Home Authors Posts by KIC News

KIC News

21995 POSTS 0 COMMENTS

ဖလူးဒေသမှ ထိုင်းဘက်စစ်ရှောင်များ ယာယီနေထိုင်ခွင့်ရရေး သုံးလတစ်ကြိမ်သက်တမ်းတိုး အခွန်ဆောင်ရ

ဧပြီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသတိုက်ပွဲကြောင့် ထိုင်းဘက်ကမ်းတွင် စစ်ဘေးရှောင်နေရသူများမှာ ယာယီနေထိုင်ခွင့်ရရေး တစ်ဦးလျှင် ဘတ်(၃၀၀)ဝန်းကျင် အခွန်ပေးဆောင်ကာ သုံးလတစ်ကြိမ်သက်တမ်းတိုး နေရကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ဖလူး၊ မင်းလက်ပံဒေသအတွင်း စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များ...

နယ်စပ်ဖြတ်ကျော်အကူအညီရဖို့ မူဝါဒတိကျပြီး စည်းလုံးညီညွှတ်မှုလိုအပ်ကြောင်း ကရင်အရပ်ဖက်အဖွဲ့များ ထောက်ပြ

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နိုင်ငံတကာ၏လူသားချင်းစာနာမှုအကူအညီများ အမှန်တကယ်လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ဖို့အရေး အဓိကကျသော နယ်စပ်ဖြတ်ကျော်အကူအညီရရန် တိကျသည့်မူဝါဒနှင့် စည်းလုံးညီညွှတ်မှုရှိရန်လိုအပ်ကြောင်း ကရင်အရပ်ဖက်အဖွဲ့များက ထောက်ပြပြောဆိုသည်။ ပြီးခဲ့သည့်မတ်လအတွင်းပြုလုပ်သွားသော ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဗဟိုကော်မတီအစည်းအဝေးအပြီး သီးသန့်အင်တာဗျူးတွင် နယ်စပ်ဖြတ်ကျော်အကူအညီရရန် သက်ဆိုင်သူများ၏တောင်းဆိုချက်များ ထိရောက်မှုမရှိသည့်အပေါ် KWOနှင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN တို့က...

မင်းအောင်လှိုင်အစိုးရသစ်တက်အပြီး ဖားအံ၊ မြိုင်ကလေးတွင် ဘိလပ်မြေစက်ရုံသစ်ဆောက်ရန်ပြင်

ဧပြီ (၈) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မြိုင်ကလေးဒေသတွင် နောက်ထပ် ဘိလပ်မြေစက်ရုံအသစ်တစ်ခု ထပ်မံတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှသိရသည်။ မြိုင်ကလေးဒေသတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ တန်(၄,၀၀၀)နှင့် တန်(၉၀၀) ဘိလပ်မြေစက်ရုံနှစ်ခု လက်ရှိအချိန်ထိ လည်ပတ်လျက်ရှိသော်လည်း အစိုးရသစ်တက်လာပြီးနောက်...

ကျောက်ကြီးမြို့နယ်တွင် တစ်လအတွင်း စစ်အုပ်စု၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၃၅ ဦး သေဆုံး

ဧပြီလ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို) မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း(၃၅) ဦး သေဆုံးပြီး (၂၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

စစ်အုပ်စု၏ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-သထုံခရိုင်တွင် နှစ်လအတွင်း အရပ်သား(၈)ဦးသေဆုံးပြီး (၁၉) ဦးဒဏ်ရာရ

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်တွင် ပြီးခဲ့သည့် နှစ်လတွင်း စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူသထုံခရိုင် လချုပ်စာရင်းအရ သိရသည်။ ကျိုက်ထို၊ သထုံ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ...

ကျုံဒိုး၊ မိဂလုံရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေး(၁)ဦးအပါအဝင် (၃)ဦးဒဏ်ရာရ

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ မိဂလုံကျေးရွာတွင် ယမန်နေ့(ဧပြီလ ၇ ရက်)က စစ်အုပ်စုပစ်ခတ်လိုက်သောလက်နက်ကြီးတစ်လုံး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ယမန်နေ့ညနေပိုင်းတွင် ကျုံဒိုးအခြေစိုက် စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၆နှင့်(၇)တိုင်ရွာဘက်မှစစ်အုပ်စုက မိဂလုံကျေးရွာသို့ လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရွာအတွင်းဘုန်းကြီးကျောင်းနှင့်လူနေအိမ်ပေါ်...

မြဝတီမြို့က ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခံရမည့်သတင်းကြောင့် ရပ်ကွက်နေထိုင်သူတွေ စိုးရိမ်

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိကျူးကျော်ရပ်ကွက်များကို မြို့ပြစီမံကိန်းအကြောင်းပြ၍ စစ်အုပ်စုဌာနဆိုင်ရာ က ဖျက်သိမ်းတော့မည့်သတင်းများထွက်ပေါ်နေ၍ နေရာရွှေ့ပြောင်းရမည့်အရေး စိုးရိမ်ပူပန်နေရကြောင်း ရပ်ကွက်အတွင်းလက်ရှိနေထိုင်သူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မြဝတီမြို့နယ်စစ်အုပ်စုဦးဆောင်ကာ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အစည်းအဝေးလုပ်ဆောင်သွားသည်။ ထိုနောက်ပိုင်း ဌာနဆိုင်ရာစီမံကိန်းအသစ်ဖော်ဆောင်မည်ဖြစ်၍ ကျူးကျော်ရပ်ကွက်များ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ယခုဧပြီလအတွင်း...

စစ်အုပ်စု ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို ဝန်ကြီးတစ်နေရာပေး

ဧပြီလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပသည့် ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ရာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးတစ်နေရာပေးအပ်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု ပြည်နယ်လွှတ်တော်တွင်...

ထိုင်းဘတ်ငွေ သန်း(၉၀)ကျော်တန် အိမ်ဝယ်ရန်နာမည်ခံပေးသည့် မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့ရေး JFM တောင်းဆို

ဧပြီ (၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းဘတ်ငွေ (၉၈)သန်းတန် ဇိမ်ခံအိမ်ရာဝယ်ယူရန် နာမည်ခံပေးသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူပေးရန် အမေရိကန် ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများအား Justice for Myanmar-JFM က တောင်းဆိုသည်။ ယနေ့ ဧပြီ...

ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်ပြန်လည်တည်ဆောက်ရေး စစ်ဘေးရှောင်များကို စစ်အုပ်စုခေါ်ယူနေ

ဧပြီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ပွဲပဋိပက္ခကြောင့် မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အိမ်ပိုင်ရှင်စစ်ရှောင်များ နေရပ်ပြန်လာရေး စစ်အုပ်စုကခေါ်ယူနေကြောင်း ကော့ကရိတ်မြို့ခံများပြောပြချက်အရ သိရသည်။ ဖားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး ဖွင့်လှစ်အပြီး ယခုဧပြီလအတွင်း မြို့ပေါ်တွင် တိုက်ပွဲကြောင့်မီးလောင်ပျက်စီးထားသော နေအိမ်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရေး မြို့သို့ပြန်လာကြရန် စစ်အုပ်စု...
Donate