အောက်တိုဘာ ၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ဒေသတွင် စက်တင်ဘာလကတည်းက စတင်ဖြစ်ပွားနေသော တုပ်ကွေးအမျိုးအစားတမျိုးဟု ယူဆရသည့် ရောဂါကူးစက် မှုမှာ ဆေးဝန်ထမ်းများ ထိန်းချုပ်နေသည့်ကြားက ပိုမိုပြန့်နှံ့လာသည်ဟု ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ယခင်လက အဆိုပါရောဂါ ကူးစက်ဖြစ်ပွားနေခဲ့သည့် ဖာပွန်ခရိုင်၊ လူသောမြို့နယ၊် သေးမူဒဲကျေးနယ်ရှိ သဒါးဒဲ၊ တခေါ်တို့ဘော၊ သေးမူဒဲ၊ ဟီဖိုး ဒဲ၊ တာအိုဒဲ၊ ပဒဲဒဲနှင့် မီးမော်ဒဲကျေးရွာများတွင် ယခုလဆန်းပိုင်းအထိ ရွာသူရွာသားပေါင်း ၄၀၀ကျော်ကို ထပ်မံကူးစက်နေပြီး အများစုမှာ ကျောင်းနေအရွယ် ကလေးများဖြစ်ကြကာ အချို့ဆေးဝန်ထမ်းနှင့်...
အောက်တိုဘာလ (၂)ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို နေရပ်သို့ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုမှာ ယခုလဆန်းပိုင်းမှစ၍ ပိုမိုပြင်းထန်လာသည်ဟု စခန်းတာဝန်ရှိသူက ယနေ့ ပြောသည်။
တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာရှိ ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေ့စဉ် စခန်းထဲသို့ ဝင် ရောက်စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိပြီး လတ်တလောအခြေအနေတွင် ဒုက္ခသည်များကို စခန်းအပြင်သို့ လုံးဝထွက်ခွင့် မပေးဘဲ အပြင်ထွက်ပါက လူစာရင်းဖြုတ်သည်အထိ လုပ်ဆောင်လာကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။
၎င်းက “စခန်းထဲမှာ ရွာသားတွေရှိမရှိ နေ့တိုင်းပဲ ဝင်စစ်တယ်။...
စက်တင်ဘာ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင်များ၏ အဓမ္မလုပ်အားခိုင်းစေမှု၊ မတရား ငွေကောက်ခံမှုများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
ထိုနယ်မြေတွင် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့များသည် ဒေသခံရွာသားများ၏ ရင်ဆိုင်နေရသည့် စားဝတ်နေရေး အ ခက်အခဲများကို မငဲ့ညှာဘဲ ၎င်းတို့၏ တပ်စခန်းအတွက် ခိုင်းချင်ရာခိုင်းစေလျှက်ရှိကြောင်း လှိုင်းဘွဲမြို့နယ်မှ အမည်မဖော်လို သူ ရွာသားတဦးက ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
သူက “ဒီကေဘီအေတွေက သူတို့စခန်းဆောက်ဖို့အတွက် ကျနော်တို့ကို...
စက်တင်ဘာလ ၃ဝရက်။ ကေအိုင်စီ
ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။
ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ ၏ အစတွင် “မမျှော်လင့်ဘဲ ဒီကေဘီအေ အဖွဲ့အစည်းတရပ် ဗြုန်းစားကြီး ပေါ်ပေါက်လာကာ ကေအဲန်ယူနှင့် ဒီကေဘီအေ ဟူ၍ ကရင်အမျိုးသားလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာရခြင်းမှာ သမိုင်း၏ တောင်းဆိုချက်အရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း”...
စက်တင်ဘာလ ၂၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
မြန်မာစစ်တပ် ခမရ ၃၅၆တပ်ရင်း စစ်ကြောင်း(၂)တပ်ဖွဲ့ဝင်တဦးသည် ယမန်နေ့က ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ်ရှိ ရွာလူကြီးတဦးအား လွဲမှားပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ သည်ဟု သိရသည်။
အနန်းကွင်းရွာတွင် အခြေစိုက်သည့် ခမရ(၃၅၆) စစ်ကြောင်း(၂)မှ ကင်းစောင့်ရဲဘော်တဦးသည် ခမရ (၃၅၅)တပ်ရင်းနှင့် တပ်အပြောင်းအလဲလုပ်သွားသည့် ချောင်းဆုံရှိ ၎င်းတို့၏ စစ်ကြောင်း(၁)တပ်ဖွဲ့ကို သွားကြိုရင်း မဲဇလိ(ကွီးဟော)ရွာတွင် ညအိပ်တည်းခိုရာမှ မနက်မိုးမလင်းခင်အချိန်တွင် မှားယွင်းပစ်ခတ် မိခြင်းဖြစ်သည်။
"ခမရ ၃၅၆စစ်ကြောင်း(၁)ကို လာကြိုဖို့ စစ်ကြောင်း (၂)တပ်ဖွဲ့ဟာ စက်တင်ဘာလ...
