KIC News
လျှပ်စစ်မီးမရ၍ မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဖယောင်းတိုင်မီးထွန်း ဆေးကုသမှုပေးရ
ဧပြီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရှိ အစိုးရပြည်သူ့ဆေးရုံကြီးတွင် လျှပ်စစ်မီးပုံမှန်မရရှိသဖြင့် ဖယောင်းတိုင်မီးထွန်းပြီး လူနာများကိုဆေးကုသမှုပေးနေရကြောင်း မြောင်းမြမြို့ခံများက ပြောသည်။
ပြီးခဲ့သည့်မတ်လအတွင်း အစိုးရစစ်အထက်တန်းစာမေးပွဲနောက်ဆုံးရက်မှစတင်ကာ မြောင်းမြမြို့အတွင်း တစ်ရက်လုံးမှ အများဆုံး လျှပ်စစ်မီး(၂)နာရီခန့်သာ ပေးဝေနေခြင်းဖြစ်သည်။ ထို့ကြောင့် မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဖယောင်းတိုင်မီးထွန်း၍ ဆေးကုသမှုပေးနေရသော အခြေအနေဖြစ်လာသည်ဟု...
စစ်အုပ်စုပူးပေါင်းတပ် အာရှလမ်းပေါ် လုံခြုံရေးဂိတ်များဆောက်လုပ်၍ အင်အားချ
ဧပြီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ကိုဖြတ်သန်း၍မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)ခုတွင် စစ်အုပ်စုနှင့်ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်တို့ ဂိတ်တဲနှင့်စစ်ဆေးရေးဂိတ်ကြီးများတည်ဆောက်ပြီး အင်အားအများအပြား လုံခြုံရေးချထားကြောင်း ခရီးသွားလာသူများက ပြောသည်။
မြဝတီမှကျုံဒိုးအထိ စစ်အုပ်စုနှင့်BGF ပူးပေါင်း အင်အား(၁,၀၀၀)ဝန်းကျင်ရှိမည့် တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့ အာရှလမ်းပြန်ဖွင့်သည့်အချိန်မှစတင်ကာ လမ်းတစ်လျှောက်...
မူတြော်ခရိုင်တွင် မတ်လအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀ သေဆုံးခဲ့
ဧပြီလ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ-၅ နယ်မြေတွင် ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း စစ်အုပ်စုတပ် အရာရှိများအပါအဝင် ၁၀၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့ ကြောင်း ယမန်နေ့ (ဧပြီလ ၃ ရက်) တွင် KNU မူတြော်ခရိုင်က...
ဝေါလေဗျူဟာကုန်းအနီးရှိ ထီးညာလိဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး တစ်ကျောင်းလုံး မီးလောင်ပျက်စီး
ဧပြီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မောခီးကျေးရွာအုပ်စု၊ ဝေါလေ အာဏာသိမ်းစစ်တပ် ဗျူဟာကုန်းအနီးရှိ ထီးညာလိဘုန်းကြီးကျောင်း ယနေ့ညနေတွင် ဗုံးကြဲခံရ၍ တစ်ကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က...
အာရှလမ်းဖွင့်ဖွင့်ချင်း မော်တော်ယာဥ်များထံမှ စစ်အုပ်စုငွေတောင်း
ဧပြီ (၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မြဝတီ-ကော့ကရိတ်သို့ သွယ်တန်းထားသော အာရှလမ်းမကြီးစဖွင့်ပြီး ယနေ့ ဧပြီ(၃)ရက်နေ့တွင် လမ်းအသုံးပြုသွားလာသည့်မော်တော်ယာဥ်များထံမှ ယာဥ်ပေါ်ပါခရီးသည်အရေအတွက်အလိုက် စစ်အုပ်စုက ငွေတောင်းခံခဲ့ကြောင်း ယာဥ်မောင်းများနှင့်ခရီးသွားလာသူများထံမှ သိရသည်။
ယမန်နေ့ ဧပြီ(၂)ရက်နေ့က ပြည်နယ်စစ်အုပ်စုသည် ဖားအံမြို့နယ်အတွင်း အာရှလမ်းဖွင့်ပွဲပြုလုပ်သွားပြီး ယာဥ်များမဖြစ်မနေသွားလာရန် လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေပိုင်း မြဝတီမြို့နယ်ရှိ...
လေကြောင်းဗုံးကြဲမှုများ ဆက်ရှိနေ၍ ဘီးလင်းမြို့နယ်ရှိ လေးကေရွာ ဒေသခံများ နေရပ်မပြန်ရဲဘဲ တိမ်းရှောင်နေရ
ဧပြီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးရွာအုပ်စု၊ လေးကေကျေးရွာကို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ယမန်နေ့ ဧပြီလ ၂ ရက် ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများ နေရပ်ပြန်မနေရဲကြသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကေအဲန်ယူ...
ဖာပွန်ရှိ စစ်အုပ်စု၏ တပ်စခန်းနှစ်ခုကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ဧပြီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။
ဖာပွန်မြောက်ပိုင်းရှိ ထဲနယ်ကျိုးနှင့် ကော့သွေးကျိုးအမည်ရှိ စစ်အုပ်စုစခန်းများအား KNLA နှင့် ပူးပေါင်းတပ်က...
ကရင်ပြည်နယ်တွင် သောက်ရေသန့်တစ်ပုံး ကျပ် ၂,၀၀၀ အထိ ဈေးတက်
ဧပြီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတို့ကြောင့် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် ယခု ဧပြီလဆန်းပိုင်းမှစတင်ကာ ၂၀ လီတာ သောက်ရေသန့်တစ်ပုံးလျှင် ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်သွားကြောင်း သောက်ရေသန့်လုပ်ငန်းများနှင့် သုံးစွဲသူများထံမှ သိရသည်။
ယခင်က...
နောင်လုံတောင်ကြားလမ်းရှိ ဇွဲကပင်ရှမ်းလေးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
ဧပြီ (၂)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့၊ ထွန့်ပတိုင်လမ်းဆုံ၊ နောင်လုံတောင်ကြားလမ်းရှိ ဇွဲကပင်ရှမ်းလေးဆီဆိုင်တွင် ယနေ့ ည(၇)နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းအရင်းကိုမသိရှိရသေးသော်လည်း ဆီဆိုင်အတွင်းမီးစွဲလောင်နေသည်ကို ရိုက်ကူးထားသည့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦး၏ ရုပ်သံဖိုင်အရ လူမရှိချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မီးသတ်ရုံးက ဖားအံမြို့ထဲမှာပဲရှိတယ်။ မီးသတ်တွေမြန်မြန်လေးလွှတ်ပေးပါ။ ပေါက်ထွက်နေပြီ၊ အထဲမှာလည်းကားနှစ်စီးရှိတယ်။ ကျနော်တို့တော့ ဒီလိုသတင်းပေးရုံကလွဲလို့...
ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တော်လှန်ရေးမဟာမိတ်အင်အားစုများကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း SAC-M တိုက်တွန်း
ဧပြီ (၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF အပါအဝင် တော်လှန်ရေးမဟာမိတ်အင်အားစုများ၏ ဖက်ဒရယ်ပြည်ထောင်စုအရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းသည်။
SAC-M ၏ ယမန်နေ့(ဧပြီ ၁ ရက်)ထုတ်ပြန်ချက်တွင် SCEF နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်း မဟာမိတ်များကို နည်းပညာ၊ စွမ်းဆောင်ရည်နှင့်...















