Home သတင်း မြန်မာအသံလွင့်အစီအစဉ်တခု ဩစ‌တြေးလျား‌ရေဒီယိုမှ ထုတ်လွင့်မည်

မြန်မာအသံလွင့်အစီအစဉ်တခု ဩစ‌တြေးလျား‌ရေဒီယိုမှ ထုတ်လွင့်မည်

1939
ဩဂုတ်လ ၁၇။ ‌စောအယ်‌ကော်(‌ကေအိုင်စီ)

ဩစ‌တြေးလျား‌ရေဒီယိုတခုဖြစ်သည့် (ABC) အာရှနှင့် ပစိဖိတ်အစီအစဉ်မှ မြန်မာပြည် အတွက် အသံလွင့်အစီ အစဉ်တခု အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး မြန်မာဘာသာအထူးအစီအစဉ်တရပ်လည်း ပါဝင် မည်ဟု သိရသည်။

မြန်မာပြည်တွင် နာဂစ်ဆိုင်ကလုန်း‌ကြောင့် ထိခိုက်ပျက်စီးခဲ့မှု မကြာမှီက စီရင်ချက်ထပ်မံ ကျခံရသည့် အမျိုးသား ဒီမို က‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ခြေအ‌နေနှင့် နီးကပ်လာ‌နေသည့် စစ်အုပ်စု၏‌ေ‌ရွေး‌ကောက်ပွဲ အ‌ခြေအ‌နေများအတွက် ‌ဒေသအတွင်း ဆက်သွယ်‌ရေးစနစ်တခုလိုအပ်‌နေသည်ကို မီး‌မောင်းထိုးပြလာသည့် အ‌ပေါ် အဆိုပါအစီ အစဉ်ကို စတင် ရခြင်းဖြစ်သည်ဟု ဩစ‌တြေးလျား‌ရေဒီယိုမှ အမှု‌ဆောင်တဦးဖြစ်သူ ဟန်ထရင်က ‌ပြောသည်၊
“ကျ‌နော်တို့ အဂင်္လိပ်ဘာသာနဲ့ မြန်မာပိုင်းအစီအစဉ်ကို အရင်စတင်‌ပေးမယ်၊ အဲဒါပြီးတဲ့ ‌နောက်မှပဲ မြန်မာ ဘာသာနဲ့ အသံလွင့်မယ့်အစီအစဉ်ကို ဆက်လက်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လွန်ခဲ့သည့် ဩဂုတ် (၁၂) ရက် ဗုဒ္ဓဟူး‌နေ့က ထုတ်ပြန်သည့် ထုတ်ပြန်‌ကြေညာချက်တွင် ၎င်းက ထိုသို့‌ပြော ဆိုခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်စတင်ရခြင်းသည် မြန်မာပြည်အတွက် ဩစ‌တြေးလျားမှ ထုတ်လွင့်‌ပေး ‌နေသည့် ‌ရေဒီယိုအစီ အစဉ်များကို ပြန်လည်စတင်‌ပေးရန် မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်း‌ပေးသည့် အစီအစဉ်တရပ် လည်းဖြစ်သည်ဟု ဩစ‌တြေးလျားဝန်ကြီးချုပ် မစ်စတာ Kevin Ruud ‌ပြောဆိုသည်၊

ဩစ‌တြေးလျားအ‌နေဖြင့် မြန်မာပြည် ဒီမိုက‌ရေစီအ‌ပြောင်းအလဲမြင်‌တွေ့ရသည်အထိ ဘက်‌ပေါင်းစုံမှ ဖိအား‌ပေး ‌ဆောင် ရွက်သွားမည်ဟုလည်း မစ္စတာ Ruuda ‌ပြောဆိုသည်။

အဆိုပါအစီအစဉ် စတင်ရန်အတွက် ဩစ‌တြေးလျား ဖယ်ဒရယ်အစိုးရနှင့် ABC ‌ရေဒီယို်တို့ စတင်ခဲ့သည့် အစိတ် အပိုင်းတရပ်လည်း ဖြစ်သည်ဟု ABC အမှု‌ဆောင်တဦးကလည်း ‌ပြောဆိုသည်၊

ယခုလက်ရှိ (ABC) ‌ရေဒီယိုမှ အာရှနှင့် ပစိဖိတ်‌ဒေသအတွက် အသံလွင့်‌ပေး‌နေသည်မှာ နှစ်‌ပေါင်း (၇၀) နီးပါးခန့် ရှိပြီး ယခုအခါ ဘာသာစကား (၈) မျိုးဖြင့် ထုတ်လွင့်‌ပေးလျှက် ရှိသည်။