KIC News
ပြည်နယ်စစ်အုပ်စုက ကရင်လက်နက်ကိုင် ဂိတ်နေရာများကို ဆက်တိုက်လိုက်ပိတ်
ဖေဖော်ဝါရီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်-BGF၊ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC တပ်ဖွဲ့ တို့ဖွင့်လှစ်၊ လုံခြုံရေးယူထားသည့် ကမ်းကူးဂိတ်များ၊ ရွာချင်းဆက်မြို့ချင်းဆက်ဂိတ်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁)ရက်နေ့ကစပြီး လိုက်လံပိတ်ပင်မှု ပြည်နယ်စစ်အုပ်စုကလုပ်ဆောင်နေကြောင်း ကရင်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။
စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့နီးစပ်သူပြောပြချက်အရ တရားဝင်ခွင့်ပြုမထားဘဲ ပြည်နယ်အတွင်း...
ဒေသအတွင်း အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေပြုရေးများ၌ အမျိုးသမီးများ ပိုမိုပါဝင်ဦးဆောင်မှု တိုးမြှင့်ပေးရန် ကော်သူးလေအမျိုးသမီးများ တောင်းဆို
ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကော်သူးလေနယ်မြေဒေသအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများ၌ အမျိုးသမီး များ၏ ပိုမိုပါဝင်မှုနှင့် ဦးဆောင်မှုများကို အလေးထားဆောင်ရွက်ရန် ခရိုင်အဆင့် ကော်သူးလေအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၆ရက် ယနေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
“အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အများကြီးပဲ။ အုပ်ချုပ်ရေး၊...
မူး(မုန်း)တွင် စစ်အုပ်တပ်ပစ်ခတ်မှုကြောင့် ၉ နှစ်သားကလေးအပါအဝင် အရပ်သား (၃) ဦး သေဆုံး၊ လူနေအိမ် ၁၇ လုံး...
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေး ငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု...
ထားဝယ်တွင် စစ်အုပ်စုဖမ်းဆီးထားသည့် အရပ်သား(၆)ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း DNLA ထုတ်ပြန်
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနံဘေးမှာ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များဖမ်းဆီးထားသော အရပ်သား(၆)ဦးကို ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော်-DNLA လက်အောက်ခံမဟာမိတ်တပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက်နေ့)ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၂၃)ရက်နေ့က ဇီးကျနှင့်ညှင်းထွေးရွာကြား ရိပ်သာနေရာ၌တပ်စွဲထားသော စစ်အုပ်စုအား...
စစ်အင်အားတိုး၍ ကေ့ာကရိတ်နှင့်နဘူးတွင် ဒေသခံများစိုးရိမ်မှုမြင့်တက်
ဖေဖေဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်နှင့် နဘူးမြို့နယ်တို့တွင် အာဏာသိမ်းစစ်အုပ်စုမှအင်အားတိုးချထားနေသဖြင့် မြို့နေပြည်သူများအကြား တိုက်ပွဲရန်စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံလူထုထံမှသိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ကော့ကရိတ်နှင့်နဘူးဘက်ခြမ်းတွင် စစ်အင်အားများ ထပ်တိုးရောက်ရှိနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းလည်း အဆမတန်များလာခြင်းကြောင့် လုံခြုံရေးစိုးရိမ်၍ရှောင်တိမ်းရန်အသင့်ပြင်ထားရကြောင်း နဘူးဒေသခံအချို့က ဆိုသည်။
" စစ်တပ်ကစစ်အင်အားတွေထပ်ရောက်လာတယ်။...
