(လကင်္ာဒီပ) ရန်ညိုးအာဃာတ မာနဖွဲ့တည် ချည်‌နှောင်မှုမမြဲ ကွဲခဲ့ကမ္ဘာ သံသာ‌လေကမ်း လမ်းခွဲရှာသူ‌တွေ လူမျိုးမ‌ထောက် ရူးဘုံ‌မြောက်ကြသတဲ့ ကျည်းတန်တဲ့ဖြစ်ရပ်များ။ သမိုင်းမလှ မိုက်မဲ‌နေ ဂိုဏ်းဂဏတိုက်ပွဲ‌တွေနဲ့ ‌ပွေလီတဲ့ မီးပင်လယ် ‌သေပြီးဟဲ့ ခရီးစဉ်ကျယ်မှာ မျက်နှာမွဲ ရင်‌သွေးများအ‌ရေး ဟင်း.. စဉ်‌တွေးမထား‌ပေ‌ရော့လား။ ရွာစွန်‌မြေမနီး‌ဝေး တာဝန်‌တွေ မပြီး‌သေးခင်မှာ တခါတခါ ဟီးမြည်တတ် ဖားစည်ခတ်သံကြား ရှင်‌တော်ဘုရား‌ရေ... အရှင့်‌ခြေ‌တော်ရင်းထံ အ‌ရောက်ပြန်ခဲ့ချင်ပါ‌ပေါ့။ ။
စက်တင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ရပ်ကွက်(၈)၌ ယ‌နေ့နံနက် ၅နာရီ ဝန်းကျင်အချိန်တွင် ဓါးထိုးမှု တခုဖြစ်ပွားရာ တဦး‌သေဆုံးသွားသည်ဟု စခန်းလုံခြုံ‌ရေးမှူး မန်းထွန်း‌နောင်က ‌ကေအိုင်စီကို ‌ပြောသည်။ ဓါးဖြင့် အထိုးခံရသူ မွတ်ဆလင်မ် အမျိုးသား ဘချို ၂၃နှစ်သည် အခြားမွတ်ဆလင်မ် ညီအကိုသုံးဦးဖြစ်သူ ဂျင်မာ‌လေး၊ ဆိုး‌ပေ၊ ရဟာမက်တို့နှင့် ၎င်းရပ်ကွက်ရှိ နွားသတ်သည့်‌နေရာတွင် စကားများခဲ့ရာမှ စတင်ပြီး‌နောက် ထိုးကြိတ်ကြရာမှ ယခုလို ‌သေဆုံးရ ခြင်း ဖြစ်သည်။ ၎င်းတို့‌လေးဦးသည် စခန်းထဲတွင် အမဲသား‌ပေါင်‌ရောင်းပြီး...
စက်တင်ဘာလ ၉။ နန်းထူးစံ (‌ကေအိုင်စီ) မဲ‌ဆောက်မြို့ရှိ တရုတ်ဘုံ‌ကျောင်းတွင် ယ‌နေ့ ဆန်လှူပွဲကျင်းပခဲ့ရာ မဲ‌ဆောက်နှင့် မြဝတီမြို့မှ မြန်မာပြည်သား တစ်‌သောင်း‌ကျော် လာ‌ရောက်အလှူခံခဲ့သည်။ အဆိုပါ ဆန်လှူပွဲကို မဲ‌ဆောက်မြို့ရှိ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် စု‌ပေါင်းကုသိုလ်ပြု ဘုံ ‌ကျောင်း‌ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခြင်းဖြစ်ရာ လူမျိုးဘာသာမခွဲခြားဘဲ ‌ရောက်ရှိအလှူခံသည့် မြန်မာပြည်သားများကို ဆန်(၅)ကီလို၊ ငါး‌သေတ္တာ(၁)ဗူး၊ မာမား(၄)ထုတ်၊ ဆား(၁)ထုတ်ပါဝင်သည့် ရိက္ခာတထုပ်စီ ‌ပေးလှူသွားခြင်းဖြစ်သည်။ ယ‌နေ့ပြုလုပ်ကျင်းပသည့် ဆန်လှူပွဲတွင် မဲ‌ဆောက်မြို့ ပတ်ဝန်းကျင်တွင် ‌ရောက်ရှိအလုပ်လုပ်‌နေ‌သော မြန်မာပြည်သားများအပြင် မြဝတီမြို့ဘက်မှ မြန်မာပြည်သားများ အပါအဝင် စုစု‌ပေါင်း လူ...
