Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

အာရှလမ်းမကြီး ပြန်ဖွင့်မည့်သတင်းထွက်နေချိန် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေး မဲဆောက်တွင်ပြုလုပ်

မတ် (၂၅)ရက်၊၂၀၂၆ခုနှစ်။ ကေအိုင်စီ တိုက်ပွဲကြောင့်နှစ်ချီပိတ်ထားရသည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး ပြန်လည်ဖွင့်တော့မည့် သတင်းများထွက်ပေါ်နေချိန်တွင် မြဝတီအခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)တပ်ရင်းမှူးပါဝင်သော ထိုင်း-မြန်မာ နယ်ခြား‌ကော်မတီ(TBC) အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ မတ်လ(၂၅)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုင်းဘက်မှ ရာချာမနူအထူးတပ်ဖွဲ့(Ratchamanu Tak Force) တပ်မမှူး ဗိုလ်မှူးကြီး...

ကရင်၊ ပညာရေးဝန်ထမ်း CDM တချို့ Blacklist ပယ်ဖျက်သော်လည်း ပြည်ပထွက်ခွာခွင့် မရ

မတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့သဖြင့် အမည်ပျက်စာရင်း(Blacklist) သွင်းခံရသူ ကရင်ပြည်နယ် ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ဝန်ထမ်းတချို့ကို စာရင်းမှဖယ်ရှားလိုက်သော်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ ခွင့်ပြုချက်မရှိဘဲ လွတ်လပ်စွာ ပြည်ပထွက်ခွာခွင့်မပြုထားကြောင်း ပြည်နယ်စစ်အုပ်စု အကြောင်းကြားစာအရ သိရသည်။ CDM ပြုလုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်ခြင်းမရှိသော်လည်း...

ဖားအံတွင် စက်သုံးဆီရရေး အချိန်ပေးတန်းစီရသော်လည်း ဆိုင်ကယ်တစ်စီးလျှင် ၅,၀၀၀ ကျပ်ဖိုးသာ ဝယ်ယူ၍ရ

မတ် (၂၂)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ စက်သုံးဆီအကြပ်အတည်းကြောင့် ကရင်ပြည်နယ် ဖားအံမြို့ရှိ စက်သုံးဆီ ရောင်းသည့် ဆိုင်ကြီးများတွင် အချိန်ကြာမြင့်စွာပေး၍တန်းဆီစောင့်ဆိုင်းနေရပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်(၅၀၀၀) ကျပ်ဖိုးသာ‌ဝယ်ယူ၍ရကြောင်း မြို့ခံများက ပြောသည်။ တစ်လီတာဝန်းကျင်သာရသည့် ငွေကျပ်(၅,၀၀၀)တန်ဖိုးရှိ စက်သုံးဆီရရှိရန် ဆီဆိုင်ရှေ့တွင် နာရီနှင့်ချီပြီး အချိန်ကြာမြင့်စွာ တန်းစီနေရခြင်းဖြစ်သည်။ ထို့ကြောင့် အများအားဖြင့် ရွာဘက်မှမြို့တက်၍...

မဆန်းသော မသစ်သော အခင်းအကျင်းမှာ အချင်းချင်း ချစ်ခင်စည်းလုံးကြဖို့

မဆန်းသော မသစ်သော အခင်းအကျင်းမှာ အချင်းချင်း ချစ်ခင်စည်းလုံးကြဖို့ မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်) ပြီးခဲ့တဲ့အပတ်မှာ လာတော့မယ့် “အခင်းအကျင်း”အကြောင်း ကျနော်ရေးသားတင်ပြခဲ့ပါတယ်။ အခု တစ တစနဲ့ အခင်းအကျင်းက ပုံပေါ်လာနေပါပြီ။ မတ်လကုန် ဧပြီလဆန်းရင် အခင်းအကျင်းကို ခြေဆုံးခေါင်းဆုံးကို ကျနော် တို့...

KNLA ဗျူဟာအမှတ် (၂) ဒုဆေးတာဝန်ခံ ရဲဘော်ဟန်နီ နှင့် ဆက်သွယ်မေးမြန်းခြင်း

“ပုံမှန်လိုမျိုး ပြန်နေလို့ရပါတယ်၊ ကိုယ်နေတာက စစ်ဖိနပ်အောက်မှာပဲရှိသေးတယ်ဆိုတာကို မမေ့ပါနဲ့” KNLA ဗျူဟာအမှတ် (၂) ဒုဆေးတာဝန်ခံ ရဲဘော်ဟန်နီ နှင့် ဆက်သွယ်မေးမြန်းခြင်း စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) နှင့် တပ်မဟာ (၆) နယ်မြေများရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင်...