မင်းလက်ပံနှင့်ဖလူးတွင် သုံးရက်အတွင်း အသေခံဒရုန်းအစင်း ရာချီသုံးပြီးတိုက်ခိုက်
ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံနှင့်ဖလူးကျေးရွာဘက်တွင် ဖေဖော်ဝါရီ (၂)ရက်နေ့မှစတင်၍ ယနေ့အထိ စစ်အုပ်စုကအသေခံဒရုန်း(ကာမီကာဇေ)အစင်းရာနှင့်ချီ လွှတ်တင်တိုက်ခိုက်နေကြောင်း စစ်မျက်နှာပြင်ရှိ ကရင်စစ်ရေးသတင်းအရင်းအမြစ်မှသိရသည်။
မယ်ထော်သလေး၊ အင်းကြင်မြိုင်ဘက်မှ အသေခံဒရုန်းအပြင် ဗုံးသီးချဒရုန်းကြီးများလွှတ်တင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များရှိနေနိုင်မည်ဟု ယူဆသည့်နေရာများသို့ စစ်အုပ်စုက နေ့ရောညပါတိုက်ခိုက်နေခြင်းဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
"စစ်တပ်ကင်းထောက်ဒရုန်းက...
စစ်မှန်သော ကော်သူးလေ တည်ဆောက်ရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းပြော
ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လူထုထောက်ခံမှုဖြင့် ပကတိစစ်မှန်သည့်ကော်သူးလေကို တည်ဆောက်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တည်ထောင်မှု (၇၉) နှစ်မြောက်သည့် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ် ပဒိုစောသမိန်ထွန်းက ပြောသည်။
ကေအဲန်ယူ-ဗဟို၌ ကျင်းပသည့် ကေအဲန်ယူနေ့ အခမ်းအနား၌ ပဒိုစောသမိန်ထွန်းက အမှာစကားပြောကြားရာတွင် ထိုသို့...
ကေအဲန်ယူနေ့တွင် တပ်မဟာ(၇)နယ်မြေကို စစ်အုပ်စုက အသေခံ ဒရုန်းဖြင့်ပစ်ခတ်
ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ယနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့)မှာ ကျရောက်သည့် (၇၉)နှစ်မြောက် အစည်းအရုံး နှစ်ပတ်လည်နေ့တွင် ၎င်းတို့ ထိန်းချုပ်ရာ တပ်မဟာ(၇)နယ်မြေမှာ စစ်အုပ်စုက ကာမီကာဇေ (အသေခံဒရုန်း)၂စင်းဖြင့် ဒီကနေ့မနက်မှာ ပစ်ခတ်ခဲ့သည်။
ဒီကနေ့ နံနက်...
တစ်လအတွင်း ကရင်နီတွင် လူ့အခွင့်အရေးချိုးဖောက်မှု(၁၅)ကြိမ်ဖြစ်ပွားပြီး အရပ်သား(၄)ဦးသေဆုံး
ဖေဖော်ဝါရီ (၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်ရှိ မြို့နေရာ(၆)ခုတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုကလူ့အခွင့်အရေးချိုးဖောက်မှု(၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား အမျိုးသား(၄)ဦးသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယနေ့ထုတ်ပြန်သည်။
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဖယ်ခုံနှင့်ဆီဆိုင်မြို့တို့တွင် စစ်အုပ်စုက လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှု စသည်တို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်ခံရမှုက အများဆုံးဖြစ်သည်။
ထိုအထဲမှ...
ခလရ(၂၇၅)မှ ခဲယမ်း၊ လက်နက်ကြီးယာဥ်များ ဖလူး-ဝေါလေလမ်းပိုင်းပေါ်တက်လာ
ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)မှ ခဲယမ်းနှင့်လက်နက်ကြီးတင်ဆောင်လာသောမော်တော်ယာဥ်များအပါအဝင် ယာဥ်အစီး(၃၀)ထက်မနည်း ဖလူး-ဝေါလေ လမ်းပိုင်းဘက်ကို ယနေ့(ဖေဖော်ဝါရီ ၄ရက်) မနက်ပိုင်းက တက်လာကြောင်း မဟာမိတ်တော်လှန်ရေးတပ်များက ပြောသည်။
ကရင်နယ်ခြားစောင့်တပ်-BGF နေရာ မေတ္တာလင်းမြိုင်ရွာဘက်မှ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊...















