များကို မယ်လဒုက္ခသည်စခန်းသို့ ပို့‌ဆောင်ရန် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များက စီစဉ်‌နေသည်ဟု လယ်‌ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဌ ‌စောတာစူးညါးက ယ‌နေ့‌ပြောသည်။ ၎င်း “ဒီမှာ‌နေတာ ‌သောင်ရင်းမြစ်နဲ့အရမ်းနီးတဲ့အတွက် လုံခြုံမှုမရှိဘူး‌လေ။ ထိုင်းကလည်း လုံခြုံ‌ရေး ပြည့်ပြည့်ဝဝ မ‌ပေးနိုင်ဘူး။ ဒုက္ခသည်စခန်းအသစ်တခု ထပ်ဖွင့်ဖို့လည်း သူတို့(ထိုင်းအာဏာပိုင်) မလိုလား‌တော့ဘူး‌လေ။ အဲဒါ‌ကြောင့် မယ်လစခန်းထဲကို ပို့ဖို့စီစဉ်တာပါ။ တဖက်ကို ကြည့်လိုက်‌တော့လည်း တမျိုး‌တော့ ‌ကောင်းတယ်။...
ဩတ်ဂုတ်လ ၂၂ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနထံမှ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှုကို လက်မခံသည့် ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာမှ တုန့်ပြန်‌ဖြေကြားခြင်းမရှိ‌သေး‌ကြောင်း ဖားပြ‌ကျေး ရွာရှိ သိပ္ပံ‌ကျောင်းတိုက် ဆရာ‌တော်က မိန့်ကြားသည်။ ဆရာ‌တော် ဦးပညာစာရက “အခုအချိန်‌တော့ နားစွင့်‌နေတုန်းပဲ၊ အဲဒီကိစ္စဟာ အထက် က‌နေ လာတာမဟုတ်ဘူး။ ‌အောက်‌ခြေတပ်ရင်းက စု‌ဆောင်းတာဖြစ်တယ်ထင်တယ်”ဟု မိန့်ကြားသည်။ အလားတူ ‌ဒေသခံတဦးကလည်း “အဲဒီစာကို ဖားပြဂွင်က သံဃာ့သမဂ္ဂအသင်းက‌နေ လက်မှတ်ထိုးပြီး‌တော့ ဒီ‌ကေဘီ‌အေက စစ်သားသစ်ထပ်မံ‌ကောက်ခံတာကို ကန့်ကွက်နှိုး ‌ဆော်တဲ့စာတ‌စောင် ဆရာ‌တော် ဦးသုဇနဆီကို ပို့လိုက်တယ်။...
ဩဂုတ်လ ၂၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ‌တောင်ငူ‌ဒေသတွင် ယခုနှစ်မိုးရာသီအတွင်း မိုးပြင်းထန်စွာရွာသွန်း‌သော‌ကြောင့် ‌ရေကြီးမှုဖြစ်ပွားကာ ‌ဒေသတွင်းရှိ လယ်ယာ ဧက‌ပေါင်း (၁,၀၀၀)‌ကျော်ခန့် ‌ရေလွမ်းမိုးမှုခံရပြီး စိုက်ပျိုးထားသည့်စပါးပင်များ ‌သေ‌ကြေပျက်ဆီးသွားသည့်အတွက် လယ်သမားများ အခက်‌တွေ့ ရသည်ဟု သိရသည်။ လွန်ခဲ့သည် ဩဂုတ်လဆန်းပိုင်းက မိုးတအားသွန်းသည့်အတွက် ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အ တွင်းရှိ စစ်‌တောင်းမြစ် ‌ရေလျှံတက်မှုနှင့် ပသိ‌ချောင်းတွင်ရှိ ပသိဆည် ‌ရေလွတ်ချမှု‌ကြောင့် ‌ရေးကြီးမှုဖြစ်ပွားခဲ့ကာ ထို‌ဒေသရှိ လယ်ယာအ‌မြောက်အများ ‌ရေ‌အောက်သို့ တပတ်ခန့်ကြာ ‌ရောက်ရှိခဲ့သည့်အတွက် စပါးပင်များ ‌သေ‌ကြေပျက်ဆီးရခြင်းဖြစ်သည် ဟု ‌တောင်ငူ‌ဒေသခံများက...
