Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ဖားအံမြို့တွင် လိုင်စင်မဲ့ယာဥ်ထပ်ဖမ်း၊ ထိုင်းကုန်စည်သယ်ဆောင်မှုများ စစ်ဆေးနေ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးမှုကို ထပ်မံလုပ်ဆောင်နေပြီး တရားမဝင်ထိုင်းကုန်ပစ္စည်းသယ်ဆောင်မှုကိုပါ စစ်ဆေးနေကြောင်း မြို့ခံများပြောပြချက်အရသိရသည်။ ဖားအံမြို့တွင် ပြီးခဲ့သည့် ၂၀၂၅၊ ဒုတိယနှစ်ဝက်အတွင်း စစ်အုပ်စုက အရပ်သားပိုင် လိုင်စင်လျှောက်မထားသော မော်တော်ယာဥ်များကိုဖမ်းဆီး ငွေတောင်းခံခြင်းပြုလုပ်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း (၃)လစီမံချက်ဖြင့်...

လူသောမြို့နယ်တွင် လေယာဥ်ဗုံးကြဲမှုကြောင့် အသက်မပြည့်သေးသောကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

ဖေဖော်ဝါရီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ သေးမီဒဲကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီလ(၇)ရက်နေ့က စစ်အုပ်စုမှ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်(၁၆)နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီးသွားကြောင်း တပ်မဟာ(၅)ကေအဲန်ယူနှင့်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ ထိုနေ့၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအကြားတွင် စစ်အုပ်စုကလေယာဥ်ဖြင့်ဗုံးကြဲချခဲ့ဖြစ်ပြီး ရွာသားစိုက်ပျိုးလုပ်ကိုင်ရာနေရာနှင့် ဈေးဆိုင်နေရာတို့၌ကျရောက်ပေါက်ကွဲခဲ့သည်။...

စစ်လက်နက်အကြွင်းအကျန်ကြောင့် ကမမောင်းတွင် ကလေးငယ်(၁)ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းမြို့ပေါ်နေ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၆)ရက်နေ့က စစ်လက်နက်အပိုင်းအစတစ်ခုကိုကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိသားစုနှင့်ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်၊ တံတားဦးကုန်းနေ စတုတ္ထတန်းကျောင်းသူမှာ ထိုနေ့ညနေ (၃) နာရီဝန်းကျင်က မပေါက်ကွဲသေးဘဲမြေတွင်ကျန်နေသည့် စစ်လက်နက်အကြွင်းအကျန်ကို...

လက်နက်ကြီးထိမှန်၍ သံတောင်ကြီးဒေသခံကလေးမိခင် ပွဲချင်းပြီးသေဆုံး

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါဖာခို(သံတောင်)မြို့နယ်နေ အသက်(၃၈)နှစ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦး ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၃)ရက်နေ့က လက်နက်ကြီးထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကေအဲန်ယူက ယနေ့သတင်းထုတ်ပြန်သည်။ လိပ်သိုမြို့နယ်ခွဲ ထုံးဘိုကြီးရွာအခြေစိုက်စစ်အုပ်စုတပ်စခန်းမှ ဖေဖော်ဝါရီ(၃)ရက်နေ့မနက်ပိုင်းက ဖိုးဝါးချောင်းကျေးရွာသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် နော်နီကမွီးဆိုသူ ကလေးနှစ်ယောက်မိခင်မှာ နေရာတွင်ပင် ကျည်စထိမှန်ဒဏ်ရာဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု...

ဖားအံ-ကော့ကရိတ်လမ်းပေါ် ကျေးရွာအချို့တွင် စစ်အုပ်စုတပ်စွဲထားသဖြင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့မှ ကော့ကရိတ်ဘက်သွားသည့်လမ်းမကြီးပေါ်ရှိ နောင်လုံအပါအဝင် ကျေးရွာ(၃)ရွာထက်မနည်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစပြီး စစ်အုပ်စု ဝင်ရောက်တပ်စွဲမှုများလာသဖြင့် စစ်ဘေးအန္တရာယ်ကျရောက်မည့်အရေး စိုးရိမ်မှုမြင့်တက်နေကြောင်း ရွာခံလူထုပြောပြချက်အရ သိရသည်။ ကျေးရွာတာဝန်ရှိသူများထံကြိုတင်အသိပေးမှုမရှိဘဲ စစ်အုပ်စုက အင်အား(၃၀)ဝန်းကျင်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များအပါအဝင် မိသားစုဝင်ဟုယူဆရသူများကိုပါခေါ်ဆောင်ပြီး စစ်သုံးမော်တော်ယာဥ်များဖြင့် ထိုရွာများသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်...

ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲအရှိန်မြင့်လာ၍ စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေး

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အခြေချ စစ်အုပ်စုဗျူဟာစခန်းကုန်း သိမ်းနိုင်ရေးကြိုးပမ်းနေသည့် တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ(၅)ရက်နေ့မှစပြီး ‌တိုက်ပွဲအရှိန်မြှင့်လာသဖြင့် စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေးနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ခုနှစ်က ဖာပွန်မြို့ပေါ်ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၃၄၃ နှင့်ခြေလျှင်တပ်ရင်း...

အလုပ်အကိုင်ကွဲလွဲမှုကြောင့် မဲဆောက်တွင် မြန်မာအလုပ်သမား(၅၀)ဝန််းကျင် ဒဏ်ငွေရိုက်ခံရ

ဖေဖော်ဝါရီီ (၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပန်းရောင်ကတ်ပါ အလုပ်အကိုင်နှင့်လက်တွေ့အလုပ်အကိုင် ကွဲလွဲမှုကြောင့် ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ မြန်မာရွှေ့‌ပြောင်းအလုပ်သမား (၅၀) ဝန််းကျင် ဖမ်းဆီး၊ ဒဏ်ငွေရိုက်ခံရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများထံမှ သိရသည်။ စီမံချက်ဖြင့် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးကြီးဝန်းကျင်ရှိ ပန်းဆိုင်တန်း၊ နတ်စင်လမ်း၊...

ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်မည်ဟု KNU/KNLA-PC ပြော

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းလမ်း၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်နေ့) တွင်...

Karen Refugee Committee Education Entity အတွင်းရေးမှူး စောထူးကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း

“အရင်က ပုံနှိပ်စာအုပ်ကို ၃ ယောက်တစ်အုပ် မျှပြီးကြည့်ရတယ်။ အခု အချိန်မှာတော့ ၅ ယောက်ကို တစ်အုပ် အဲလို ပြန်ကြည့်ရတယ်။” စောထူးကပေါ် KRCEE အတွင်းရေးမှူး Karen Refugee Committee Education Entity အတွင်းရေးမှူး စောထူးကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆ခုနှစ်။...

ကရင်နဲ့ စွမ်းအင်

ကရင်နဲ့ စွမ်းအင် မန်းကိုကို (ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆) ‘လုံခြုံရေး’ပညာရပ်ကို လေ့လာတဲ့အခါ ‘စွမ်းအင်လုံခြုံရေး’ဆိုတဲ့ ကဏ္ဍကို ချန်ထားခဲ့လို့ မရပါဘူး။ ထိုနည်း တူပဲ စွမ်းအင်ထုတ်လုပ်ဖို့နဲ့ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိက အရင်းအမြစ်တွေ ဖြစ်တဲ့ ရေ၊ ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်သတ္တုတွေရဲ့ အရေးပါမှုတွေကိုလည်း ကျော်သွားလို့...
Donate