KIC News
လှိုင်းဘွဲမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းဟု ယူဆရသည့် အဆောက်အအုံများစွာ ဆောက်လုပ်နေ
ဧပြီလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး သားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ ဇာတိမြေ ကြာအင်းကျေးရွာအနီးတွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) များ လုပ်ကိုင်ရန်ဟု ယူဆရသည့် အဆောက်အအုံ...
ဆီအကြပ်အတည်းနှင့်အပြိုင် ပြည်တွင်း အခြေခံစားသောက်ကုန်ဈေး လိုက်ပါမြင့်တက်
ဧပြီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းနှင့်အတူ ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်နေ၍ ရန်ကုန်၊ ပဲခူး ကဲ့သို့မြို့ကြီးများနှင့် ကျေးရွာနေ အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း သိရသည်။
မတ်လအစောပိုင်းကစ၍ မြန်မာပြည်တွင်း စက်သုံးဆီဝယ်ယူမှုအခက်အခဲကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊...
လူနာပါမှဆီရောင်းပေးသဖြင့် တောင်ငူမြို့ရှိ လိုင်စင်မဲ့လူမှုကယ်ဆယ်ရေးယာဥ်များ အခက်တွေ့
ဧပြီ (၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တောင်ငူမြို့ရှိတွင် စက်သုံးဆီဆိုင်ကြီးအချို့မှာ လိုင်စင်မဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းလုပ်ဆောင်ရန် ယာဥ်ပေါ်လူနာအမှန်တကယ်ပါရှိမှသာ ဆီရောင်းပေးသဖြင့် ပို့ဆောင်သွားလာရေးအခက်တွေ့နေကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
တောင်ငူအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်အုပ်စုက ဆီအကြပ်အတည်းအဆင်ပြေရန်ဆိုကာ လိုင်စင်မဲ့ယာဥ်များ ဆီမရောင်းပေးခြင်း၊ QR စနစ်ဖြင့်ဆီထည့်ပေးခြင်း စသည့် ညွှန်ကြားချက်များထုတ်ထားသည်။
ထိုညွှန်ကြားချက်ကြောင့် တောင်ငူမြို့ပေါ်ရှိ လိုင်စင်မဲ့...
အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်သည့် စစ်ခေါင်းဆောင် သမ္မတဖြစ်လာမှု KNDP ပါတီ ကြိုဆို
ဧပြီလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း အရပ်သားများအပေါ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာမှုအပေါ် ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က ဧပြီလ (၆)ရက်နေ့တွင် သဝဏ်လွှာပေးပို့ကာ ကြိုဆိုလိုက်သည်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်နယ်အတွင်း စစ်အုပ်စုဘက်က အရပ်သားများကို...
ကရင်နီတွင် စစ်အုပ်စုကြောင့် တစ်လအတွင်း ကလေးနှင့်အမျိုးသမီးများအပါအဝင် အရပ်သား(၁၁)ဦး သေဆုံးခဲ့ကြောင်း KnHRG ထုတ်ပြန်
ဧပြီ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် ကလေး(၁)ဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် လက်နက်ကိုင်မဟုတ်သူအရပ်သား(၁၁) ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ယနေ့ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။
လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့်...
ရွေးကောက်ပွဲအသုံးချ အစိုးရတစ်ရပ်ဖန်တီးခြင်းက ဒီမိုကရေစီကိုစော်ကားသည့်လုပ်ရပ်ဟု BNI ပြော
ဧပြီ (၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီ၏စံနှုန်း ရွေးကောက်ပွဲကိုအသုံးချပြီး အစိုးရတစ်ရပ်ဖြစ်လာရေးဖန်တီးမှုသည် ဒီမိုကရေစီကိုစော်ကားသော လုပ်ရပ်ဖြစ်သည်ဟု တိုင်းရင်းသားမီဒီယာ(၁၅)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာမြန်မာသတင်း-BNI က ယနေ့(ဧပြီ ၆ ရက်နေ့)ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။
“ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ”အမည်ရှိ မြန်မာနိုင်ငံ၊ တိုင်းရင်းသားဒေသများမှ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာမိတ်ဆက်အခမ်းအနားတွင်...
ဘီးလင်းက ကျိုက်ထီးရိုးလေးစေတီဝန်းကျင်ကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ အရပ်သား(၅)ဦးဒဏ်ရာရ
ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးလေးစေတီဝန်းကျင်ကို ယမန်နေ့(ဧပြီ ၄ရက်နေ့)က စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သထုံခရိုင် ကေအဲန်ယူထံမှ သိရသည်။
တပ်မဟာ(၁)နယ်မြေရှိ ကျိုက်ထီးရိုးလေးစေတီမုခ်ဝကို ယမန်နေ့ ညနေ(၄)နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာဖြင့် လေးကြိမ်၊ အော်လီဂန်းဖြင့် တစ်ကြိမ်...
ဝေါလေဗျူဟာမကျရေး လေးရက်ဆက်တိုက် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်
ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ရာမတီး(မြဝတီ)မြို့နယ်၊ ဝေါလေမြိုင်ရှိ ဝေါလေစစ်ဗျုဟာစခန်းမကျရေး ပြီးခဲ့သည့်ဧပြီ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ စစ်အုပ်စုက နေ့ရောညပါ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဝေါလေဗျူဟာအနီး စစ်အုပ်စုကာကင်းစခန်းကို တိုက်ခိုက်သိမ်းယူအပြီး မတ်လ(၃၀)ရက်နောက်ပိုင်းတွင် ဗျူဟာသို့ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုဘက်က...
အာရှလမ်းမှအကောက်ခွန်မှန်သမျှ စစ်အာဏာတည်မြဲရေးအတွက်သာ ဖြစ်လာမည်ဟု ကေအဲန်ယူပြော
ဧပြီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်း အာရှလမ်းကြီးကိုပြန်လည်ပြန်ဖွင့်လှစ်ပြီး ရရှိလာသည့်အခွန်အခ၊ အကျိုးအမြတ်မှန်သမျှ စစ်အုပ်စုအာဏာတည်မြဲရေးအတွက်သာ ဖြစ်လာမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
စစ်ရေးပဋိပက္ခနယ်မြေကြားမှ အာရှလမ်းမကြီးကို ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့က ပြည်နယ်စစ်အုပ်စုဦးဆောင်၍ ကုန်သွယ်သွားလာရေး လွယ်ကူစေရန်ဟုဆိုကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မော်တော်ယာဥ်များသွားလာခွင့်ပေးထားသည်မှ ယနေ့အထိ...
ကော်သူးလေချာတာတွင် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေး ထည့်သွင်းစဉ်းစားပေးရန် KWO တောင်းဆို
ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက ဦးဆောင်ရေးဆွဲနေသည့် ကော်သူးလေချာတာ(Kawthoolei Charter) မူကြမ်း၌ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ထည့်သွင်းစဉ်းစားပေးရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တိုက်တွန်း တောင်းဆိုလိုက်သည်။
ယနေ့ ဧပြီ (၅) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWO)...