ဩဂုတ်လ ၂ဝရက်။ နန်းထူးစံ(‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ‌ရောက်ရှိကာ အိမ်‌ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်‌သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်‌သေးဘဲ ဖြစ်‌နေပြီး အိမ်တွင် မိသားစုများနှင့် ‌အေး‌အေး‌ဆေး‌ဆေး ပြန်‌နေချင်ပြီဟု ဆိုသည့် ‌ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။ သူမက “ထိုင်းနိုင်ငံမှာ ‌ရောက်လာတာ (၄)နှစ်ရှိသွားပြီ၊ သူ‌ဌေးအိမ်မှာ သန့်ရှင်း‌ရေး၊ ထမင်းချက် လုပ်ရတာ ဝပြီ၊ တလမှာ ဘတ်(၆,၀၀၀) ရ‌ပေမဲ့ အိမ်ကိုပို့လိုက်၊ စားလိုက်နဲ့ ဒီလိုပဲ သံသရာလည်‌နေ‌တော့ အိမ်ကို ဘယ်‌တော့ ပြန်ဖြစ်မလဲဆိုတာ...
ဩဂုတ်လ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အဂင်္လိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု ဩဂုတ်လအထိ များပြားလာသည်ဟု သိရသည်။ တတိယနိုင်ငံ ‌လျှောက်ထားသူများသည် ၎င်းတို့ သွား‌ရောက်အ‌ခြေချမည့် နိုင်ငံတွင် အဂင်္လိပ်စကားသာ‌ပြောကြ‌သော‌ကြောင့် အလုပ် ရရှိ‌ရေးအတွက်ဖြစ်‌စေ၊ ပညာ‌ရေးအတွက်ဖြစ်‌စေ လိုအပ်သည့်အ‌ပေါ် ယခုလို သင်တန်းများပြားလာခြင်းဖြစ်သည်ဟု မယ်လ အူးစခန်းမှ ‌ရောင်နီဦး‌ကျောင်းအုပ်ဖြစ်သူ ဦးလှ‌ဌေးက ‌ကေအိုင်စီကို ‌ပြောသည်။ “တတိယနိုင်ငံ အ‌ခြေချနိုင်‌နေထိုင်‌ရေးအစီအစဉ် မရှိစဉ်တုန်းကဆိုရင်...
ဩဂုတ်လ ၁၇။ ‌စောအယ်‌ကော်(‌ကေအိုင်စီ) ဩစ‌တြေးလျား‌ရေဒီယိုတခုဖြစ်သည့် (ABC) အာရှနှင့် ပစိဖိတ်အစီအစဉ်မှ မြန်မာပြည် အတွက် အသံလွင့်အစီ အစဉ်တခု အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး မြန်မာဘာသာအထူးအစီအစဉ်တရပ်လည်း ပါဝင် မည်ဟု သိရသည်။ မြန်မာပြည်တွင် နာဂစ်ဆိုင်ကလုန်း‌ကြောင့် ထိခိုက်ပျက်စီးခဲ့မှု မကြာမှီက စီရင်ချက်ထပ်မံ ကျခံရသည့် အမျိုးသား ဒီမို က‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ခြေအ‌နေနှင့် နီးကပ်လာ‌နေသည့် စစ်အုပ်စု၏‌ေ‌ရွေး‌ကောက်ပွဲ အ‌ခြေအ‌နေများအတွက် ‌ဒေသအတွင်း ဆက်သွယ်‌ရေးစနစ်တခုလိုအပ်‌နေသည်ကို မီး‌မောင်းထိုးပြလာသည့် အ‌ပေါ် အဆိုပါအစီ အစဉ်ကို စတင် ရခြင်းဖြစ်သည်ဟု ဩစ‌တြေးလျား‌ရေဒီယိုမှ အမှု‌ဆောင်တဦးဖြစ်သူ ဟန်ထရင်က...
