Home Authors Posts by KIC News

KIC News

22512 POSTS 0 COMMENTS

မူတြော်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ် ဒွယ်လိုးမြို့နယ် နားကို့ခီးကျေးရွာ အုပ်စု၊ ထီးဝေါ်ထကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် (၆)နာရီဝန်းကျင်က စစ်ကောင်စီ၏ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသား (၄)ဦးသေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ...

ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်

စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ လူသောမြို့နယ် ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ (၆)ရက်နေ့ နံနက် ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။ တပ်အင်အား ၅၀...

KNU ထံ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားအား ကျပ်သိန်း ၅၀ ချီးမြှင့်

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ KNLA တပ်ရင်း ၁၇၊ တပ်ခွဲ(၂)ထံကို လက်နက်နှင့်အတူလာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားတစ်ဦးအား မြန်မာ ကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ညနေတွင် သတင်း ထုတ်ပြန်ထားသည်။ အဆိုပါ လာရောက်ပူးပေါင်းသည့်...

အသံနှင့်တော်လှန်မည့် အဆိုရှင်လူငယ်များပါဝင်သော Online Live Show တစ်ခု KAA ပြုလုပ်မည်

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ နိုင်ငံရေးနှင့်စည်းရုံးရေး၊ ဖွဲ့စည်းတည်ဆောက် ရေးနှင့် အသိပညာပေးရေးလုပ်ငန်းကော်မတီလက်အောက်ရှိ ကရင်အနုသုခုမ အသင်း-KAA က တော်လှန်တေးသံအမည်ရှိ အွန်လိုင်း Live Show ပွဲအား လာမည့် စက်တင်ဘာလ (၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လူမှုကွန်...

ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၈ ဦးအား တရားဝင်ရာထူးပေးအပ်

စက်တင်ဘာ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPF ဗဟိုနှင့် ဖားအံခရိုင်၊ မြို့နယ်များရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဝင် (၈) ဦးကို ယနေ့စက်တင်ဘာ ၇ ရက်နေ့တွင် ကေအဲန်ယူ၊ တပ်မဟာ(၇) နယ်မြေ၊ ဖားအံခရိုင်တွင် အခမ်းအနားဖြင့် တရားဝင်ရာထူးပေးအပ်သည့် အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ KNPF...

မဲဆောက်မြို့ရှိ မြန်မာပြည်သားနေထိုင်ရာ ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှု များလာ

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ယခု စက်တင်ဘာလအစမှစတင်၍ မြန်မာပြည်သားများ နေထိုင်ရာ ရပ်ကွက်များတွင် ဖမ်းဆီးရှာဖွေ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီလုပ်ဆောင်သူများက ပြောသည်။ မဲဆောက်မြို့နယ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယခင်ထက် ပိုမိုလှည့်လည် နေသလို...

မင်းအောင်လှိုင် ဦး‌ဆောင်သည့် စစ်အုပ်စုသည် ကဏ္ဍစုံပြိုလဲကျဆုံး‌နေပြီဟု NUG ယာယီသမ္မတပြော

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်‌။ ကေအိုင်စီ အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်အုပ်စုသည် ကဏ္ဍစုံမှာအဘက်ဘက်ပြိုလဲနေပြီဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ -NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ နံနက်အစောပိုင်း ပြုလုပ်သည့် (NUG) အစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ်ကြေငြာခြင်း (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ပြည်သူ့တော်လှန်ရေးသည်...
Donate