Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

စစ်မြေပြင်က သက်တမ်းရင့် ဆေးဆရာမ၏ နှစ် ၃၀ ကျော် တော်လှန်ရေးဘဝ

စစ်မြေပြင်က သက်တမ်းရင့် ဆေးဆရာမ၏ နှစ် ၃၀ ကျော် တော်လှန်ရေးဘဝ (မတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်) မူတြော်(ဖာပွန်)ခရိုင်ထဲက တောင်ပေါ်ကျေးလက်ရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီကြတဲ့ ဒေသခံမိခင်နဲ့ ကလေးတွေအတွက် နော်ကြည်ထူးလို ကရင်အမျိုးသမီး တစ်ယောက်ဟာ မရှိမဖြစ် လိုအပ်နေ သူတစ်ဦး ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် သူမနေထိုင်ရာဒေသမှာ...

သုံးထပ်ကွေ့ဒေသကို စစ်အုပ်စုထိုးစစ်ဆင်လာသဖြင့် အပန်းဖြေဆောက်လုပ်ရေးနှင့် စစ်ရှောင်တဲများ နေရာရွှေ့

မတ် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးရွာအကျော်၊ သုံးထပ်ကွေ့ဒေသ လမ်းပိုင်းနေရာသို့ မတ်လ(၂၀)ရက်မှစတင်ပြီး စစ်အုပ်စုကလက်နက်ကြီးများပစ်ခတ်၍ ထိုးစစ်ဆင်လာသောကြောင့် အပန်းဖြေဆောက်လုပ်ရေးလုပ်ငန်းများနှင့် စစ်ရှောင်တဲများ နေရာရွှေ့ပြောင်းရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ လက်ခတ်တောင်နှင့်စွယ်တော်ကုန်းဘက်မှ စစ်အုပ်စုက မြဝတီတောင်ဘက် ၂၈ ကီလိုမီတာအကွာရှိ သုံးထပ်ကွေ့၊ ဖလူးနှင့်...

‌စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ထုတ်ပြန်

မတ် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဥ်းထောင်အတွင်း ထောင်အာဏာပိုင်များက လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့- Women's Organization Of Political Prisoners က ယနေ့(မတ်လ ၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။ ပေါ့ပေါ့ပါးပါး အလုပ်များရရှိရန်၊ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံရန်၊...

သစ်တောများကောင်းမွန်ရေး ဌာနေလူမျိုးစုများ၏ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပဒိုမန်းဘထွန်းတိုက်တွန်း

မတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ သစ်တောများတိုးတက်ကောင်းမွန်ရန်နှင့် ထိန်းသိမ်းကာကွယ်ရန် ဌာနေတိုင်းရင်းသားများ၏ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ကြောင်း ယနေ့ မတ်လ(၂၁)ရက်နေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် ကေအဲန်ယူ-ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းက တိုက်တွန်းပြောဆိုသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောဌာန-ဗဟိုနယ်မြေတွင် ယနေ့ပြုလုပ်သွားသော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားတွင် သစ်တောများကောင်းမွန်ရန် သစ်တောဌာန၏စီမံချက်များနှင့်အညီ ဌာနေလူမျိုးစုများမှ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ထိန်းသိမ်းကာကွယ်ရေး...

ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတိုက်ပွဲ အရာရှိအချို့ကျဆုံးမှုရှိ၍ စစ်အုပ်စုက လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်

မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတွင် မတ်လ ၂၀ ရက်က KNLA မဟာမိတ် တပ်များနှင့် စစ်အုပ်စုစစ်ကြောင်းများ တိုက်ပွဲအတွင်း စစ်တပ်အရာရှိများ ကျဆုံးသည်အထိ တိုက်ပွဲပြင်းထန်၍ စစ်အုပ်စုက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးများဖြင့်...

