Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးနှစ်ကျော်အတွင်း အရပ်သား(၄,၀၀၀)ကျော် သေဆုံး

မတ် (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းထားသည့်ကာလ ငါးနှစ်ကျော်အတွင်း စစ်အုပ်စု၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးအပါအဝင် အရပ်သားပြည်သူ(၄,၂၉၉)ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ယနေ့ မတ်လ(၂၇)ရက်တွင် ထုတ်ပြန်သည်။ စစ်အုပ်စုက ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လ(၁၉)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ(၆,၉၈၆)ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကေအဲန်ယူနယ်မြေ ခလယ်လွီထူခရိုင်၊...

ရေးမြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် စစ်အုပ်စု၊ ဒရုန်းဗုံးအကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်

မတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို မွန်-တနင်္သာရီ အခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယခုမတ်လအတွင်း ဒရုန်းဗုံးအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မတ်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။ သံဖြူဇရပ်-ရေး-ထားဝယ်...

DKBA အဖွဲ့၏ အဆင့်မြင့်ပညာရေးကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၀ ကျော် မွေးထုတ်

မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စီစဉ်ဖွင့်လှစ်ထားသည့် ကျောက်ခတ်အဆင့်မြင့်ပညာရေးကျောင်း (KHEA) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အပတ်စဉ် (၁) မှ ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် အောင်မြင်သွားပြီး ယနေ့ မတ်လ...

စစ်ဖိနပ်အောက်က ရုန်းထွက်ပြီး ဂျပ်ခုပ်ရက်ကန်းစင်ပေါ်မှာ ဘဝသစ်တည်တဲ့ CDM ဆရာမ

စစ်ဖိနပ်အောက်က ရုန်းထွက်ပြီး ဂျပ်ခုပ်ရက်ကန်းစင်ပေါ်မှာ ဘဝသစ်တည်တဲ့ CDM ဆရာမ နမ့်ဆန်းထီ (မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ) ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊ သီးသန့်ခြံဝင်းတွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုရဲ့ခြံဝင်းထဲမှာ အမျိုးသမီးတစ်စု လှုပ်လှုပ်ရှားရှားရှိနေပါတယ်။ ဒီရပ်ကွက် ခြံဝန်းလေးကတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ပြင်တစ်နေရာမှာ ဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင်ကနေ...

ထောင်မှပြန်လွတ်လာသည့် နိုင်ငံရေးအကျဥ်းသူများ ကိုယ်ရေးအချက်အလက် လုံခြုံရေး သတိထားကြရန် WOPP တိုက်တွန်း

မတ် (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တော်လှန်ရေးတက်ကြွလှုပ်ရှား၍ စစ်အုပ်စု၏ဖမ်းဆီးထောင်ချခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသူများ ပြည်တွင်း၊ပြည်ပ ခရီးသွားလာရာတွင် ကိုယ်ရေးအချက်အလက်လုံခြုံရေးကို သတိထားကြရန် နိုင်ငံရေးအကျဥ်းသူများအဖွဲ့-WOPP က ယနေ့(မတ်လ ၂၆ရက်)တွင် ထုတ်ပြန်တိုက်တွန်းသည်။ အကျဥ်းထောင်မှလွတ်မြောက်လာသည့်နိုင်ငံရေးအကျဥ်းသူများကို စစ်အုပ်စုက မှတ်ပုံတင်ထုတ်မပေးခြင်း၊ ပြန်လည်လျှောက်ထားရာတွင် အခက်အခဲတွေ့စေခြင်းအပြင် ပြည်ပထွက်ခွာခွင့်ကိုကန့်သတ်၍ စွဲဆိုခံထားရသောပုဒ်မများကို မပယ်ဖျက်ခြင်းတို့ကြောင့်...

