Home သတင်း နိုင်ငံ‌ရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်‌ပေးခြင်းမဟုတ်

နိုင်ငံ‌ရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်‌ပေးခြင်းမဟုတ်

2012
စက်တင်ဘာလ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်‌နေ့က အကျဉ်းသား ၇၁၁၄ ဦးကို မြန်မာ စစ်အစိုးရ ပြန်လည်လွှတ်‌ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံ‌ရေး အကျဉ်းသား များကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်‌ပေးခြင်း မဟုတ်‌ကြောင်း လွတ်‌မြောက် လာသူ နိုင်ငံ‌ရေး အကျဉ်းသား ကိုရန်‌အောင်‌ရွှေက ထုတ်‌ဖော် ‌ပြောဆိုလိုက် သည်။

ကိုရန်‌အောင်‌ရွှေက “နအဖက လွှတ်‌ပေးလိုက်တဲ့ အကျဉ်းသား‌တွေထဲက နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်‌ပေးတာ မဟုတ်ဘူး။ ကျ‌နော်တို့ရဲ့ ‌ထောင်ထွက် လက်မှတ်ကို ကြည့်လိုက် မယ်ဆိုရင် ‌နောက်တခါ ပြစ်မှုကျူးလွန်လို့ရှိရင် ကျသင့်တဲ့အပြစ်ဒဏ်ကို ခံစားရမယ်လို့ ‌ရေးထားတယ်။ ဒါ သူတို့‌ပြော‌နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပါဘူး။ လွတ်ငြိမ်းသက်သာခွင့်ဆိုလို့ရှိရင် တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းသားအားလုံး တရက်ပဲကျန်ကျန်၊ တနှစ်ပဲကျန်ကျန်၊ ၁၅နှစ်ပဲကျန်ကျန်၊ ‌သေဒဏ်ပဲ ဖြစ်ဖြစ် အားလုံးခံစားခွင့်ရှိတယ်”ဟု ဆိုသည်။

ယခုလ ၁၈ရက်‌နေ့တွင် သရက်‌ထောင်မှ ပြန်လည်လွတ်‌မြောက်လာသူ နိုင်ငံ‌ရေးအကျဉ်းသား ကိုရန် ‌အောင်‌ရွှေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (‌အေဘီအက်စ်ဒီအက်ဖ်) တပ်ရင်း(၉၀၉)မှ တပ်ဖွဲ့ဝင်‌ဟောင်းတဦးဖြစ်ပြီး ၎င်းအား လဝကအမှုဖြင့် ၅နှစ်၊ ပုဒ်မ ၁၇/၁ တရားမဝင်အ ဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ၃နှစ်၊ ပုဒ်မ ၁၉-က တရားမဝင်လက်နက်‌ရောင်းဝယ်‌ဖောက်ကားမှုဖြင့် ၇နှစ် သာယာဝတီ‌ထောင်တွင် စတင်ပို့‌ဆောင်ခံရကာ ‌ထောင်ဒဏ် (၁၁)နှစ်တိတိ ကျခံခဲ့ရသူဖြစ်သည်။

နအဖ အာဏာပိုင်များသည် ပြန်လည်လွတ်‌မြောက်လာသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို ‌နောက် ‌ယောင်ခံလိုက်ခြင်း၊ ‌ထောင်ထွက်လက်မှတ်ပြပါက စစ်‌ဆေး‌မေးမြန်းမှု ပိုမိုလုပ်‌ဆောင်လာခြင်း စသည့်အ ‌ခြေအ‌နေများ‌ကြောင့် ပြည်တွင်း၌ဆက်‌နေရန် လုံးဝ မဖြစ်နိုင်‌တော့သည့်အတွက် စက်တင်ဘာလ ၂၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့သို့ ‌ရောက်ရှိလာရခြင်းဖြစ်သည်ဟု သူက ‌ပြောဆိုခဲ့သည်။

၎င်းက “၁၈ရက်‌နေ့က ကျ‌နော်‌ထောင်က လွတ်လာတယ်။ ‌ထောင်ကလွတ်ပြီးဆိုရင် ပြည်တွင်းမှာ‌နေဖို့ဆို တာ လုံးဝမဖြစ်နိုင်ဘူး။ မိသားစု အ‌ခြေအ‌နေကလည်း အကုန်လုံးယိုင်လဲ‌နေသလို သက်ဆိုင်ရာ ရဲစခန်း ‌တွေကလည်း ကျ‌နော်တို့‌နောက်ကို တ‌ကောက်‌ကောက်လိုက်တယ်။ ကျ‌နော်တို့ ‌ထောင်ထွက်လက်မှတ် ကို ပြလိုက်တိုင်း အမျိုးမျိုးစစ်‌ဆေး‌မေးမြန်းတယ်။ ဒီအတိုင်းဆိုရင် ကျ‌နော်တို့ ‌နေ‌ရေးထိုင်‌ရေး၊ ဘဝလုံခြုံ ‌ရေးက ‌ရေရှည်မှာ ဖြစ်မှာမဟုတ်‌တော့ဘူး။ အဲဒါ‌ကြောင့် ကျ‌နော် ဒီထိုင်းနယ်စပ်ဘက်ကို ထွက်လာတာ ပါ”ဟု ‌ပြောသည်။

၎င်းအပြင် ‌ထောင်ထဲ၌ရှိစဉ်ကလည်း ကိုယ့်စရိတ်ကိုယ်စားစနစ်ဖြင့် ‌နေထိုင်ရပြီး ကျန်းမာ‌ရေးပိုင်းဆိုင်ရာ ‌ဆေးဝါးကုသမှုဘက်မှာလည်း သက်ဆိုင်ရာအာဏာပိုင်များ တစုံတရာမှ ကူညီ‌ပေးခြင်းမရှိ‌ကြောင်း ၎င်း အပြင် ‌ထောင်အတွင်းတွင် အာဏာပိုင်များ၏ ညှင်းပမ်းနှိပ်စက်မှု မကြာခဏ ကြုံ‌တွေ့ရ‌သော်လည်း ယခု ထက်ထိ အ‌ရေးယူ‌ဆောင်ရွက်မှုများ တစုံတရာမရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ပြန်လည်လွှတ်‌ပေးခဲ့သည့် အကျဉ်းသားများထဲတွင် နိုင်ငံ‌ရေးအကျဉ်းသား ၂၀၀‌ကျော်ပါဝင်သည်ဟု မြန် မာစစ်အစိုးရက ‌ကြေညာခဲ့‌သော်လည်း နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာ နိုင်ငံ(‌အေ‌အေပီပီ)က ယင်းလွတ်‌မြောက်လာသူများထဲတွင် နိုင်ငံ‌ရေးအကျဉ်းသား (၁၂၇)ဦးသာပါရှိ ‌ကြောင်း စက်တင်ဘာလ ၁၉ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။