စစ်အုပ်စုကြောင့် လယ်ဒိုမြို့နယ်အတွင်း ဒေသခံ(၅,၀၀၀)ကျော် နေစရာအိမ်မဲ့

မတ် (၂၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ ရွာပေါင်း(၁၃)ရွာနေ ဒေသခံလူဦးရေ (၅,၈၇၀)ခန့် စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နေစရာအိမ်မဲ့ခဲ့ရကြောင်း ကေအဲန်ယူက ယမန်နေ့(မတ်လ ၂၃ ရက်)တွင် ထုတ်ပြန်သည်။ ပြည်သူလူထုနေထိုင်သည့်ကျေးရွာများကို လေကြောင်းတိုက်ခိုက်၍လည်းကောင်း၊ မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့်လည်းကောင်း ဒေသခံ(၃၈)ဦးသေဆုံးပြီး (၃၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အိမ်ခြေ တစ်ထောင်(၁,၀၀၀)ကျော်ရှိ...

နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှု Blue Shirt Day Campaign တွင် ပါဝင်ကြရန် PPNM တိုက်တွန်း

မတ် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် စစ်အုပ်စု မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ရည်ရွယ်ပြုလုပ်မည့် အပြာရောင်ရှပ်အင်္ကျီနေ့ (Blue Shirt Day Campaign) တွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က တိုက်တွန်းသည်။ ဝါရင့်သတင်းစာဆရာကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း...

ကျုံဒိုးမြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ခြံမြေရောင်းချ အကြွေးဆပ်ရသည်အထိ ရှိလာ

မတ် (၂၄) ရက် ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အာဝါဒေး လောင်းကစားဝိုင်းများတွင် သွားကစားသူဒေသခံအချို့ မှာ အကြွေးတင်ပြီး ဥယျာဉ်ခြံမြေ ရောင်းချအကြွေးဆပ်ရသည့်အခြေအနေအထိ ရှိလာကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။ ခရင်းကျေးရွာတွင် ပုံမှန်ဖွင့်လှစ်နေသည့် လောင်းကြေးပါ အာဝါဒေးလောင်းကစားဝိုင်းများကို ယခုနောက်ပိုင်း ခူနီကျေးရွာတွင်ပါ...

ဆီအကြပ်အတည်းတွင် ဖားအံ-မြဝတီကုန်တင်ယာဥ် အများစု ရပ်နားထားရပြီး အခြေခံလူမှုဘဝ ထိခိုက်

မတ် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စက်သုံးဆီအကြပ်အတည်းနှင့် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများကြောင့် ကရင်ပြည်နယ်အတွင်း မြဝတီ-ဖားအံ လမ်းကြောင်းပြေးဆွဲနေသည့် ကုန်တင်ယာဉ်အများစု လုပ်ငန်းရပ်နားထားရပြီး ဒေသခံများ၏ အခြေခံလူနေမှုဘဝရပ်တည်ရေးကိုပါ ထိခိုက်မှုရှိလာသည်ဟု ယာဥ်မောင်းနှင့်ဒေသခံများထံမှ သိရသည်။ လက်ရှိ ဖားအံမြို့တွင် ဆီပြတ်လပ်မှုအခြေအနေ တစ်ဆထက်တစ်ဆ ပိုမိုဆိုးရွားနေသလို ယာဉ်လိုင်စင်နှင့်...

ဆီပြဿနာကြောင့် လေကြောင်းခရီးစဥ်အချို့ ဆိုင်းငံ့ထားရသော်လည်း လေယာဥ်ဗုံးကြဲမှုများ ဆက်ဖြစ်နေ

မတ် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လေယာဥ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ်အများစု ရပ်ဆိုင်းထားရသည်အထိဖြစ်လာသော်လည်း အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ မြန်မာ့ငြိမ်းချမ်းရေးလမ်းစဥ်ကို လေ့လာစောင့်ကြည့်နေသည့် BNI-Myanmar Peace Monitor-MPM ၏ မတ်လ(၁၁)ရက်နေ့အထိ နှစ်ပတ်တာ စာရင်းအရ တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုအကြိမ်(၄၀)နီးပါးရှိခဲ့ပြီး...
Donate