စက်တင်ဘာ ၉ရက်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ဖာပွန်နှင့် ကမ‌မောင်းကားလမ်းကို စက်တင်ဘာလမှစ၍ ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူက ပိတ်ပင် လိုက်သည်ဟု ထို‌ဒေသတဝိုက်တွင် ‌နေထိုင်သူများက ‌ပြောသည်။ ထို‌ဒေသသည် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်း တည်ရှိပြီး ယင်းသို့ပိတ်ပင်ရခြင်းအ‌ပေါ် ‌ဒေသဆိုင်ရာ ‌ကေအဲန် အယ်လ်‌အေ တပ်မှူးတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။ “ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေက ကျ‌နော်တို့ တပ်မဟာ(၅)ကို ထိုးစစ်ဆင်‌တော့မယ်လို့ သတင်းရထားတဲ့အ‌ပေါ်မှာ စစ်ဆင် ‌ရေးအတွက် စစ်လက်နက်ပစ္စည်း‌တွေ၊ တပ်ရိက္ခာ‌တွေကို ဒီလမ်း‌ကြောင်းက‌နေပဲ သူတို့ သယ်‌ဆောင်ရမယ်။ ‌နောက်တခုက ဟတ်ကြီးဆည်နဲ့...
စက်တင်ဘာ ၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ ထိန်းချုပ်ထားရာ မဲ့ကသာဂွင်တွင် ဩဂုတ်လကုန်ပိုင်းမှစ၍ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက် ‌ဒေသတွင်းရှိ မူလတန်း‌ကျောင်းတလုံးနှင့် ‌ဆေး‌ပေးခန်းတလုံး ပိတ်လိုက်ရသည်ဟု ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။ ဩဂုတ်လ (၃၀)ရက်‌နေ့က ဗိုလ်မှူး‌စော‌နော်တယာ ဦးစီး‌သော ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ဖွဲ့နှင့် ဗိုလ်မှူးမြတ်ထွန်း‌အေး ဦး‌ဆောင်သည့် ‌ခြေ လျင်တပ်ရင်း-ခလရ (၂၈၃)တပ်ဖွဲ့ဝင်များက မဲ့ကသာ‌ကျေးရွာတွင် ဝင်‌ရောက်‌နေရာယူလာပြီး ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (‌ကေ အဲန်အယ်လ်‌အေ)နှင့် တိုက်ပွဲဖြစ်ပွားမည်ကို ‌ဒေသတွင်းရှိ ရွာသူရွာသားများက...
လကင်္ာဒီပ စစ်‌ပြေးဘဝများ လုံးပါးကြုံဆုံ လူ့ဂုဏ်သိက္ခာ ပြိုကာသုဉ်း မုန်းစစ်ပွဲကြား သနားညှာ‌တွေး မင့်ရင်‌သွေး‌ရေး‌တွေ ကျန်းမာ‌ရေး ပညာ‌ရေး အ‌ရေး‌တွေခမ်း လမ်း‌တွေမဲ့ ကမ်းမဲ့‌ဗေဒါ မ‌ရေရာမှုမျိုးနဲ့ ဖုန်းဆိုး‌ထောင်းထ ဘဝ‌မော‌တွေ ပျံသင်‌နေ‌လေဆဲ လမ်းအ‌ကွေ့မယ်။ ညစ်‌ထေးလှတကား တို့များဘဝ ဆင်းမလှ နွမ်းလျစွာတည် ရာသီစစ်‌ပြေးဖြစ် စစ်‌ဘေး၊ စစ်ဒဏ်၊ စစ်လက်သံ‌တွေ မတန်မရာ ယူကာခံရ ကံဆိုးမမျိုး ငြိုးခံရထင့် ကစဉ့်ကလျား ‌ပြေးလွှား‌ရှောင်ရင်း ဖားစည်သံဆိတ် ဒုံးသံတိတ်ခဲ့ အို .... ‌မြေကမ္ဘာ‌ရေ ‌တော‌တွေ ‌တောင်‌တွေ လျှို‌မြောင်‌တွေကြား ငြီးတွားငိုသံ နာကျည်းသံ‌တွေနဲ့ သံစဉ်‌တွေ‌ဝေမြဲ အလွမ်းအ‌တွေ့ဝယ်။ စစ်‌ခွေးဓားပြများ ညီသားပြည်သူ မည်သူမသိပါ သံဃာသင်းခွဲ စစ်ငရဲ စစ်သရဲ‌တွေ‌အောက် ဒူး‌ထောက်ခိုဝင် နင် .... ဘဝင်စွဲ၊ ထင်မြင်လွဲရင်း အချင်းချင်း စစ်တလင်းဆင်လာ ဓယာလည်းညက်‌စေ၊ ကြက်လည်း‌မော‌စေဓတဲ့ ‌နေဝင်‌စေမဲ့စကား သတိထားမိရင် နင် .... ချိန်မှီသာ ပြန်လာပါ‌တော့လား နှလုံးသားမှာ အပြုံးများစီ ညီ‌နောင်ချင်း‌တွေမို့ ‌စောင့်လို့‌နေချင်‌ပေ သံလွင်‌ရေ‌တွေလည်း မခမ်းသ‌ရွေ့ကွယ်။ စစ်အစိုးရ ‌ခေတ်အဆက်ဆက်...
