KIC News
လက်နက်ကြီးနှင့်လေကြောင်းရန်ကြောင့် ပလောတပို့စစ်ရှောင်များ အရေးပေါ်နေရာရွှေ့
မတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက် ဒရုန်းနှင့်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေခြင်းကြောင့် စစ်ဘေးရှောင်များ မူလစစ်ရှောင်တဲနေရာကိုဖျက်၍ အရေးပေါ်ရွှေ့ပြောင်းရှောင်တိမ်းနေရကြောင်း စခန်းတာဝန်ရှိသူထံမှသိရသည်။
ပြီးခဲ့သည့် မတ်လ(၁၄)ရက်နေ့က စစ်အုပ်စုမှကာမီကာဇေဒရုန်းဖြင့် ပလောတပို့စခန်းတည့်တည့်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိလည်း ဒရုန်းအပြင် လက်နက်ကြီးများပါတိုက်ခိုက်နေသောကြောင့် စစ်ရှောင်များ စခန်းနားတဝိုက်မနေဝံ့တော့ကြောင်း အဆိုပါတာဝန်ခံကဆိုသည်။
"သုံးထပ်ကွေ့(ကဆောဝါးလေး)ဆင်ဘုရားကုန်းဘက်ကို...
ကွမ်းသီးဈေး ကျဆင်း၍ သိုလှောင်ရောင်းချသူများ အရှုံးပေါ်
မတ် (၁၉) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ယခုနှစ်ကွမ်းသီးခူးစွတ်ရောင်းချသည့်ရာသီတွင် ယခင်ကထက် ကွမ်းသီးဈေး တဖြည်းဖြည်းကျဆင်းလာသောကြောင့် ကွမ်းသီးသိုလှောင်ကာ ပြန်လည်ရောင်းချမည့်သူများ အရှုံးပေါ်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ် ကွမ်းသီးရာသီက တစ်ပိသာလျှင် ငွေကျပ်(၃၀,၀၀၀) ဖြင့် ရောင်းဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ကွမ်းသီးတစ်ပိသာလျှင် (၁၂,၀၀၀)ကျပ်မှ (၇,၀၀၀)ကျပ်အထိ ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်သည်။ ထိုဈေးမှာ...
စစ်အုပ်စုက ကျောက်ကြီး၊ ဇရပ်ခင်ရွာကိုဝင်၍ ရွာခံမိသားစုကိုသေနတ်ဖြင့်ပစ်၊ (၂)နှစ်အရွယ် ကလေးငယ် သေဆုံး
မတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ဇရပ်ခင်ရွာသို့ ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့တွင် စစ်ကြောင်းထိုးလာသောစစ်အုပ်စုမှာ ရွာခံမိသားတစ်စုကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် (၂)နှစ်အရွယ် ကလေးငယ် ယောင်္ကျားလေးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ကေအဲန်ယူနှင့်ဒေသခံထံမှ သိရသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဇရပ်ခင်၊ နံဇလေး၊ သဲဖြူရွာများသို့ ဆေးရိုးခင်ရွာအထိုင်စစ်အုပ်စုပူးပေါင်းတပ်များ...
စစ်လက်နက်ကြောင့် တစ်လအတွင်း ညောင်လေးပင်ခရိုင်တွင် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့
မတ် (၁၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီတစ်လအတွင်း စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူစာရင်းအရ သိရသည်။
ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၂၃)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၂၇)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၂)ကြိမ်...
စက်သုံးဆီအကျပ်အတည်းကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားလာရေးအခက်ကြုံ
မတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်သုံးဆီဝယ်ယူရသည့်အခြေအနေ တဖြည်းဖြည်းကျပ်တည်းလာခြင်းကြောင့် လူမှုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မော်တော်ယာဉ်အသုံးပြုသွားလာရေး အခက်အခဲ တွေ့ကြုံနေရကြောင်း ကရင်နှင့် ပဲခူးတိုင်းအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်ခြင်း၊ လိုင်စင်မဲ့ယာဉ်များအတွက် ဆီရောင်းချမှုကန့် သတ်ခြင်း၊ မှောင်ခိုဈေးကွက်တွင် အဆမတန်ဈေးပေး၍ ဆီဝယ်ယူနေရခြင်းတို့ကြောင့် မော်တော်ယာဉ်...
