Home Authors Posts by KIC News

KIC News

22513 POSTS 0 COMMENTS

ကော့ကရိတ်မြို့အနီး ပတ်ဝန်းကျင် တိုက်ပွဲများကြောင့် မြို့တွင်း၊ မြို့ပြင်ဒေသခံများ လူမှုစီးပွားပိုမိုခက်ခဲလာနေ

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကျေးရွာများဘက်နှင့် မြို့ဝင်မြို့အထွက် နေရာများတွင် နေ့စဥ် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံကျေးရွာသားများနှင့် ရပ်ကွက်သား အောက်ခြေလူတန်းစားများ လူမှုစီးပွားဘဝများ ပိုမိုခက်ခဲလာနေကြောင်း သိရသည်။ ကော့ကရိတ်မြို့ ချောင်းတောင်၊ ခနိမ်းမူ၊ တတန်ကူး၊ ရွာသစ်ကုန်း၊...

ထားဝယ်မြို့တွင် တစ်လအတွင်း ကုန်စျေးနူန်း နှစ်ဆကျော်မြှင့်တက်

ဩဂုတ် ၂၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ဩဂုတ်လတတိယပတ်အထိ တစ်လအတွင်း အခြေခံစားသောက်ကုန်စျေးနူန်း နှစ်ဆကျော် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့တွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများသည် ယခင်ကထက်...

UNOCHA ၏ မြန်မာနိုင်ငံအနှံ့ အကူအညီပေးအပ်နိုင်ရေး ကြိုးပမ်းမှု မအောင်မြင်ကြောင်း အရပ်ဘက်လူထု အဖွဲ့များပြော

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths က စစ်ကောင်စီနှင့်လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအနှံ့အကူအညီပေးနိုင်ရေး ကြိုးပမ်းမှုသည် သိသာစွာ အောင်မြင်မှုကင်းမဲ့နေကြောင်း ဒေသတွင်းနှင့်နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၀၀ ကျော်က ဩဂုတ်လ(၂၂)ရက်နေ့...

ဆေးရုံ၌ ကင်းချထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့ပစ်ခတ်သဖြင့် ၄ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဩဂုတ်လ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့ ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် လာရောက်တပ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ ဩဂုတ်လ ၂၄ရက်နေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိ‌ ကြောင်း တော်လှန်းရေးတပ်ဖွဲ့များဘက်က ပြောသည်။ မွန်ပြည်နယ်၊မှ ကရင်ပြည်နယ် ဖားအံဘက်သို့...

စစ်တပ်က ဆန်သယ်ခွင့်အပြီးပိတ်လိုက်သဖြင့် အရှေ့တောနယ်ရှိ ကျေးရွာတချို့ဆန်ပြတ်လပ်

ဩဂုတ်လ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီမှ ဒေသခံများအား ဆန် သယ်ဆောင်ခွင့်ကို အပြီးပိတ်ပင်လိုက်သောကြောင့် ကျေးရွာတချို့ ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ကျေးရွာနေ ဒေသခံများထံမှ သိရသည်။ အရှေ့တောနယ်ဒေသအတွင်းတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် (၅) ခုထက်မနည်းရှိနေပြီး ၎င်းဂိတ်များမှ ဒေသခံများအား ဆန်သယ်ဆောင်ခွင့်ကို...

ကျောက်ကြီးတွင် ကျေးလက်ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေ ဆုံး၊ တစ်ဦးဒဏ်ရာရ

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့တွင် စစ် ကောင်စီက လေကြောင်းဖြင့်နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကျေးရွာဆေးပေးခန်းတစ်ခုသို့ ကျရောက်၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက...

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီသတင်းပေးဟု အမည်ကျော်ဇောသူ BGF အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဩဂုတ် ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များအား သတင်းပေး နေသည်ဟု အမည်ကျော်ဇောနေသူ နယ်ခြားစောင့်တပ်-BGF အဖွဲ့ဝင်ဟောင်း တစ်ဦးယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့ ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ရှင်းလင်းသွားခဲ့သည်ဟု မြို့ခံလူထုများထံမှ သိရသည်။ အသက် ၄ဝ...
Donate