Home သတင်း စစ်‌ပြေးဒုက္ခသည်များအား ဖိအား‌ပေးမှု ပိုမိုပြင်းထန်လာ

စစ်‌ပြေးဒုက္ခသည်များအား ဖိအား‌ပေးမှု ပိုမိုပြင်းထန်လာ

2289
‌အောက်တိုဘာလ (၂)ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံသို့ ထွက်‌ပြေးခိုလှုံလာသည့် စစ်‌ပြေးကရင်ဒုက္ခသည်များကို ‌နေရပ်သို့ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအား‌ပေးမှုမှာ ယခုလဆန်းပိုင်းမှစ၍ ပိုမိုပြင်းထန်လာသည်ဟု စခန်းတာဝန်ရှိသူက ယ‌နေ့ ‌ပြောသည်။

တာ့ခ်ခရိုင် ထာ့‌ဆောင်ယန်းမြို့နယ် နိုဘိုး‌ကျေးရွာရှိ ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ‌နေ့စဉ် စခန်းထဲသို့ ဝင် ‌ရောက်စစ်‌ဆေးမှုများ လုပ်‌ဆောင်လျှက်ရှိပြီး လတ်တ‌လောအ‌ခြေအ‌နေတွင် ဒုက္ခသည်များကို စခန်းအပြင်သို့ လုံးဝထွက်ခွင့် မ‌ပေးဘဲ အပြင်ထွက်ပါက လူစာရင်းဖြုတ်သည်အထိ လုပ်‌ဆောင်လာ‌ကြောင်း စခန်းတာဝန်ရှိသူက ‌ပြောသည်။

၎င်းက “စခန်းထဲမှာ ရွာသား‌တွေရှိမရှိ ‌နေ့တိုင်းပဲ ဝင်စစ်တယ်။ ဘယ်သွားတယ်၊ ဘယ်လာတယ်။ ရွာသား‌တွေ ဟင်းသီးဟင်း ရွက် ရှာစားလို့ မရတဲ့အထိ လုပ်တယ်။ သူတို့ဝင်စစ်ပြီးဆိုရင် ကျ‌နော်တို့ တာဝန်ရှိသူ‌တွေနဲ့ တိုင်ပင်တာ‌တွေမရှိဘဲ ဝင်စစ် တယ်။ အိမ်မှာလူမရှိရင် ဖြုတ်ပစ်လိုက်တယ်။ စခန်းအနီးနားမှာ ဟင်းရွက် သွားရှာစားတဲ့လူ‌တောင်မှ အကုန်ဖြုတ်ပစ်တယ်။ ကျ‌နော်တို့တင်ပြတဲ့စာရင်းနဲ့ သူတို့ဆီမှာရှိတဲ့ စာရင်းဟာ မတူဘူး။ ကျ‌နော်တို့ရဲ့ လူဦး‌ရေစာရင်းက မှားတယ်လို့ ‌ပြောတယ်” ဟု ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည်တဦးက “သူတို့(ထိုင်းအာဏာပိုင်)‌တွေ ‌နေ့တိုင်း လူစာရင်းလာ‌မေးတယ်။ ကျ‌နော်တို့လည်း အဲဒါပဲ ‌နေ့တိုင်း ‌ဖြေ‌နေရတယ်။ ငြီး‌ငွေ့‌နေပြီ။ အပြင်ထွက်လို့ရှိရင်လည်း ဒီ‌နေ့ပြန်လာမလား၊ ပြန်မလာလို့ရှိရင် ဖြုတ်ပစ်တယ်။ ဒီပုံစံနဲ့သာ ဆက်လုပ်မယ်ဆိုရင် မလွယ်ဘူး။ ကိုယ့်ရွာမှာ ‌နေလို့ မရလို့ ဒီမှာ ထွက်‌ပြေးလာတယ်ဆိုမှ အခုဟာက ဒီ‌ကေဘီ‌အေနဲ့ ဗမာစစ် သားနဲ့ သိပ်မကွာဘူး”ဟု ‌ပြောသည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များကို ယခုလို လာ‌ရောက်စစ်‌ဆေး‌နေသည့် ထိုင်းအာဏာပိုင်များမှာ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်အဆင့် တာဝန်ရှိသူများဖြစ်ကြပြီး ‌အောက်‌ခြေမှတာဝန်ခံများနှင့် မသက်ဆိုင်‌ကြောင်း ဒုက္ခသည်များကို လုံခြုံ‌ရေးယူ ‌ပေး‌နေရသည့် ထိုင်းလုံခြုံ‌ရေးတပ်ဖွဲ့(‌ချော‌လော‌ဘော)မှ အမည်မ‌ဖော်လိုသူ ထိုင်းတပ်ဖွဲ့ဝင်တဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“ဒုက္ခသည်‌တွေကို စခန်းပြင် ‌ပေးမထွက်တာ‌တော့ မှန်ပါတယ်။ အဲဒါက‌တော့ လူကြီးလာရင် အမြင်မရှင်းမှာ စိုးရိမ်လို့ပါ။ လူစာရင်း‌တွေဖြုတ်တာက အထက်က လူကြီး‌တွေပါ။ သူတို့က စခန်းထဲကို ဝင်စစ်လို့ရှိရင် ကျ‌နော်တို့လည်း လိုက်ရတယ်။ ကျ‌နော်တို့ တခါတခါ လူစာရင်းဝင်စစ်တဲ့အချိန်မှာ လူမရှိရင် မှတ်သားခိုင်းတယ်။ တရက်ပြန်မလာရင် ‌မောင်းထုတ်လိုက်လို့ ကျ‌နော်တို့ကို ညွှန်ကြားထားတယ်”ဟု သူက ‌ပြောသည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များသည် စခန်းတွင်းမှအပ စခန်းအပြင်ကိုထွက်ခွင့်မရဘဲ ထိုင်း-မြန်မာနယ်စပ်ကူညီ‌ထောက်ပံ့‌ရေး အဖွဲ့(တီဘီဘီစီ)မှ‌ပေးသည့် အ‌ခြေခံရိက္ခာများဖြင့်သာ ‌နေ့စဉ်စားသုံး‌နေရသဖြင့် ကိုယ်ချင်းစာမိ‌ကြောင်း ၎င်းထိုင်းလုံခြုံ‌ရေးတပ် ဖွဲ့ဝင်က ယခုလို ‌ပြောသည်။