စက်တင်ဘာလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကေအဲန်ယူ အကျဉ်းသား စသန်းမြင့်ရွှေသည် ကျန်းမာရေး အလွန်ဆိုးရွားပြီး လက်ရှိအချိန်တွင် နှစ်အတန်ကြာ ထောင်ဝင်စာနှင့်လည်း အဆက်အသွယ်ပြတ်လျှက်ရှိ သည်ဟု သိရသည်။
စက်တင်ဘာလ ၁၈ရက်နေ့တွင် သရက်ထောင်မှ လွတ်မြောက်လာသူ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ဟောင်း ကိုရန်အောင်ရွှေက ၎င်းပြန်လည်မလွတ်မြောက်ခင် မြင်တွေ့ခဲ့ရသည့် အခြေအနေများကို ယခု လို ပြောပြသည်။
“ကျနော်တို့က သူ့ကို ဗိုလ်ချုပ်လို့ပဲ ခေါ်တယ်။ ဗိုလ်ချုပ်ဟာ ၉ဝခုနှစ်တုန်းက ပထမတကြိမ် တီဘီတခါ ဖြစ်တယ်။ အခု နောက်ဆုံးအကြိမ်...
စက်တင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က အကျဉ်းသား ၇၁၁၄ ဦးကို မြန်မာ စစ်အစိုးရ ပြန်လည်လွှတ်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား များကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်း မဟုတ်ကြောင်း လွတ်မြောက် လာသူ နိုင်ငံရေး အကျဉ်းသား ကိုရန်အောင်ရွှေက ထုတ်ဖော် ပြောဆိုလိုက် သည်။
ကိုရန်အောင်ရွှေက “နအဖက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ထောင်ထွက် လက်မှတ်ကို ကြည့်လိုက် မယ်ဆိုရင်...
စက်တင်ဘာလ (၂၄)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၅) နယ်မြေတွင် နအဖ နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ယခုလ အစောပိုင်းမှစ၍ စစ်ရေး ပိုမိုလှုပ်ရှားလာခြင်းသည် တပ်မဟာ(၅) နယ်မြေ ထိုးစစ်ကို စတင်နေခြင်းဖြစ်ကြောင်း တပ်မဟာ(၅) တပ်ရေးဗိုလ်က ကေအိုင်စီကို ပြောသည်။
အဆိုပါတပ်ရေးဗိုလ် ဗိုလ်မှူးစောကလယ်ဒို့က “ကျနော်တို့ တပ်မဟာမှာ အခု နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၆)နဲ့ ဒီကေဘီအေ တပ်(၆၆၆)၊ (၃၃၃)၊...
စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တပ်မဟာ (၆)နယ်မြေတွင် ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖ ခမရ (၃၅၆)တပ်ရင်းနှင့် ခမရ(၃၅၅)တပ်ရင်းတို့ တပ်ပြောင်းရန် မဖြစ်သေးကြောင်း ကေအဲန်ယူ တပ်မဟာ(၆) ပြန်ကြားရေးဌာနက ပြောသည်။
တပ်မဟာ(၆)၏ ပြန်ကြားရေးဌာန တာဝန်ခံ စောထဲနေက “အခုအချိန်မှာ သူတို့(နအဖ)က အခြေအနေကို စောင့်ကြည့် နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ကျနော်တို့လူတွေက သူတို့ပြန်နိုင်မယ့်လမ်းကို သွားပြီးတော့ ကြို စောင့်နေတာကိုး။ သွားစောင့်တဲ့အဖွဲ့ မရှိတော့တဲ့အချိန်၊ ဒါမှမဟုတ် သတိလစ်တဲ့အချိန်ကျမှ ပြန်မှာပေါ့။ အဲဒီ...
စက်တင်ဘာ ၂၃ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရပ်ကွက်တိုင်းတွင် ယခုလဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဉ် ကင်းလှည့်လည်စစ်ဆေးမှုများ ပိုမိုများပြားလာသည်ဟု မြဝတီမြို့ခံများက ပြောသည်။
အဆိုပါကင်းလှည့်စစ်ဆေးမှုကို ရပ်ကွက်မှူးများနှင့် ရပ်ကွက်လုံခြုံရေး တာဝန်ရှိသူများက ညဘက် (၉)နာရီအချိန်မှစ၍ အ လှည့်ကျစနစ်ဖြင့် ညစဉ် လုပ်ဆောင်သွားကြသည်ဟုလည်း သိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ယခင်လမကုန်ခင်က “ပြည်သူများ ဆင်းရဲတွင်းက လွတ်ကင်းလိုရင် စစ်အစိုးရကို ဆန့်ကျင်ကြ”ဟူသော စာသားရေးသားထားသည့် စာရွက်များကို လူစည်ကားရာနေရာအချို့တွင် လာရောက်ကပ်သွားသည့်အပေါ် နောက်ထပ် လှုပ် ရှားမှု ထပ်မံ မဖြစ်ပေါ်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြဝတီမြို့...





