Home သတင်း ဒုက္ခသည်များ ‌နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းစီစဉ်

ဒုက္ခသည်များ ‌နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းစီစဉ်

2087
ဩဂုတ်လ ၁၇။ နန်းထူးစံ (‌ကေအိုင်စီ)

မကြာ‌သေးခင်က တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်‌ပြေး‌ရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အဖွဲ့မှ တာဝန်ရှိသူများက ပူး‌ပေါင်းစီစဉ်‌နေကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သ‌ရေထာ့။ မဲ့သ‌ဝေါ်၊ အူသူးထာ့‌ဒေသများအတွင်း ‌ရောက်ရှိခိုလှုံ ‌နေထိုင်ကြသည့် ဒုက္ခသည်များကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နှင့် ဒီ‌ကေဘီ‌အေ တာဝန်ရှိသူတို့က ယမန်‌နေ့၌ သွား‌ရောက်‌တွေ့ဆုံခဲ့ကာ လာမည့် ဩဂုတ်လ (၂၄)ရက်‌နေ့တွင် ဒုက္ခသည်များ ‌နေရပ်သို့ ပြန်‌နေထိုင်ရန် စီစဉ်‌ပေး မည်ဟု ‌ပြောဆိုသွား‌ကြောင်း ‌ဒေသခံများ၏ သတင်း‌ပေးချက်အရ သိရသည်။

“မ‌နေ့က ဒီ‌ကေဘီ‌အေနဲ့ ထိုင်းအာဏာပိုင်‌တွေက မဲ့သရီ၊ သ‌ရေထာ့မှာရှိတဲ့ ဒုက္ခသည်‌တွေကို သွား‌တွေ့တယ်၊ ကိုယ့်အိမ်ကိုယ့်ရွာ မှာ ပြန်‌နေထိုင်လို့ရပြီ။ တိုက်ပွဲ‌တွေ မရှိ‌တော့ဘူး၊ အဆင်သင့်လုပ်ထား လာမည့် (၂၄)ရက်‌နေ့ ကျရင် ပြန်ပို့မယ်လို့ ဒုက္ခသည်‌တွေကို အဲလိုမျိုး ‌ပြောတယ်”ဟု ထို‌ဒေသရှိ မဲ့အူဆူရွာသား ‌စောဆါ့ကလိုက ‌ကေအိုင်စီကို ‌ပြောဆိုသွားသည်။

သို့‌သော်လည်း အဆိုပါဒုက္ခသည်များကိစ္စကို ထိုင်းအာဏာပိုင်များနှင့် ပူး‌ပေါင်းစီစဉ်သူ ဒီ‌ကေဘီ‌အေ (၉၉၉) တပ်မဟာ၊ တပ်ရင်း(၅)မှူး ဒုဗိုလ်မှူးကြီး ‌စောဖိုးကလိ်က “မ‌နေ့က ကျ‌နော်တို့ သွား‌ရောက် ‌ဆွေး‌နွေးတာက အဲဒီရွာသား‌တွေကို အတင်းပြန်ခိုင်းတာ‌တော့ မဟုတ်ဘူး။ ရွာသူရွာသား‌တွေ ကိုယ့်အိမ် ကိုယ့်ခြံမှာ ပြန်လည် ‌နေထိုင်ပြီး‌တော့ ‌အေး‌အေး‌ဆေး‌ဆေး လုပ်ကိုင်စား‌သောက်လို့ရတယ်၊ သူတို့သ‌ဘော‌ပေါ့၊ ပြန်‌နေချင်တဲ့ ဆန္ဒရှိရင်‌တော့ ထိုင်းအာဏာပိုင်‌တွေက စီစဉ်‌ပေးမယ်။ အဲဒါကို ကျ‌နော်တို့ ‌ဆွေး‌နွေးပြတာ” ဟု ‌ကေအိုင်စီကို ‌ပြောဆိုသွားသည်။

ယင်းဒုက္ခသည်များ ပြန်လည်ပို့‌ဆောင်‌ရေးအစီအစဉ်ကို တိုင်ပင်‌ဆွေး‌နွေးရန် ဒီ‌ကေဘီ‌အေအဖွဲ့နှင့်ထိုင်းအာဏာပိုင် တို့က ဩဂုတ် လ (၁၄)ရက်‌နေ့၌့ မဲ့သရီတွင်တကြိမ်၊ (၁၅)ရက်‌နေ့၌် မဲ့သ‌ဝေါ်တွင်တကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ‌နောက် ထိုကဲ့သို့ ဒုက္ခသည်များကို တရားဝင်အသိ‌ပေးခြင်းဖြစ်သည်။

မယ်တရီ ယာယှီဒုက္ခသည်စခန်း (ဓါတ်ပုံ - ‌ကေအိုင်စီ)
မယ်တရီ ယာယှီဒုက္ခသည်စခန်း (ဓါတ်ပုံ - ‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေ တပ်မှူးတပ်ဗိုလ်များကိုယ်တိုင် ယာယီစခန်းအတွင်းသို့ ‌ရောက်ရှိလာပြီး ဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ်ကို ‌ပြောဆိုလာသည့်အ‌ပေါ် ယာယီစခန်းအတွင်းရှိ ဒုက္ခသည်များ ထိန့်လန့်‌နေကြသည်ဟု အဆိုပါ ဒုက္ခသည်များကို အနီးကပ် ကူညီ ‌စောင့်‌ရှောက်သူ ‌စောတာဆူးညားက ‌ကေအိုင်စီကို ယခုလို ‌ပြောပြသည်။

သူက “ဒီကိစ္စ‌ကြောင့် ဒုက္ခသည်‌တွေက သူတို့ အတင်းပြန်ပို့ခံရမှာကို ‌ကြောက်ကြတယ်။ မပြန်ရဲကြဘူး‌လေ။ မဲ့သရီမှာရှိတဲ့ ဒုက္ခသည်‌တွေက တချို့ဆို ‌တောထဲမှာ လိုက်ပုန်း‌နေကြတယ်။ တချို့ဆိုရင် ထိုင်းက သူတို့ကို တကယ်ပြန်ပို့ရင် ပုန်း‌အောင်း ‌နေထိုင်နိုင်ဖို့ ‌တောထဲမှာ ‌နေရာလိုက်ရှာ‌နေကြတာလည်း ရှိတယ်” ‌ပြောဆိုသွားသည်။

အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လိုင်းဘွဲမြို့နယ်အတွင်းရှိ ရွာသူးရွာသား များဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန်လအ‌စောပိုင်းမှ ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)၊ (၅၅၅)နှင့် (၃၃၃)တပ်ဖွဲ့တို့က ‌ဒေသတွင်းရှိ ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)ကို အပြင်းအထန် ထိုးစစ်ဆင် ခြင်း‌ကြောင့် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ် ရှိ မဲ့သရီ၊ သ‌လေထာ့၊ အူးသူးထာ့နှင့် နိုးဘိုး‌ဒေသတွင်းရှိ ယာယီ စခန်းတို့တွင် ‌ရောက်ရှိခိုလှုံခြင်းဖြစ်သည်။ ထိုစခန်းတို့တွင် လက်ရှိ ဒုက္ခသည် (၄၀၀၀)‌ကျော် ‌နေထိုင်လျှက်ရှိသည်။