ဩဂုတ်လ ၁၇။ နန်းထူးစံ (‌ကေအိုင်စီ) မကြာ‌သေးခင်က တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်‌ပြေး‌ရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အဖွဲ့မှ တာဝန်ရှိသူများက ပူး‌ပေါင်းစီစဉ်‌နေကြသည်ဟု သိရသည်။ ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သ‌ရေထာ့။ မဲ့သ‌ဝေါ်၊ အူသူးထာ့‌ဒေသများအတွင်း ‌ရောက်ရှိခိုလှုံ ‌နေထိုင်ကြသည့် ဒုက္ခသည်များကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နှင့် ဒီ‌ကေဘီ‌အေ တာဝန်ရှိသူတို့က ယမန်‌နေ့၌ သွား‌ရောက်‌တွေ့ဆုံခဲ့ကာ လာမည့် ဩဂုတ်လ...
ဩဂုတ်လ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ၃၃၃ တပ်မဟာ၊ လက်‌အောက်ခံ တပ်ရင်းမှ တပ်ခွဲမှူး ‌စော ‌ကျော်မင်း ဦး‌ဆောင်၍ သထုံခရိုင် ဘီလင်းမြို့နယ်အတွင်းရှိ ‌ကျေးရွာများ၌ ဩဂုတ်လ ဆန်းပိုင်းမှစ၍ တပ်ရိက္ခာအတွက် ဆန်‌ကောက်ခံ ‌နေသည်ဟု သိရသည်။ အဆိုပါဒီ‌ကေဘီ‌အေတပ်ဖွဲ့က ထို‌ဒေသရှိ ထီးဖာ့ဒို့ထာ့၊ ယိုကလား၊ ‌ကော့ဖိုးခို့၊ နို့ဘဲ့‌ဖော၊ ထီးဖာဒို့ခီး၊ ‌လေး‌ခေါက်ထိ၊ ‌ထော့က‌လော့ ထာ့၊ ‌ထော့က‌လော့ခီး၊ မဲ့‌ဘောခီး၊ ဝါ့ခယ်ထာ့၊ ကွီး‌လေး၊ က‌လောထာ့၊ ကဝါထာ့၊ ညာ့ဖိုးခီး၊...
ဩဂုတ်လ ၁၈ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ )တပ်မဟာ (၉၉၉) က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်‌ကောက်ခံရန်အတွက် ဂိတ်သစ်တခုထပ်ဖွင့်မည်ဟု သိရသည်။ ဒီ‌ကေဘီ‌အေ ထပ်ဖွင့်မည့်ဂိတ်သည် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲစရိ‌ကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာရှိပြီး ယခင်‌ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်နှင့် မနီးမ‌ဝေးတွင် တည်ရှိသည်။ အဆိုပါ ဂိတ်သည် အဓိကအားဖြင့် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်ပို့ကုန်ကူးမည့် နွား ‌မှောင်ခိုတို့အား အခွန်များ ‌ကောက်ခံရန်အတွက် စီစဉ်ဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း နယ်‌မြေခံ တဦးက...
ဩဂုတ်လ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းအတွင်း လွန်ခဲ့သည့်ရက်ပိုင်းက ထိုင်းအာဏာပိုင်များ၏ ‌ရှောင်တခင် ဝင်‌ရောက် စစ်‌ဆေးမှုအ‌ပေါ် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။ ထိုင်းစစ်တပ်၊ ထာ့ဟန်ဖန်းနှင့် ‌အော‌ဆော်အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၁ရက်‌နေ့တွင် နို့ဖိုးဒုက္ခသည်စခန်းနှင့် ယမန်‌နေ့တွင် မယ်လဒုက္ခသည်စခန်းများသို့ နံနက် ၅နာရီခန့်မှစ၍ ဝင်‌ရောက်စစ်‌ဆေးခဲ့ရာတွင် မိုးမလင်း၊ အိပ်ယာ မနိုး‌သေးသည့်အတွက် စခန်းသူစခန်းသားများ ‌ကြောက်လန့်တကြား ဖြစ်ခဲ့ကြရ‌ကြောင်း မယ်လစခန်းမှ အမျိုး သမီးတဦးက ယခုလို ‌ပြောသည်။ သူမက “မ‌နေ့က မနက်အ‌စောကြီးမှာ ဇုံ (၃)ဇုံစလုံးကို တပြိုင်နက်တည်း...