စက်တင်ဘာလ ၂၁ ရက်။ ကေအိုင်စီ
ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် သံဃာတော်များ ဦးဆောင်သော လူဦးရေ ၁၀၀ကျော်သည် ထိုင်းနိုင် ငံ၊ မဲဆောက်မြို့ အဝေးပြေးလမ်းမကြီးမှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ရည်ရွယ်၍ ဂျာမဏီနိုင်ငံမှ အရှင်ဦးသောဘာဂနှင့် ထိုင်းနိုင်ငံ၊ သံဃာ့ဥ သျှောင်အတွင်းရေးမှူး အရှင်ဣဿရိယ အပါအဝင် သံဃာတော် ၁၅ပါး၊ မဲဆောက်ဒေသရှိ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ နိုင်ငံခြားသားအချို့နှင့် ထိုင်းနိုင်ငံသားများက ဘာသာပေါင်းစုံ ဆုတောင်းဝတ်ပြုပွဲ ပြုလုပ်ပြီး နံနက် ၉နာရီခွဲမှစ၍ ယခုလို လမ်းလျှောက်ချီတက်ကြခြင်းဖြစ်သည်။
အရှင်ဦးသောဘာဂက...
စက်တင်ဘာ ၂ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကေအဲန်ယူ ထိန်းချုပ်ရာဒေသဖြစ်သည့် ဖာပွန်ခရိုင် လူသောမြို့နယ်တွင် ယခုလ(၁၁)ရက်နေ့မှစ၍ တုပ်ကွေးရောဂါ အမျိုးအစားဟု ထင်မှတ်ရ သည့် ကူးစက်ရောဂါတခုဖြစ်ပွားရာ ဆယ်ရက်အတွင်း ထိုဒေသရှိ ရွာသူရွာသား ၃၀၀ကျော် ကူးစက်ခံရသည်ဟု သိရသည်။
“လွန်ခဲ့တဲ့အပတ်က စဖြစ်တာ ဆယ်ရက်အတွင်းမှာ လူ ၃၀၀ကျော်လောက် ကူးစက်သွားတယ်။ ကူးစက်မှုနှုန်းက အရမ်းမြန်တယ်။ ရောဂါကူး စက်တဲ့ လူနာ ၆ဝကို ကျနော်တို့ သွေးစစ်ကြည့်ပါတယ်။ ငှက်ဖျားရောဂါများလားပေါ့။ ဒါပေမယ့် ငှက်ဖျားရောဂါပိုးတွေ့တာ တယောက်ပဲ။ ကျန်တဲ့ ၅၉ယောက်က ဘာလက္ခဏာမှ...
စက်တင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
စစ်အစိုးရသည် ယမန်နေ့က အကျဉ်းသား ၇၁၁၄ဦးကို ပြန်လွှတ်ပေးလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့သော် လည်း ၎င်းမှာ စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေ အေပီပီ)က ထုတ်ဖော်ပြောဆိုုလိုက်သည်။
"စစ်အစိုးရ လွှတ်ပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်တယ်လို့ ပြောတယ်။ သေချာစစ်ကြည့် လိုက်တော့ နိုင်ငံရေး အကျဉ်းသား ၇၁ယောက်ပဲ။ အဲဒီထဲမှာ တဝက်လောက်က လွှတ်ရက်နီးတဲ့သူတွေပါတာကို တွေ့ရတယ်။ နောက် တကယ်အ ရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ၈၈ကျောင်းသားခေါင်းဆောင်လိုလူတွေ မပါဘူး။...
