KIC News
ကမမောင်းထွေအုပ်ရုံး အစည်းအဝေးလုပ်နေစဉ် ဗုံးကြဲချခံရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံး
စက်တင်ဘာ ၇ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲချခံရ၍ ရပ်ကွက်(၄)၏ အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ထွက်ခွာပေး ရန်ထုတ်ပြန်ထားမှုကို လိုက်နာခြင်းမရှိသဖြင့် စစ်ကောင်စီထောက်တိုင်များအား...
ပစ်ခတ်မှုများကြောင့် ကျိုက်ထို-ဘီးလင်းအစပ် ကျေးရွာဒေသခံများ နှစ်လနီးပါး နေ အိမ်မပြန်နိုင်သေး
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ကျေးရွာများတွင် ထိ တွေ့တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇူလိုင်အတွင်းမှစ၍ စစ်ဘေးတိမ်းရှောင်ရသော ဒေသခံများသည် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ရှိနေ သေးသဖြင့် နေအိမ်မပြန်နိုင်သည်မှာ နှစ်လနီးပါးရှိလာပြီဖြစ်ကြောင်း နယ်မြေ...
ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခြင်းကြောင့် သောက်ရေသန့်များ စျေးတက်၊ သောက်သုံးသူများ လျော့နည်းလာ
စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အထွေထွေစရိတ်များ မြင့်တက်လာနေခြင်းကြောင့် ကရင်ပြည်နယ်ရှိ မြို့နယ်များတွင် ထုတ်လုပ် ဖြန့်ချိသည့် သောက်ရေသန့်လုပ်ငန်းများ အရှုံးပေါ်ပြီး တွက်ခြေမကိုက်သည့် အခြေအနေနှင့် ရင်ဆိုင် နေခြင်းကြောင့် စျေးတိုးပြီးရောင်းချဖြန့်ဖြူးနေရသည်ဟု ရေသန့်လုပ်ငန်းရှင်များက ပြောသည်။
စစ်တပ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်စျေးနှုန်များ မြင့်တက်လာခြင်း၊ နိုင်ငံခြားက ဝယ်ယူရသည့်...
လယ်ယာမြေများ ရေနစ်မြှုပ်၍ စိုက်ပျိုးသည့် စပါးပင်များသေဆုံးမှာကို လယ်သမားများ စိုးရိမ်
စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်း ရေကြီးပြီး ဒေသအတွင်းရှိ လယ်အများစုတွင် ရေနစ်မြှုပ်မှုဖြစ်ပေါ်၍ စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ...
ကော့ကရိတ်မြို့နယ်တွင် ဆန်ဈေးနှုန်းမြင့်တက်သည့်အပြင် ဝယ်ယူရန်လည်း အခက်ခဲများရှိနေ
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဆန်ဈေးနှုန်းအဆမတန် မြင့်တက်သည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံကျေးရွာသားများအနေဖြင့် ဆန်ဝယ်ယူရာတွင် လည်း အခက်ခဲများကြုံတွေ့နေရကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် လယ်ယာစပါးများ လုပ်ကိုင်ကြရန် ခက်ခဲလာသည့်အတွက် မြို့ပေါ်ဆန်များကို ဝယ်ယူရာတွင် စျေးနှုန်း...