မဲဆောက်ဓာတ်ဆီဆိုင်များတွင် ဝယ်လိုအားများပြီး မနက်တစ်ပိုင်းဖြင့်ဆီပြတ်

မတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီဝယ်ယူမှုများပြားလွန်းသောကြောင့် မနက်အစောပိုင်းကတည်းက ဆီပြတ်လပ်သွားပြီး အရောင်းပိတ်လိုက်ရသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရသိရသည်။ PTT, Bangchak, Shell စသည့် မဲဆောက်မြို့စက်သုံးဆီဆိုင်ကြီးများအပါအဝင် ဆိုင်ခွဲများတွင် ညပိုင်းကတည်း တန်းစီစနစ်ဖြင့်စောင့်ဆိုင်းကာ ဆီဖြည့်ကြသူများလာသောကြောင့် မနက်ပိုင်းဆီဆိုင်ဖွင့်ပြီး လေးနာရီအတွင်း...

ဖလူး၊ မင်းလက်ပံတိုက်ပွဲအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ နေရာပြောင်းရွှေ့လည်ပတ်နေ

မတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့် ဒေသတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ အခြားဘေးလွတ်နိုင်သည့်နေရာများသို့ ပြောင်းရွှေ့လည်ပတ်နေကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့်မတ်လဒုတိယအပတ်မှစ၍ ဖလူးကျေးရွာ ကျားဖြန့်ဆိုက်နှင့်အနီး စစ်အုပ်စုပစ်ခတ်သောလက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ကျားဖြန့်လုပ်သားများ မော်တော်ယာဥ်များဖြင့် အသုတ်လိုက်နေရာပြောင်းကြခြင်းဖြစ်သည်။ “ကျောက်ခက်၊ ဆုံဆည်းမြိုင်၊...

ပိုင်ကျုံ၊ တောင်လုံးကျော်တိုက်ပွဲအပြီး စစ်အုပ်စုတပ်ဖွဲ့များ တငေါရွာအနီးထိ တပ်ပြန်ဆုတ်အထိုင်ချနေ

မတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ တောင်လုံးကျော်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီက စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲအပြီး နောက်ပြန်ဆုတ်သွားသည့် စစ်အုပ်စုတပ်ဖွဲ့သည် ပိုင်ကျုံမြို့အနီး တငေါကျေးရွာဝန်းကျင်တွင် ယနေ့အချိန်ထိ တပ်အထိုင်ချထားကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။ နယ်စပ်စခန်းရှိရာသို့...

ရွှေ့ပြောင်းကလေးငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ထိုင်းအစိုးရ ဆက်လက်ဖော်ဆောင်ပေးရန် ပညာရေးတက်ကြွလှုပ်ရှားသူများ မျှော်လင့်

မတ်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အစိုးရ စာသင်ကျောင်းများတွင် ထိုင်းနိုင်ငံသားမဟုတ်သည့် ရွှေ့ပြောင်းကလေးငယ်များ၏ အခမဲ့ပညာသင်ခွင့်ကို ထိုင်းအစိုးရက ဆက်လက် ဖော်ဆောင်ပေးရန် ရွှေ့ပြောင်း ကလေး ပညာရေးအတွက် လုပ်ဆောင်ပေးသူများက မျှော်လင့်ကြသည်။ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ထိုင်းအမျိုးသားရေး လှုပ်ရှားသူများစုပေါင်း၍ ရွှေ့ပြောင်း...

မဲဆောက်တွင် စက်သုံးဆီအခက်အခဲကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ်ဘဝ ထိခိုက်လာ

မတ်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့တွင် စက်သုံးဆီပြတ်လပ်မှုနှင့် အချိန်အကန့် အသတ်ဖြင့် ရောင်းချမှုများကြောင့် ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ လုပ်ငန်းခွင်နောက်ကျခြင်းနှင့် နေ့စဉ်လူမှုဘဝ အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ မဲဆောက်မြို့ရှိ အစိုးရသတ်မှတ်ဈေးဖြင့် ရောင်းချသည့် ဆီဆိုင်ကြီးများတွင်...
Donate