စက်တင်ဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဆယ်ကျော်သက် ကရင်ကျောင်းသားလူငယ်များအတွက် ကရင်တူရိယာအတီးအမှုတ်၊ ဒုံးအကနှင့် ပတ်သက်သည့် ရက်ရှည်သင်တန်း တခုကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် အုန်းဖျန်ဒုက္ခသည်စခန်းရှိ အထက်တန်းကျောင်းများ၌ သင်ကြားပေးသွားမည်ဟု သိရသည်။
ကျောင်းသားလူငယ်များ ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို မမေ့မပျောက်စေရန် ရည်စူး၍ အဆိုပါသင်တန်းကို အထက်တန်းကျောင်းနှစ် ကျောင်းတွင် တရက်လျှင် ၂နာရီကြာ သင်ကြားပို့ချသွားရန်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် စာကြည့်တိုက် ဖွင့်လှစ်ထားသည့် ဂျပန်အဲန်ဂျီအိုအဖွဲ့ (Shanti Volunteer Association-SVA) နှင့် စခန်းကော်မတီဝင်များက စက်တင်ဘာလ (၉)ရက်နေ့၌ အစည်းအဝေးပြုလုပ်ကာ...
စက်တင်ဘာလ ၁၇။ နန်းထူးစံ(ကေအိုင်စီ)
ကရင်ပြည်နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် မဲ့ကသာဂွင်တွင် ဝင်ရောက် လှုပ်ရှားသည့် နအဖ တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့က ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ အထိတ်တလန့်ဖြစ်နေကြသည်ဟု သိရသည်။
နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၅၆)မှ တပ်ခွဲ(၄)နှင့် ဒီကေဘီအေ (၉၀၅)တပ်ရင်းမှ ဗိုလ်ကြီးအေဝမ်း ဦးစီးသည့် တပ်ခွဲ(၅)အဖွဲ့တို့က ၎င်းတို့ ဝင် ရောက်လှုပ်ရှားရာ မဲ့ကသာဂွင် သဘာဝကျေးရွာအတွင်း ယမန်နေ့က M-79 လက်နက်ကြီး ၃လုံးနှင့် လက်နက်ငယ် အချက်(၃၀)ခန့်...
စက်တင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ဘူးသိုနှင့် လူသောမြို့နယ်အတွင်းရှိ ကရင်လူထု ၇,၀၀၀ကျော်သည် ၂၀၀၉ခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
အဆိုပါ ကရင်လူထုများသည် ၎င်းတို့အခြေချရာ နေရပ်ရင်းများ၌ စစ်အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကြောင့် နီးစပ်ရာ တောတွင်းသို့ မကြာခဏ ပုန်းရှောင်ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ နေရာအတည်တကျ မရှိဘဲ မိသားစုဝမ်းစာ တောင်ယာစပါးများနှင့် ကောက်ပဲသီးနှံများ မစိုက်ပျိုးနိုင်ခြင်းအပြင် စိုက်ခင်းတွင် ပိုးကျခြင်းများကြောင့် ယခုလို ရိက္ခာပြတ်လပ်မှု ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ် သည်။
“စားနပ်ရိက္ခာ...
စက်တင်ဘာ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ဗဟိုအဆင့် ပြုလုပ်ခဲ့သည့် ဗိုလ်လောင်းသင်တန်းဆင်းပွဲ ကို စက်တင်ဘာလ ၁၁ရက်နေ့က တပ်မဟာ (၅)နယ်မြေတွင် ကျင်းပပြီးစီးခဲ့သည်။
ယခု ဗိုလ်လောင်းသင်တန်းသည် အမှတ်စဉ်(၄) စောဘဦးကြီးတပ်ခွဲဖြစ်ပြီး သင်တန်းပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကေအဲန်အယ်လ်အေ ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးက သင်တန်းဆင်းပွဲတွင် ယခုလို ပြောသည်။
"ကေအဲန်ယူက ကရင်လူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းခဲ့ပေမယ့် စစ် အစိုးရဟာ ဒါကို ထည့်မစဉ်းစားခဲ့ဘဲ သူတို့တပ်အင်အား၊ လက်နက်အင်အားတွေကို...