ဖားအံမှ နယ်ဝေးကုန်စည်စီးဆင်းမှု ပိတ်ပင်ခံရသဖြင့် အသေးစားလုပ်ငန်းရှင်များ အခက်ကြုံ

မတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့မှတစ်ဆင့် ရန်ကုန်အပါအဝင် နယ်ဝေးမြို့များသို့ ကုန်စည်ပို့ဆောင်မှုပိတ်ပင်ခံရသဖြင့် ဒေသတွင်း အသေးစားလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းရပ်တည်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ တတိယအပတ်မှစပြီး ဖားအံမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် ကုန်စည်ပို့ဆောင်ရေး (Delivery services)...

မူတြော်၊ ဒူးပလာယာနယ်မြေတိုက်ပွဲများတွင် နည်းပညာမြင့်ဒရုန်းအသုံးများ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

မတ် (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာနှင့်မူတြော်ခရိုင်နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့၏ ဖေဖော်ဝါရီလမှ မတ်လအတွင်းတိုက်ပွဲများတွင် နှစ်ဖက်လုံး နည်းပညာမြင့်ဒရုန်းအသုံးပြုမှုများလာပြီး ထိခိုက်သေဆုံးခြင်းလည်းရှိနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ ကေအဲန်ယူ တပ်မဟာ(၅) တပ်မဟာ(၆)နယ်မြေ၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်ဒေသတိုက်ပွဲများတွင် AI စနစ်သုံး Multiple ဒရုန်း၊ အသေခံဒရုန်း(ကာမီကာဇေ)၊...

ကျောက်ကြီး၊ ရေတွင်းကုန်းရွာ ဒေသခံ(၄၀)ကျော်ကို စစ်အုပ်စုဖမ်းဆီးထားပြီး လူသားဒိုင်းပြုလုပ်

မတ် (၂၅)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)၊ ကျောက်ကြီး(လယ်ဒို)မြို့နယ် ရေတွင်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုက အရပ်သား(၄၀)ကျော်ကို ယနေ့တိုင်ဖမ်းဆီးချုပ်နှောင်ထားပြီး လူသားဒိုင်းပြုလုပ်ထားကြောင်း ခရိုင်ကေအဲန်ယူထံမှ သိရသည်။ ရေတွင်းကုန်းကျေးရွာနှင့်အနီးတဝိုက်သို့ ဝင်လာသောစစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲကာလ မတ်လပထမအပတ်ကတည်းက ဒေသခံရာနှင့်ချီကို စစ်အုပ်စုကဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်မှကယ်ထုတ်သဖြင့် ထိုအထဲမှအများစု လွတ်မြောက်သွားသော်လည်း ကျန်အရပ်သား(၄၀)ကျော်မှာ...

ဗီဇာကင်းလွတ်ခွင့်ကာလ ထက်ဝက်လျှော့ချရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အဆိုပြု

မတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားသည့် ရက်ပေါင်း ၆၀ မှ ရက်ပေါင်း ၃၀ သို့ ထက်ဝက်လျှော့ချရန် ပြီးခဲ့သည့်ရက်သတ္တပတ်တွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်၏ မတ်လ(၂၅)ရက်နေ့ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းသံအရာရှိများ၊...

ဘန်ကောက်မြို့ရှိ မင်းအောင်လှိုင်၏ ဘတ် ၉၈ သန်းတန် အိမ်ရာဝယ်ယူမှုကို စုံစမ်းစစ်ဆေးရန် JFM တောင်းဆို

မတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဘတ်(၉၈)သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိ ဇိမ်ခံအိမ်ရာဝယ်ယူမှုအပေါ် စုံစမ်းစစ်ဆေး၍ ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန် Justice for Myanmar-JFM က ထိုင်းအာဏာပိုင်များထံ ယနေ့ထုတ်ပြန်တောင်းဆိုသည်။ မင်းအောင်လှိုင်၏ချွေးမတော်စပ်သူ ဒေါ်မျိုးရတနာထိုက်အမည်ဖြင့်ညှိနှိုင်းကာ ပြီးခဲ့သည့် ၂၀၂၂...
Donate