Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

မြိုင်ကြီးငူဆေးရုံ လက်နက်ကြီးပစ်ခံရမှု စစ်အုပ်စုအကြံအစည်ဟု KNU တပ်မဟာ(၅)ပြော

ဖေဖော်ဝါရီလ၊ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ဖေဖော်ဝါရီလ (၉)ရက်နေ့က လက်နက်ကြီးပစ်ခတ်ခံရသည့်အပေါ် စစ်အုပ်စုမှ ပြဿနာရှုပ်ထွေးလာစေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။ လက်နက်ကြီးကြောင့် မြိုင်ကြီးငူဆေးရုံနေရာ အဆောက်အအုံအချို့ပျက်စီး၍ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တွင် စစ်တပ်ထောက်ခံသည့်မီဒီယာများနှင့်...

ကရင်အမျိုးသားနေ့တောင်းဆိုချက်များကို လက်ဆင့်ကမ်းပုံဖော်ရမည်ဖြစ်ကြောင်း ကေအဲန်ယူဥက္ကဌ တိုက်တွန်း

ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်လူမျိုးတို့၏စည်းလုံးညီညွှတ်မှုကိုပြသနိုင်ခဲ့သည့် ကရင်အမျိုးသားနေ့၏ တောင်းဆိုချက်များကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အနာဂတ်တွင်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)ကျရောက်သည့် (၇၈)ကြိမ်မြောက် ကရင်အမျိုးသားနေ့မိန့်ခွန်းအတွင်း တိုက်တွန်းပြောဆိုသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့်အတူယှဥ်တွဲနေထိုင်ရေးကို ဖော်ညွှန်းသောတောင်းဆိုချက်(၄)ရပ်ဖြင့် ကရင်အမျိုးသားနေ့စတင်ဖြစ်ပေါ်လာသည့် ၁၉၄၈ ခုနှစ်၊...

ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်

“ဖိနှိပ်မှုနဲ့စစ်နဲ့ပဲ အုပ်ချုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းမှုမရနိုင်ဘူး။ စစ်အုပ်စုက တိုက်ပွဲတွေကို မဖြစ်မနေလုပ်တဲ့အခါကျတော့ ကျနော်တို့က ကာကွယ်တဲ့အနေနဲ့တိုက်ပွဲဖြစ်နေမှာပဲ။” ပဒိုစောလစ္စတန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက် ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများတွင် ...

Kawthoolei Art School ပန်းချီဒီပလိုမာသင်တန်းအတွက် ကျောင်းသူ၊ကျောင်းသားသစ် ခေါ်ယူနေ

ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art School ၏ ပန်းချီဒီပလိုမာ (Fine Art Diploma) သင်တန်းအတွက် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး ကျောင်းသူ၊ ကျောင်းသားသစ်များ ခေါ်ယူလက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...

စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ ဖျက်ဆီးမှုကြောင့် ဘီးလင်းကရွာ(၃)ရွာထက်မနည်း နေအိမ်မပြန်ရဲ

ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ အလူးကြီး စသည့်ကျေးရွာများတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့မှစပြီး စစ်အုပ်စုစစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့၊ ဖျက်ဆီးမှုများလုပ်နေ၍ ရွာခံများ ယနေ့အထိနေအိမ်မပြန်ရဲကြောင်း ဘီးလင်းဒေသသတင်းအရင်းအမြစ်မှ သိရသည်။ စစ်ကြောင်းဝင်နေသည့် ဖေဖော်ဝါရီ(၇)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ ညောင်ထောက်ရွာ၌တိုက်ပွဲဖြစ်ပွားပြီး...

မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်းရာချီရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံး

ဖေဖော်ဝါရီ (၁၀)ရက်၊ ၂၀၂၆ ခုနှစ်‌။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ-၅ နယ်‌မြေတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များ တိုက်ပွဲ‌ဖြစ်ပွားသည့်အကြိမ်ရေ(၁၂၆)ကြိမ်ရှိခဲ့ပြီး စစ်‌အုပ်စုတပ်ဖွဲ့ဝင်(၃၄)ဦး သေဆုံးခဲ့‌ကြောင်း တပ်မဟာ(၅)ထုတ်ပြန်ချက်အရ သိရသည်။ ကေအဲန်ယူ၏လချုပ်စာရင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီတစ်လလုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်‌အုပ်စုတပ်ဖွဲ့ဝင် (၃၄)ဦးသေဆုံး၍ (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သွားခြင်းဖြစ်ပြီး လက်နက်နှစ်လက်နှင့် ၁၂၀...

တစ်ပတ်အတွင်း မိုင်းနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်တွင် ဒေသခံ(၂)ဦးသေဆုံး၊ (၇)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)နှင့်ဆောထိ(ရွှေကျင်)မြို့နယ်တို့တွင် ဖေဖော်ဝါရီ(၃)ရက်နေ့မှ(၈)ရက်နေ့အထိ စစ်အုပ်စုမိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦးသေဆုံးပြီး လသားအရွယ်ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ(၃)ရက်နေ့နှင့်(၇)ရက်နေ့က မုန်းမြို့နယ်၊ သစ်ဖြူဆိပ်ရွာနှင့် ပျဥ်ရေကျေးရွာတို့တွင် စစ်အုပ်စုကဒရုန်းဗုံးတိုက်ခိုက်မှုနှင့် ဂျက်ဖိုက်တာဖြင့်ဗုံးလေးလုံးကြဲချမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့်...

ကော့ကရိတ်တစ်ခွင် ဒရုန်းများသုံး၍ စစ်အုပ်စုနေ့စဥ်ဗုံးကြဲနေ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ခုနှစ်။‌ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊မြောက်ပိုင်းတစ်ခွင် ကျေးရွာများတွင် ယခုရက်ပိုင်း စစ်အုပ်စုက ဒရုန်းများအသုံးပြု၍ ဗုံးကြဲမှုနေ့စဥ်လုပ်ဆောင်နေကြောင်း ကော့ကရိတ်နယ်ခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ယခင်ကတည်းက ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီးနှင့်ဒရုန်းများ စစ်အုပ်စုကပစ်ခတ်မှုရှိသော်လည်း ယခုရက်ပိုင်း ဒရုန်းအသုံးပြု ဗုံးကြဲချမှုနေ့စဥ်လိုလိုရှိနေသည်ဟု သိရသည်။ "ဒီရက်ပိုင်းမှာပိုများလာတာ။ မနက်တစ်ကြိမ်...

မြိုင်ကြီးငူဆေးရုံနား လက်နက်ကြီးကျပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ၊ ဇီဇဝါမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူတိုက်နယ်ဆေးရုံအနီး ယနေ့(ဖေဖော်ဝါရီ ၉ရက်) မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦးဒဏ်ရာရပြီး ဆေးရုံအဆောက်အဦးလည်း ထိခိုက်ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအသိုင်းအဝိုင်းကပြောသည်။ “ဟိုဘက်ကမ်းကမြိုင်ကြီးငူမှာ ပေါက်ကွဲသံကြားလိုက်ရတယ်။ ဆေးရုံထိတယ် ကလေးတစ်ယောက်လည်းထိတယ်လို့ပြောတယ်” ဟု...

စစ်အုပ်စုယူဆထားသည့် ဖလူးဒေသ KNLA စခန်းကုန်းနေရာများ လက်နက်ကြီးပစ်ခတ်ခံနေရ

ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့်နေရာများကို ဖေဖော်ဝါရီ(၈)ရက်နေ့၊ ညပိုင်းကတည်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ ယမန်နေ့မှ လက်ရှိသတင်းရေးသားချိန် မွန်းလွဲပိုင်းအထိ ဖလူးဘက်ကို လက်ခတ်တောင်ဘုရားကုန်းနေရာမှစစ်အုပ်စုက ဟောင်ဝှစ်ဇာ...
Donate