စက်တင်ဘာ ၁၁ရက်။ ကေအိုင်စီ
တနသင်္ာရီမြို့နယ်အတွင်း စက်တင်ဘာလ ၈ရက်နေ့အထိ မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းများ အပါအဝင် လူနေအိမ်ခြေ ၅၀ဝခန့် ရေနှစ်မြှုပ်ခံရသည်ဟု ဒေသသတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှစ၍ မိုးပြင်းထန်စွာ ရွာသွန်းသည့်အတွက် တနသင်္ာရီမြစ်ရေမှာ လျှံတက်လာပြီး တနသင်္ာရီ တိုင်း၊ မြိတ်ခရိုင် တနသင်္ာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ဝနှင့် စာသင်ကျောင်း၈ဝ အပါအဝင် အိမ်ခြေ ၅၀ဝခန့် ရေမြှုပ် သွားခဲ့ရသည်ဟု ဒေသခံတဦးက ပြောသည်။
“မိုးအရမ်းကြီးပြီး ရွာနေတာ ဩဂုတ်လ ၁၅ရက်နေ့ကတည်းက။ ခုဆို နှစ်ပတ်သုံးပတ်လောက် ရှိနေပြီ။ ဒါကြောင့်...
စက်တင်ဘာလ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ နိုဘိုးဒုက္ခသည်စခန်းသစ်သို့ ယမန်နေ့ နေ့လည်ပိုင်းတွင် ထွက်ပြေးလာသည့် ကရင်ရွာသား ၁၅ဦးကို ရောက်ရှိပြီး နာရီ ပိုင်းအကြာတွင် ထိုင်းစစ်တပ်က ကားဖြင့် အတင်းအဓမ္မ နေရပ်ပြန်ပို့လိုက်သည်ဟု သိရသည်။
ဖားအံမြို့နယ်အတွင်းရှိ မဲ့တနာ့ခီးရွာမှ မိသားစု (၂)စုနှင့် ပိုင်ကျုံမြို့နယ်၊ တငေါရွာမှ မိသားစု (၁)စုသည် ဒီကေဘီအေ၏ ငွေကြေး ကောက်ခံမှုနှင့် လုပ်အားပေးစေခိုင်းခြင်းကို မခံမရပ်နိုင်သည့်အတွက် ထွက်ပြေးလာခြင်းဖြစ်ပြီး ထိုအထဲတွင် ကလေးအများစု ပါဝင် သည်ဟု သိရသည်။ ၎င်းတို့အား ကျိုးအရာ့ ဦးဆောင်သည့်...
(လကင်္ာဒီပ)
အသားငါး
စားမယ်ပြင်တိုင်း
တောရိုင်းပင်ပျို၊ ဗီးစပ်ချိုတွေ
ဟင်းချိုသောက်နေကြရ
သူတို့ ဘဝလေး
ကျုပ်....ပြေးမြင်မိတယ်။
အဆင်းလှလှ
အချင်းလှလှတွေမြင်တိုင်း
ဘဝလှိုင်းကြား အပြေးအလွှား
တေးသွားမညီကြ
သူတို့ ဘဝလေး
ကျုပ်...ရင်လေးနေမိတယ်။
အိမ်ယာ၊မြေယာ
တိုက်ကြီးတာကြီး ကားတွေစီးလို့
ရေမီးကြွယ်ဝ မြို့ပြလှတွေနဲ့
ဟိုး...သူတို့တွေရဲ့
အခင်းမဲ့နေ
မြေကမ္ဗလာ အိပ်ယာလေး
ယှဉ်တွေးနှိုင်းဆ
ကျုပ်...ကွာဟချက်တွေ ရှာနေမိတယ်။
တတိယနိုင်ငံလား
ကျုပ်မှာတော့...။
ကြက်ဥကြော်လေး
တိတ်တိတ်လေးမျို။
သင့်မြတ်သီချင်းလေး
တိတ်တိတ်လေးဆို။
ပူလောင်ခြင်း
အပြင်းစားတွေနဲ့
တိတ်တိတ်လေးညိုခဲ့ရ။
ဟိုတောင်ရိုး
မိုးညို့ညို့ ဟန်တွေပြင်
ဒီရင်ထဲ စိုးထိတ်လို့နေမိသူ။
ယမ်းငွေ့နဲ့ တိမ်ညို
ကျုပ်...အပြိုမစောစေချင်ဘူးကွယ်။ ။