“ရွာသား‌တွေဟာ ထမင်း၊ ငါးပိ၊ တခါတ‌လေ‌တော့ ငါး‌သေတ္တာ အဲဒါ‌တွေနဲ့ပဲ ‌နေ့တိုင်းစားရတယ်။ အပြင်ကိုထွက်ပြီး‌တော့ အလုပ်တခုခုထွက်လုပ်ရင် ပိုက်ဆံ‌လေး တဆယ်၊ နှစ်ဆယ်ရမယ်။ အဲဒါမှ သားငါး‌တွေ ဝယ်စားလို့ရမယ်။ သူတို့ကိုလည်း ကျ‌နော် ကိုယ်ချင်းစာပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဒုက္ခသည်များသည် ယခုနှစ်၊ ဇွန်လဆန်းပိုင်းက ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို နအဖနှင့် ဒီ‌ကေဘီ‌အေတပ်များ ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးလာကြသူများဖြစ်ပြီး လက်ရှိအ‌ခြေအ‌နေအရ မိမိရပ်ရွာသို့ပြန်လည်‌နေထိုင်ရန် မဖြစ်နိုင်‌သေး သည်ကတ‌ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ ခြိမ်း‌ခြောက်‌ပြောဆိုမှုများကတ‌ကြောင်း‌ကြောင့် ဒုက္ခသည်များအ‌နေဖြင့် စိတ်ဒုက္ခ ‌ရောက်‌နေရသည့်အ‌ပေါ် လူ့အခွင့်အ‌ရေးလှုပ်ရှားသည့် အဖွဲ့အစည်းများအ‌နေဖြင့် ဝိုင်းဝန်း‌ဖြေရှင်း‌ပေးကြပါရန် ‌မေတ္တာရပ်ခံ ‌ကြောင်း စခန်းတာဝန်ရှိသူက ‌တောင်းဆိုလိုက်သည်။

နိုဘိုး‌ကျေးရွာတွင် ယခင်က ဒုက္ခသည်ဦး‌ရေ (၅ဝဝဝ)နီးပါးရှိ‌သော်လည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ အမျိုးမျိုး ဖိအား ‌ပေးမှုများ‌ကြောင့် စခန်းတွင်း‌နေထိုင်သူ‌လျော့နည်းသွားပြီး လက်ရှိအချိန်တွင် လူဦး‌ရေ (၃ဝဝဝ)‌ကျော်သာ ကျန်ရှိ‌ကြောင်း သိ ရသည်။

ထိုးစစ်‌ကြောင့် ထွက်‌ပြေးလာ‌သော ၎င်းရွာသူရွာသားများကို မဲစရိ၊ နိုဘိုး၊ အူးသူးထ ‌နေရာများတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်‌ပေးထားပြီး ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း ထိုင်းအာဏာပိုင်များနှင့် ဒီ‌ကေဘီ‌အေတို့က ‌နေရပ်သို့ ပြန် ပို့ရန် ပူး‌ပေါင်းစီစဉ်ခဲ့‌သော်လည်း မ‌အောင်မြင်ခဲ့‌ပေ။