Home သတင်း ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည်

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည်

1745
ဩဂုတ်လ ၁၈ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ )တပ်မဟာ (၉၉၉) က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်‌ကောက်ခံရန်အတွက် ဂိတ်သစ်တခုထပ်ဖွင့်မည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေ ထပ်ဖွင့်မည့်ဂိတ်သည် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲစရိ‌ကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာရှိပြီး ယခင်‌ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်နှင့် မနီးမ‌ဝေးတွင် တည်ရှိသည်။

အဆိုပါ ဂိတ်သည် အဓိကအားဖြင့် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်ပို့ကုန်ကူးမည့် နွား ‌မှောင်ခိုတို့အား အခွန်များ ‌ကောက်ခံရန်အတွက် စီစဉ်ဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း နယ်‌မြေခံ တဦးက ‌ပြောသည်။

“သူတို့ (ဒီ‌ကေဘီအ (၉၉၉) တပ်မဟာ) ဒီဂိတ်ကို ဖွင့်မယ့်ရည်ရွယ်ချက်က မြန်မာပြည်က ‌နေပြီး‌တော့ ထိုင်းဘက်ကိုပို့မယ့် နွား‌မှောင်ခို‌တွေကို အဓိကထားပြီး အခွန်‌ကောက်ခံဖို့ ဖြစ်တယ်။ ‌နောက်တခုက ပြည်သူ‌တွေ သွားလာလို့ရှိရင် စစ်‌ဆေးမှု‌တွေ လုပ်ဖို့အတွက် ဖြစ်တယ်“ဟု ‌ပြောသည်။

ဂိတ်ကို ဘယ်‌နေ့ဘယ်ရက်တွင် ဖွင့်လှစ်မည်ကို အတိအကျမသိရ‌သေး‌သော်လည်း ဒီ‌ကေ ဘီ‌အေ တပ်မဟာ (၉၉၉)မှ တပ်ရင်း(၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဖိုးကလိက ဦး‌ဆောင်ဖွင့်လှစ်မည်ဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ဂိတ်ဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)မှ တပ်ရင်း (၅)တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဖိုးကလိက ယခုလို ‌ကေအိုင်စီကို ‌ပြောသည်။

“ကျ‌နော်တို့ အစီအစဉ်‌တော့ ရှိတယ်‌ပေါ့‌နော်။ မိုးတွင်းကာလဖြစ်‌တော့ ဘာမှလုပ်လို့မ ရ‌သေးဘူး။ ဒီကိစ္စဟာ သွား‌ရေးလာ‌ရေးအဆင်‌ပြေ‌အောင် လမ်း‌လေးပါ‌လေး‌ဖေါက်‌ပေးတဲ့ အ‌နေနဲ့ လုပ်‌ပေးဖို့ပါ“ ဟု ‌ပြောသည်။

တပ်မဟာ (၉၉၉)လက်‌အောက်ခံ တပ်ရင်း (၅)သည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ‌ကေအဲန်ယူ (၇)နယ်‌မြေကို ထိုးစစ်ဆင်သည့် ကာလအတွင်းမှာ ပါဝင်သည့် တပ်ရင်း တရင်းဖြစ်သည်။ လက်ရှိအချိန်တွင် တပ်မဟာ (၇)နယ်‌မြေ ‌သောင်ရင်းမြစ်ကမ်းတ ‌လျှောက်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)လက်‌အောက်ခံတပ်ရင်း (၄)ရင်းနှင့် တပ်မ ဟာ (၅)မှ (၉၀၆)တပ်ရင်း (၁)ရင်း ‌နေရာယူထားသည်။