ဩဂုတ် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့အထက်ဘက် ကျော်ဝါးဘိုးတောင်ကြောသို့ ရောက်ရှိလာသည့် စစ်အုပ်စု စစ်ကူစစ်ကြောင်းများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်များက ဖြတ်တောက် တိုက်ခိုက်နေသဖြင့် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း...