Home သတင်း စစ်‌ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့‌ဆောင်ရန် စီစဉ်

စစ်‌ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့‌ဆောင်ရန် စီစဉ်

1745
ဩဂုတ်လ ၂၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

နအဖဒီ ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့၏ ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်အတွင်း ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေးကရင်ဒုက္ခသည်များကို မယ်လဒုက္ခသည်စခန်းသို့ ပို့‌ဆောင်ရန် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များက စီစဉ်‌နေသည်ဟု လယ်‌ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဌ ‌စောတာစူးညါးက ယ‌နေ့‌ပြောသည်။

၎င်း “ဒီမှာ‌နေတာ ‌သောင်ရင်းမြစ်နဲ့အရမ်းနီးတဲ့အတွက် လုံခြုံမှုမရှိဘူး‌လေ။ ထိုင်းကလည်း လုံခြုံ‌ရေး ပြည့်ပြည့်ဝဝ မ‌ပေးနိုင်ဘူး။ ဒုက္ခသည်စခန်းအသစ်တခု ထပ်ဖွင့်ဖို့လည်း သူတို့(ထိုင်းအာဏာပိုင်) မလိုလား‌တော့ဘူး‌လေ။ အဲဒါ‌ကြောင့် မယ်လစခန်းထဲကို ပို့ဖို့စီစဉ်တာပါ။ တဖက်ကို ကြည့်လိုက်‌တော့လည်း တမျိုး‌တော့ ‌ကောင်းတယ်။ မယ်လစခန်းထဲမှာ သွား‌နေလို့ရှိရင် လုံခြုံ‌ရေးအတွက် နည်းနည်း အဆင်‌ပြေမယ်လို့ ထင်တယ်”ဟု ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည်များ၏ သ‌ဘောဆန္ဒကို ‌မေးမြန်းပြီးမှ ယခုလို စီစဉ်ခြင်းဖြစ်‌ကြောင်း ဒုက္ခသည်များကလည်း အကုန်လုံးသွား‌နေချင်စိတ်ရှိ‌ကြောင်း ‌စောတာစူးညါးက‌ပြောသည်။

“သူတို့‌တွေကလည်း မယ်လစခန်းကို သွား‌နေဖို့အတွက် ‌တော်‌တော်စိတ်အားထက်သန်ကြတယ်။ ဘာဖြစ်လို့လဲ ဆို‌တော့ ဒီမှာ‌နေလို့ရှိရင် နအဖနဲ့ ဒီ‌ကေဘီ‌အေစစ်တပ်‌တွေနဲ့နီး‌တော့ သူတို့အတွက် မလုံခြုံဘူးဆိုတာ သူတို့သိ တယ်။ အဲဒါ‌ကြောင့် မယ်လကို သွား‌နေလို့ရှိရင်အ‌ကောင်းဆုံးပဲ ဆိုတာ သူတို့သိတယ်” သူက ဆက်‌ပြောသည်။

နိုဘိုးယာယီဒုက္ခသည်စခန်းမှာ ‌နေထိုင်သည့် ‌စောဖါတလဲထီးက “ မယ်လစခန်းမှာ ပို့လို့ရှိရင် ‌ကောင်းတယ်။ ဒီက ထိုင်းအာဏာပိုင်‌တွေကလည်း တအားရှုတ်တယ်။ ဟိုးဘက်ကမ်းကို ပြန်လို့မရဲဘူး။ ရွာမှာဆို ဒီ‌ကေဘီ‌အေ ကလည်း စစ်သား‌ကောက်တယ်။ ဘယ်ပြန်‌နေလို့ရဲမလဲ။ မယ်လစခန်းမှာပဲ သွား‌နေရင် ‌ကောင်းတယ်” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အကယ်၍ မယ်လစခန်းကို ‌ပြောင်းဖြစ်ပါက စားနပ်ရိက္ခအတွက်ကို ထိုင်း-မြန်မာနယ်စပ် ကူညီ‌စောင့်‌ရေး ညွန်‌ပေါင်းအသင်း(တီဘီဘီစီ)နှင့် ကရင်ဒုက္ခသည်များ‌ကော်မတီ (‌ကေအာရ်စီ)တို့က စီစဉ်‌ထောက် ပံ့‌ပေး မည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ နိုဘိုး ယာယီဒုက္ခသည်စခန်းရှိ စစ်‌ပြေးဒုက္ခသည်များ(ဓါတ်ပုံ-‌ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ နိုဘိုး ယာယီဒုက္ခသည်စခန်းရှိ စစ်‌ပြေးဒုက္ခသည်များ(ဓါတ်ပုံ-‌ကေအိုင်စီ)

