Home Authors Posts by KIC News

KIC News

22356 POSTS 0 COMMENTS

ကော့ကရိတ်တောင်ပိုင်း ဖန်းခါးကုန်းတွင် ဒရုန်းဗုံးကြဲ၍ ကလေးငယ် အပါအဝင်(၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ၊ ဖန်းခါးကုန်းအပိုင်းတွင် ယနေ့ ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေး(၁)ဦးနှင့်လူကြီး(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်း ကော့ကရိတ်တောင်ပိုင်းနေရွာခံအချို့ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၉ နာရီ မိနစ်...

မဲဆောက်တွင် တစ်ရက်အတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား(၁၃)ဦး ဖမ်းဆီးခံရ

ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အချို့ကို ထိုင်းအာဏာပိုင်ဘက်မှ ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား(၁၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဘက်မှ သိရသည်။ Tak Immigration ၏ ယနေ့ ဧပြီလ(၂၉) ရက်နေ့ဖော်ပြချက်အရ...

သိန်းရာချီ ပင်စင်လစာထက် ကလေးများ၏ အနာဂတ်ကို ပိုမြတ်နိုးသူ

သိန်းရာချီ ပင်စင်လစာထက် ကလေးများ၏ အနာဂတ်ကို       ပိုမြတ်နိုးသူ (ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ) လူတစ်ယောက်အတွက် မိမိဘဝ၏ သုံးပုံနှစ်ပုံ နီးပါးဖြစ်သည့် နှစ်ပေါင်း ၃၀ ကြာ စုဆောင်းထားသည့် အခွင့်အရေးနှင့် ပိုင်ဆိုင်မှုအားလုံးကို မျက်စိတမှိတ်စာအတွင်း စွန့်လွှတ်ရန်မှာ မတွေးဝံ့စရာ စိန်ခေါ်မှုပင်ဖြစ်သည်။...

မြဝတီမြို့တွင်း လက်နက်ကိုင်ဆောင်သွားလာမှုများကို အရေးယူမည်ဟု စစ်အုပ်စု အမိန့်ထုတ်

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား လာနေသည့် အဖွဲ့အစည်းများကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်အုပ်စုက ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။ အမှတ် (၂၇၅)...

ကရင်ဖြူမြေက ငရဲမနက်ခင်း

ကရင်ဖြူမြေက ငရဲမနက်ခင်း (ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။) နန့်ဆန်းထီ “လေယာဉ်သံကြားတာနဲ့ ကျနော် ချောက်ထဲလှိမ့်ချလိုက်တာ လွတ်သွားတယ်။ ပြန်ပြေးလာပြီးတော့ အမေ့ကို အော်ခေါ်တယ်၊ အမေဘယ်ရောက်မှန်း မသိဘူးလေ၊ သူများအိမ်ရောက်နေတယ်ပဲ ထင်တာ” ဒါကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်၊ မနက်ပိုင်းက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အစွန်အဖျားမှာရှိတဲ့...

သံတောင်မြောက်ပိုင်းတွင် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်(၄၀၀)ထက်မနည်း ရှိလာ

ဧပြီ (၂၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများ၌ ယခုရက်ပိုင်းအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လတ်တလောစစ်ဘေးရှောင်နေရသူ (၄၀၀)ထက်မနည်း ရှိလာကြောင်း စစ်ဘေးရှောင်များကိုနေရာချထားရေး သတင်းအရင်းအမြစ်မှ သိရသည်။ ဧပြီ(၂၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နှင့်ပဲခူးအစပ်ရှိ ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ရွာမ သို့လည်းကောင်း ဧပြီ(၂၇)ရက်နေ့တွင်...

ဝေါလေတွင် မီးလောင်ဗုံးကြောင့် တစ်ရက်အတွင်း နေအိမ်(၃၀)ခန့် မီးလောင်ပျက်ဆီး

ဧပြီ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဝေါလေဒေသရှိ စစ်အုပ်စုဗျူဟာစခန်းတိုက်ပွဲအတွင်း ဧပြီလ(၂၇)ရက်နေ့က စစ်အုပ်စုမှ မီးလောင်ဗုံးကြဲတိုက်ခိုက်သဖြင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာရှိ နေအိမ်အလုံး(၃၀)ခန့် ပျက်ဆီးသွားကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ အပြင်းအထန်ဖြစ်ပွားနေသော ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုဘက်မှ စစ်ကူ ဂျက်ဖိုက်တာဖြင့် ဒေသအတွင်းသို့...

မောတောင်မြို့ လူနေရပ်ကွက်အပေါ် ဂျက်ဖိုက်တာ ဗုံးကြဲ၍ နေအိမ်(၂)လုံးပျက်စီး

ဧပြီ (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ မောတောင်မြို့အတွင်းရှိ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ဧပြီ(၂၆)ရက်နေ့က စစ်အုပ်စု ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူပိုင်နေအိမ်(၂)လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ မောတောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့တွင် ယမန်နေ့ နံနက်ပိုင်းတစ်ကြိမ်၊ နေ့လည်ပိုင်းတစ်ကြိမ် စစ်အုပ်စုက...

စစ်ရေးတင်းမာမှုကြောင့် သရက်ချောင်းက ရွာ(၁၀)ရွာထက်မနည်း နေရပ်ပြန်ရရေးခက်ခဲ

ဧပြီ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ဝင်းဝရွာနှင့်အနီးဝန်းကျင်(၁၀)ရွာထက်မနည်း ဒေသခံများ မတ်လကတည်းက စစ်ဘေးရှောင်နေရပြီး နေအိမ်ပြန်ရရေးခက်ခဲနေကြောင်း တနင်္သာရီစစ်ရှောင်အချက်အလက်များ မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် စစ်အုပ်စု၏ ရေကြောင်း၊ လေကြောင်းနှင့်မြေပြင်မှတိုက်ခိုက်မှုများကြောင့် ဝင်းဝ၊...

မြဝတီ-မဲဆောက်တံတား(၂)ပြန်ဖွင့်မည့်သတင်း ထွက်ပေါ်လာအပြီး ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတွင် စစ်အုပ်စုလုံခြုံရေးတိုးမြှင့်

ဧပြီ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ(၂၅)ရက်မှစ၍ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် စစ်အုပ်စုတပ်ဖွဲ့များ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း ကျေးရွာသတင်းအရင်းအမြစ်များမှ သိရသည်။ ဖားအံမြို့ စစ်အုပ်စု တပ်မ-၂၂ မှ ပို့ဆောင်လာသော တပ်ဖွဲ့ဝင်အင်အား(၁၀၀)ဝန်းကျင်ကို ကျုံဒိုးအခြေစိုက်ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆တပ်ရင်းများက လုံခြုံရေးအဖွဲ့များဖွဲ့ပြီး...
Donate