ကေအဲန်ယူ ဌာနချုပ်ကိုစစ်တပ်ဗုံးကြဲ၍ ရဲဘော်အယောင်ဆောင်ထားတဲ့ ပြည်သူများသေဆုံးကြောင်း ပဒိုစောတောနီးပြောတယ်ဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား
ကေအဲန်ယူ ဌာနချုပ်ကိုစစ်တပ်ဗုံးကြဲ၍ ရဲဘော်အယောင်ဆောင်ထားတဲ့ ပြည်သူများသေဆုံးကြောင်း ပဒိုစောတောနီးပြောတယ်ဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား
မတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။
KIC, MFCN
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင် ပြည်သူများသေဆုံးကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကပြောသကဲ့သို့ လုပ်ကြံဖန်တီးပြီးစစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်က ဝါဒဖြန့်ဝေနေသည်။
ပဒိုစောတောနီးပုံဖြင့် “စစ်တပ်ကျုပ်တို့...
အခြေခံကုန်စည် (၅၉) မျိုး၏ ဈေးနှုန်းများကို ထိုင်းအစိုးရက တင်းကျပ်စွာ ထိန်းချုပ်သွားမည်
မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် အခြေခံလူသုံးကုန်ပစ္စည်းအများစုပါဝင်သည့် ကုန်စည်အမျိုးအစား ၅၉ မျိုး၏ ဈေးနှုန်းများကို အစိုးရက တင်းကျပ်စွာ ထိန်းချုပ်သွားရန် စီစဉ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြရေးသားသည်။
အဆိုပါကုန်စည်များကို ခိုင်လုံသော အကြောင်းပြချက်ရှိမှသာ ဈေးနှုန်းတိုးမြှင့်ခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့်...
စစ်ရှောင်ကူညီသူ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် မေးမြန်းခြင်း။
“လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို စစ်အစိုးရကနေပြီးတော့မှတစ်ဆင့် စီးဝင်ပြီး စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတာက မဖြစ်နိုင်သလောက်ပဲ၊ ပြည်သူလူထုကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ဖို့အတွက် အထောက်အပံ့သာ ပိုဖြစ်စေပါလိမ့်မယ်။”
စစ်ရှောင်ကူညီသူ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံနှင့် မေးမြန်းခြင်း။
မတ်လ ၁၈ရက်၊ ၂၀၂၆ ။ ကေအိုင်စီ
မြေပြင်နဲ့ လေကြောင်းသာမက ရေလမ်းကြောင်းကနေပါ တိုက်ခိုက်မှုဒဏ်ခံနေရတဲ့ တနင်္သာရီ...
KTLA တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် KNLA ရဲဘော်ကိုစောနှင့် ဆက်သွယ်မေးမြန်းချက်
"ကိုယ့်ကရင်အချင်းချင်း ဖြစ်နေရင်တော့ ဘာမှအကျိုးထူး လာမှာ မဟုတ်ဘူး"
KTLA တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် KNLA ရဲဘော်ကိုစောနှင့် ဆက်သွယ်မေးမြန်းချက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ)၊ အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ပြင်းထန် နေချိန် မတ်လ...
ထိုင်းတွင် မတ်လ ၁၈ ရက်နေ့မှစပြီး စက်သုံးဆီဆိုင်များတွင် ဆီစျေးနှုန်းများ မြင့်တက်မည်
မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် လာမည့် မတ်လ ၁၈ ရက်နေ့၊ နံနက်ဖြန်မှစပြီး စက်သုံးဆီဆိုင်ကြီးများတွင် ဆီစျေးနှုန်းများကို စတင်တိုးမြှင့်သွားတော့မည်ဟု ထိုင်းအစိုးရက ယနေ့နံနက်တွင် ကြေညာပြောဆိုလိုက်သည်။
ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများ ဖြည်းဖြည်းချင်း မြင့်တက်လာမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် လည်းဖြစ်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သူ ဖိဖတ်...