ပြီးခဲ့သည့် ရက်အနည်းငယ်က သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များသည် မယ်လစခန်းက တာဝန်ရှိသူများနှင့် ယင်းဒုက္ခသည်များကို မယ်လစခန်းတွင် ‌နေရာချ‌ပေး‌ရေးနှင့်ပတ်သက်ပြီး လာ‌ရောက်‌ဆွေး‌နွေးသွား‌ကြောင်း မယ်လဒုက္ခသည်စခန်း ဒုဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

သူက“ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက သက်ဆိုင်ရာ ထိုင်းမြို့နယ်အာဏာပိုင်‌တွေကု ကျ‌နော်တို့ကို လာ‌တွေ့ခဲ့ တယ်။ သူတို့လာတဲ့ကိစ္စက‌တော့ တကယ်လို့ မယ်လစခန်းကို ‌ပြောင်းမယ်ဆိုရင် မယ်လစခန်းအ‌နေနဲ့ လက်ခံနိုင်၊ မလက်ခံနိုင်၊ လက်ခံနိုင်မယ်ဆိုရင်လည်း ဘယ်လိုအ‌နေအထားလက်ခံနိုင်မယ်ဆိုတဲ့အ‌ကြောင်း သူတို့လာပြီး‌တော့ ‌ဆွေး‌နွေးသွားတယ်။ ဒုက္ခသည်‌တွေက အဲဒီမှာ‌နေထိုင်ဖို့ကလည်း မလွယ်ဘူး၊ ‌နေရပ်ကို ပြန်‌နေဖို့်လည်း မလွယ် ဘူး။ လုံခြုံ‌ရေးအရလည်း စိတ်ချမှုမရှိဘူး။ အဲဒါ‌ကြောင့် ‌ပြောင်းလာမယ်ဆိုရင်လည်း ကျ‌နော်တို့အ‌နေနဲ့ လက်ခံဖို့အတွက် ပြင်ဆင်ထားတာက‌တော့ ရှိတယ်” ဟု‌ပြောသည်။

မယ်လစခန်း တာဝန်ရှိသူများအ‌နေဖြင့် အဆိုပါ စစ်‌ပြေးဒုက္ခသည်များကို ‌နေရာချ‌ပေးနိုင်ရန်အတွက် ကြိုတင် ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်‌နေပြီဟု ‌စောထွန်းထွန်းက ဆက်‌ပြောသည်။

ထိုဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွာသူရွာ သားများဖြစ် ကြပြီး လွန်ခဲ့သည့် ဇွန်လဆန်းပိုင်း နအဖနှင့်ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့က ‌ကေအဲန် ယူတပ်မဟာ (၇)နယ်‌မြေ ကို အပြင်းအထန် ထိုးစစ်ဆင်ခြင်း‌ကြောင့် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သ‌လေထာ့၊ အူးသူးထာ့နှင့် နိုဘိုးအတွင်းရှိ ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံခြင်းဖြစ်သည်။ လက်ရှိတွင် ဒုက္ခသည်‌ပေါင်း (၄,၀၀၀)‌ကျော် ရှိသည်။