Home Authors Posts by KIC News

KIC News

22512 POSTS 0 COMMENTS

မြဝတီမြို့ စစ်ကောင်စီ ရုံးဝန်ထမ်းများ ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေ

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီခရိုင်ရဲစခန်းကို စက်တင်ဘာလ ၃ ရက်နေ့ ညက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းနှင့် တိုက်ခိုက်မှုအပြီး စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို ဆက်လက်တိုက်ခိုက်မည့်သတင်း ကြောင့် စစ်တပ်၊ ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိုးရိမ်ကြောက်လန့်ကြပြီး နေရာရွှေ့ ပြောင်းမှုများရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။ ၎င်းက...

သွားလာရေးနှင့်လုံခြုံရေးအခြေအနေကြောင့် မိခင်နှင့်မွေးကင်းစ ကလေးငယ်များကာကွယ်ဆေးမထိုးနိုင်

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်းရှိ စစ်ရေးပြင်းထန်ရာဒေသများတွင် သွားလာရေးနှင့်လုံခြုံရေး အခက်အခဲများရှိလာ၍ မိခင်နှင့်မွေးကင်းစကလေးငယ်များအား ကာကွယ်ဆေးလိုက်လံထိုးပေးနိုင်မှုခဲယဥ်းသွားကြောင်း KNU ၏ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင်စခန်းများတွင် မိခင်ရောမွေးကင်းစကလေးပါ ကာကွယ်ဆေးထိုးပေးမှုရရှိသော်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီး ကျန်းမာရေးလက်လှမ်းမီနိုင်ခွင့်အလှမ်းဝေးသည့် ဒေသများတွင် ကာကွယ်...

နှစ်ဖက်တိုက်ပွဲကြောင့် ဖာပွန်ဒေသရှိ ဒေသခံများ တောင်ယာဥယျာဉ်ခြံများ မသွားနိုင်

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် နယ်ခြားစောင့်တပ် (BGF)၊ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းနယ်မြေအတွင်းရှိ ကျေးရွာနေ လယ်ယာနှင့်ခြံ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း ဖာပွန်ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် သယ်ယူပို့ဆောင်ရေးအရ ကုန်းလမ်းနှင့် ရေးလမ်း...

မဲဆောက်မြို့ရှိ လူစည်ကားသည့် စျေးများတွင် ခါးပိုက်နှိုက်ခံရမှု အဖြစ်များလာ

စက်တင်ဘာလ ၆ ရက် ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့တွင် လူသွားလူလာများသည့် စျေးများထဲတွင် ယခုတလော မြန်မာ ပြည်သားများ ခါးပိုက်နှိုက်ခံရမှုဖြစ်စဉ် အဖြစ်များလာသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်သူများ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ ခါးပိုက်နှိုက်သမားများသည် မြန်မာပြည်မှ ဝင်လာခြင်းဖြစ်ပြီး မြန်မာပြည်သားအချင်းချင်းထံ...

မြဝတီမြို့ပေါ်တွင် အများသုံးသောက်ရေသန့်ဗူးကြီး ဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာ

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် အများသုံးသောက်ရေသန့်ဗူးကြီး ဈေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်မှစ၍ ယခင်ဈေးထက်နှစ်ဆကျော်မြင့်တက်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။ မြဝတီမြို့ပေါ်တွင် ယခင်က သောက်ရေသန့်ဗူးကြီး တစ်ဗူးလျှင် ၇၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၁၅၀၀ ကျပ်အထိရှိလာပြီး ဈေးကြီးပေး၍ဝယ်ယူ...
Donate