Home သတင်း မြဝတီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်‌နေ

မြဝတီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်‌နေ

1972
စက်တင်ဘာလ ၄ရက်။ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ရဲမင်းကြီး ဦးခင်‌မောင်လွင်သည် လိုင်စင်မဲ့ကား၊ ဥပ‌ဒေ မဲ့ကားများကို အခွန်လွတ်စနစ်ဖြင့် ကုန်ကူး‌နေသည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းများက ‌ပြောသည်။

လိုင်စင်မဲ့ကားများ၊ ဥပ‌ဒေမဲ့ကားများကို ကုန်ကူးမှုများ လုပ်‌ဆောင်ရာတွင် ရဲမင်းကြီးကိုယ်တိုင် လုပ်‌ဆောင်ခြင်း မဟုတ်ဘဲ ၎င်း၏သားနှင့် မိတ်‌ဆွေအသိုင်းဝိုင်းများက တဆင့်ခံ လုပ်‌ဆောင်ခိုင်း‌နေခြင်းဖြစ်သည်ဟု သိရသည်။

“သူ့နာမည်နဲ့ ထိုင်းဘက်က ဝင်လာတဲ့ မာစီးဒီးကား‌တွေ၊ ပြီး‌တော့ ပါဂျဲရိုး စတဲ့ ဂျပန်ကား‌တွေကို ကျ‌နော်တို့ ဒီ‌ကေ ဘီ‌အေ ဂိတ်က‌နေပြီး‌တော့ သွင်း‌နေတယ်။ သူ့နာမည်နဲ့ပဲ တပတ်ကို (၃-၄)စီး‌လောက် သွင်းတယ်။ သူ့နာမည်နဲ့ သွင်းပြီး‌တော့ ဟိုးမြဝတီ တံတားကျိုးဂိတ်‌တွေမှာ အ‌ကောက်အခံ မရှိ၊ အဲလိုပုံစံမျိုးနဲ့ သွင်းတယ်”ဟု မြဝတီရှိ ဒီ‌ကေဘီ‌အေဂိတ်တခုမှ တပ်ဖွဲ့ဝင်တဦးက ‌ပြောသည်။

မြဝတီမြို့ခံတဦးက “ရဲမင်းကြီးက‌တော့ ကိုယ်တိုင်လုပ်မှာမဟုတ်ဘူး။ ဒါ‌ပေမဲ့ တပွင့်၊ နှစ်ပွင့်နဲ့ ရဲ‌တွေက အခြားအ လုပ်‌ထွေ‌ထွေထူးထူးမရှိ‌တော့ သွင်းကား‌တွေကို အခ‌ကြေး‌ငွေယူပြီး ‌မောင်းပို့‌ပေး‌နေတာ‌တော့ ရှိတယ်။ သူတို့အ ချင်းချင်း‌တော့ အချိတ်အဆက်‌တွေ လုပ်တာရှိမယ်‌လေ။ ဒါလည်း ရဲအသိုင်းအဝိုင်းပဲ”ဟု ဆိုသည်။

အဆိုပါသွင်းကားများကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်ဘက်ကမ်းမှတဆင့် ထိုင်း-မြန်မာချစ်ကြည်‌ရေး တံတား‌အောက် ဘက်ရှိ ဒီ‌ကေဘီ‌အေဂိတ်အချို့မှ သွင်းယူပို့‌ဆောင်လာပြီး ရန်ကုန်စက်မှုဇုံ၊ မန္တ‌လေးစက်မှုဇုံနှင့် ‌မော်လမြိုင် စက်မှုဇုံ များသို့ ပို့‌ဆောင်လျှက်ရှိပြီး တပတ်ကို အနည်းဆုံး မြန်မာကျပ်‌ငွေ (၇၅)သိန်း ရရှိသည်ဟု သိရသည်။

မြဝတီမြို့ရှိ ကားကုန်သည်တဦးက “ကျ‌နော်က‌တော့ အဲဒီကိစ္စကို မသိဘူးဗျ။ ကျ‌နော်က‌တော့ လိုက်‌ရောင်းတာပဲ ‌လေ။ ကျ‌နော် ‌ရောင်းတာတခုပဲ သိတယ်။ ကျန်တာ ကျ‌နော် နားမလည်ဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ရဲမင်းကြီး ဦးခင်‌မောင်လွင်သည် မြန်မာနိုင်ငံရဲချုပ်ခင်ရီနှင့် အလွန်ရင်းနှီးသူတဦးဖြစ်သည့်အတွက်‌ကြောင့် အထက် ကို တိုင်ကြားရဲသူ မရှိကြသဖြင့် ယခုလို လုပ်ချင်တိုင်း လုပ်နိုင်ခြင်းဖြစ်သည်ဟု အဆိုပါ ဒီ‌ကေဘီ‌အေက ‌ပြော သည်။

ယင်းရဲမင်းကြီးသည် ယခင်က ရှမ်းပြည်နယ်၊ တာချီလိတ်ရှိ ရှမ်းတရုတ်နယ်စပ်ဘက်တွင် ရဲမှူးအဖြစ် တာဝန်ထမ်း ‌ဆောင်‌နေစဉ် တာဝန်ကို အ‌ကောင်အထည်‌ဖော် လုပ်ကိုင်‌ဆောင်ရွက်နိုင်‌သော‌ကြောင့် အထက်အရာရှိများက ၎င်း အား ယုံကြည်လာကြကာ ‌နောက်ဆုံး ရဲသူရဘွဲ့ဆုချီးမြှင့်ခံရပြီး‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ၎င်း၏မိ သားစုနှင့်အတူ ‌ပြောင်း‌ရွှေ့လာခြင်းဖြစ်သည်ဟု သိရသည်။