စက်တင်ဘာ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအ‌ဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ဝက် သက်‌ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ဝက်သက်‌ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း ‌လျှော့ကျမှု မရှိ‌သေး‌ကြောင်း မယ်လဒုက္ခသည်စခန်းမှ ‌ဆေးရုံအုပ် ‌စော‌နေစဲန်က ‌ပြောသည်။ “ဇူလိုင်လအတွင်း ဝက်သက်နဲ့ပတ်သက်ပြီး‌တော့ ‌ဆေးရုံမှာ လူနာ ၁၄‌ယောက် ‌တွေ့ရတယ်။ ဩဂုတ်လ ပိုင်းမှာကျ ‌တော့ ၃၁‌ယောက် ထပ်တိုးလာတာကို ကျ‌နော်တို့...
စက်တင်ဘာ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ယခုလဆန်းပိုင်းအတွင်း ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို အတင်းဓါတ်ပုံရိုက်ခိုင်းပြီး စွမ်းအားရှင်အသင်းဝင်အဖြစ် စု‌ဆောင်းရန် မြို့နယ်မှူးဦးသန်းဝင်းက အမိန့်စာထုတ်ပြန်ထားသည်ဟု ‌တောင်ငူ‌ဒေသမှ လာသည့်သတင်းအရ သိရသည်။ သံ‌တောင်မြို့နယ်အတွင်းရှိ ‌ပြောင်တိုဂွင်နှင့် သံ‌တောင်မြို့သစ်‌ခေါ် (၁၃)မိုင် ကားလမ်း‌ဒေသအတွင်းရှိ ရွာသူရွာသားများကို စွမ်းအားရှင်အသင်း ဝင်ဖြစ်ရန်အတွက် ‌ဘောဂလိသို့ ဓါတ်ပုံသွားရိုက်ရန် မြို့နယ်မှူးသန်းဝင်းက သက်ဆိုင်ရာ‌ဒေသခံ အာဏာပိုင်ထံကို ဩဂုတ်လ (၃၁)ရက်‌နေ့က စာဖြင့် အ‌ကြောင်းကြားခဲ့သည်ဟု ‌တောင်ငူ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။ “အဲဒီမှာရှိတဲ့ ရွာသူရွာသား‌တွေကို ‌ဘောဂလိကြီးမှာ ဓါတ်ပုံ‌တွေ သွားရိုက်ဖို့...
စက်တင်ဘာလ ၄ရက်။ (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ရဲမင်းကြီး ဦးခင်‌မောင်လွင်သည် လိုင်စင်မဲ့ကား၊ ဥပ‌ဒေ မဲ့ကားများကို အခွန်လွတ်စနစ်ဖြင့် ကုန်ကူး‌နေသည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းများက ‌ပြောသည်။ လိုင်စင်မဲ့ကားများ၊ ဥပ‌ဒေမဲ့ကားများကို ကုန်ကူးမှုများ လုပ်‌ဆောင်ရာတွင် ရဲမင်းကြီးကိုယ်တိုင် လုပ်‌ဆောင်ခြင်း မဟုတ်ဘဲ ၎င်း၏သားနှင့် မိတ်‌ဆွေအသိုင်းဝိုင်းများက တဆင့်ခံ လုပ်‌ဆောင်ခိုင်း‌နေခြင်းဖြစ်သည်ဟု သိရသည်။ “သူ့နာမည်နဲ့ ထိုင်းဘက်က ဝင်လာတဲ့ မာစီးဒီးကား‌တွေ၊ ပြီး‌တော့ ပါဂျဲရိုး စတဲ့ ဂျပန်ကား‌တွေကို ကျ‌နော်တို့ ဒီ‌ကေ ဘီ‌အေ ဂိတ်က‌နေပြီး‌တော့ သွင်း‌နေတယ်။ သူ့နာမည်နဲ့ပဲ...
ဘ ဝအ‌မှောင် ဦး ‌ဆောင်ဖြိုခွင်း ကြီး ‌သောလင်း‌စေ မူ ‌ခြွေရဲရင့် ‌လေး ဆင့်တရား ချက် လက်ထားရစ် ဆုတ် မနစ်ဇွဲ ကိုင် နိုင်စွဲထိ မြဲ သည့်သည်းမာ‌ခေါင်း‌ဆောင်များ။ အာ မဖွဲ ့ခဲ့ ဇာ မချဲ ့ခဲ့ နည် (နီ)တဲ့‌သွေး‌ဟေ့ ‌နေ ့ ‌နေ ့ညည မ ဆုတ်မနစ် ‌မေ့ ပြစ်မထား သင့် သား‌မြေး‌ရေး ‌ပေ ‌ရေဘဝများ‌ဆေး‌ကြောသူ။ ‌ကောင်း မြတ်စိတ်စဉ် ရာ ဇဝင်မယ် သု ဓ‌လေ့ရယ်တဲ့ ဂ နိုင်နဲ့ မြိုင်ဝှမ်း တိ ပစွမ်းကား လား ရာ‌မျှော်‌တွေး ပါ ဝင်‌ရေး‌ဆောင်‌လေ့ ‌စေ ရာ‌ရှေ ့တန်း‌ခေါင်း‌ဆောင်များသို ့ဦးညွှတ်ရင်း။ ။ လကင်္ာဒီပ ဩဂုတ်လ...