Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

လေယာဉ်နေ့စဉ်ပျံဝဲနေခြင်းကြောင့် ရေဖြူဒေသမှ စစ်ရှောင်ပြည်သူများ နေရပ်မပြန်ရဲသေး

ဧပြီလ ၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲမှု နေ့စဉ်လုပ်ဆောင် သည့်အခြေအနေကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ယခုအချိန်ထိ နေရပ်မပြန်ရဲကြ သေးကြောင်း ၎င်းတို့အား အနီးကပ်ကူညီသူများက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား...

စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ ကေအဲန်ယူနယ်မြေအတွင်းသို့ ထွက်ပြေးခိုလှုံမှုများလာ

ဧပြီလ ၄ ရက် ၊၂၀၂၄ ခုနှစ်။ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး တပ်မဟာ(၅) နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုအတွင်း KNU နယ်မြေသို့ ထွက်ပြေးခိုလှုံသူ စစ်တပ်မိသားစုဝင်များ များပြားလာကြောင်း ကေအဲန်မူတြော်သတင်းစဉ်က ဧပြီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ တပ်မဟာ(၅)နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီက...

ကရင်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရန် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံ ဖိအားပေး

ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်သေးသည့် မြို့နယ်(၃)မြို့နယ်တွင် သင်္ကြန်ပွဲတော်ပြုလုပ်ရေး စစ်ကောင်စီက ညွှန်ကြားထားပြီး ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် ဒေသခံလုပ်ငန်းရှင်များထံမှ ငွေတောင်းခံခြိမ်းခြောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဖားအံနှင့် မြဝတီမြို့ခံ လုပ်ငန်းရှင်များထံမှ သိရသည်။ ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ နှင့်...

ကရင်နီဒေသ စစ်ရှောင်နှင့်ဒေသခံများ ရေရှားပါးမှု ဆိုးဝါးစွာတွေ့ကြုံနေရ

ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင် ယခုနွေရာသီကာလ တစ်နေ့ထက်တစ်နေ့ အပူချိန်ပိုမိုပြင်းထန်လာသည့်အကြား ရေရှားပါးမှုပြဿနာ ဆိုးဝါးစွာတွေ့ကြုံနေရကြောင်း ဒေသတွင်းနေထိုင်သူများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။ အဆိုပါမြို့နယ်များသည် ပြည်နယ်အတွင်း ရေရှားပါးမှုဒဏ်အများဆုံး ရင်ဆိုင်နေရသော မြို့နယ်များလည်းဖြစ်သလို နွေနေအရှိန်ပူပြင်းလာသည့် ကာလတွင် ဖရူဆိုရှိ ရေထွက်ပေါက်များ ရေခမ်းခြောက်ကုန်သဖြင့်...

နေပြည်တော်စစ်ရုံးချုပ်နှင့် လေတပ်ကို ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း NUG အတည်ပြု

ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ဒရုန်းအဖွဲ့များက ဗုံးတပ်ဆင်ထားသောဒရုန်းများဖြင့် ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း NUG-MOD ဘက်က အတည်ပြုထုတ်ပြန်သည်။ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးသော်လည်း MOD...

အိမ်ခြံဝင်းများအတွင်းရှိ စစ်လက်နက်အကြွင်းအကျန်များကြောင့် ဆီဆိုင်မြို့သို့ ပြန်နေထိုင်ရန် စိတ်မချရသေး

ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ထိန်းချုပ်နယ်မြေ၊ ဆီဆိုင်မြို့ရှိ လူနေအိမ်ခြံဝင်းများအတွင်း မပေါက်ကွဲသေးသော စစ်လက်နက် အကြွင်း အကျန်များကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်နေထိုင်ရန် စိတ်ချရခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကစ၍ စစ်ကောင်စီနှင့် PNLO ပူးပေါင်းတပ်တို့...
Donate