KIC News
ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်တွင် အကြောင်းအရင်းမှန်ဖော်ထုတ်ပေးရန် မြန်မာလူငယ်များက ရဲတပ်ဖွဲ့ကို တောင်းဆို
မေ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းလမွန်မြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ထိုင်းနိုင်ငံသားကို ဝိုင်းဝန်းရိုက်နှက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာဆယ်ကျော်သက်လူငယ်များက အမှုကိစ္စအကြောင်းအရင်းအမှန်ကို ဖော်ထုတ်ပေးရန် နယ်မြေခံရဲတပ်ဖွဲ့ထံ တောင်းဆိုကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြသည်။
အဆိုပါထိုင်းလူငယ်ကို မြန်မာလူငယ်(၁၀)ဦးခန့် ပါဝင်သော အုပ်စုမှ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ဖိနပ်လုယူ၍...
ဖာပွန်မြို့ပြန်လည်ထိန်းချုပ်ရေး စစ်အုပ်စု အင်အား(၂)ထောင်ကျော်ဖြင့် မောလော်ကလိုးရွာ အလွန်သို့ ရောက်လာ
မေ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ ဖာပွန်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေး အင်အား(၂၀၀၀)ကျော်ပါဝင်သည့် စစ်အုပ်စု စစ်ကြောင်းထိုးလာရာ လက်ရှိ မောလော်ကလိုးရွာကို ကျော်လွန်လာကြောင်း တပ်မဟာ(၅)သတင်းအရင်းအမြစ်မှ သိရသည်။
ကမမောင်းဘက်မှတက်လာသည့် အဆိုပါစစ်အုပ်စုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူ စစ်အုပ်စုတပ်ဖွဲ့ဝင်(၆၀)ကျော်ရှိ၍ ထိခိုက်မှုများပြားသည်။ သို့သော်...
မနိုင်ဝန်ကို ဆက်လက်ထမ်းနေရတဲ့ နယ်စပ်ဒုက္ခသည်စခန်းက ပညာရေး
မနိုင်ဝန်ကို ဆက်လက်ထမ်းနေရတဲ့ နယ်စပ်ဒုက္ခသည်စခန်းက ပညာရေး
နန်းဝေဖြိုးဇာ
(မေလ ၂၀ ရက်၊ ၂၀၂၆ခုနှစ်)
ကျောင်းသုံးသင်ထောက်ကူပစ္စည်းတွေလုံလောက်မှုမရှိတဲ့ကြားကပဲ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ စာသင်ကျောင်းတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး စာသင်နှစ်တစ်နှစ်ပြီးတစ်နှစ် ရုန်းကန်ဖြတ်သန်းခဲ့ကြရပါတယ်။
ဒုက္ခသည်စခန်းက စာသင်ကျောင်းတွေဟာ ပြည့်စုံလုံလောက်တဲ့ သင်ကြားရေးဝန်းကျင် မရှိပေမယ့်လည်း ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ပဲ ပညာရေးခရီးကို ဆက်လျှောက်နေကြရတာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာပြည်တွင်းကနေ...
နိုင်ငံ(၉၀)ကျော်အတွက် ရက်ပေါင်း(၆၀)ဗီဇာကင်းလွတ်ခွင့်ကို ထိုင်းအစိုးရ ရပ်ဆိုင်း
မေ (၁၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ ကိုဗစ်အလွန်ခရီးသွားကဏ္ဍ ဦးမော့လာစေရန်ရည်ရွယ်ပြီး နိုင်ငံပေါင်း(၉၃)နိုင်ငံအတွက် ရက်ပေါင်း(၆၀) ဗီဇာကင်းလွတ်ခွင့်ပေးထားသည့်သတ်မှတ်ချက် ရပ်ဆိုင်းခြင်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ယနေ့ မေလ(၁၉)ရက်နေ့တွင် ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများအခြေချနေထိုင်ပြီး စီးပွားရေးလုပ်ကိုင်လာခြင်း၊ ရာဇဝတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်ခြင်း စသည့် ဆိုးကျိုးများကြောင့် ရက်ပေါင်း(၆၀)နေထိုင်ခွင့် ရပ်ဆိုင်းခြင်းဖြစ်ပြီး...
UWSA ထိန်းချုပ်ရာ ရှမ်း-တရုတ်နယ်စပ်ရှိ မြေရှားသတ္တုတွင်းနေရာတွင် မြန်မာနိုင်ငံသားများ လူကုန်ကူးခံရ
မေ (၁၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်လူမျိုးပိုင် မြေရှားသတ္တုတွင်းများတွင် မြန်မာနိုင်ငံသားများ လူကုန်ကူးခံနေရပြီး လုပ်အားအဓမ္မခိုင်းစေခြင်း ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က မေလ(၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။
တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံသား(၃)ဦးကို မိုင်းဆတ်တောင်ပိုင်း၊ တရုတ်နယ်စပ်မှ(၈)ကီလိုမီတာအကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ရှိ...
ကျေးရွာအတွင်း စစ်အုပ်စုတပ်စွဲထားသဖြင့် လေးကေ ဒေသခံများ နေရပ်မပြန်ရဲသေး
မေလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးရွာအုပ်စုရှိ လေးကေကျေးရွာတွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က စစ်အုပ်စုတပ်က ပြန်လည် ထိန်းချုပ်မှုပြုလုပ်ပြီးနောက် ရွာအတွင်း စခန်းချနေထိုင်သဖြင့် တိမ်းရှောင်ထွက် ပြေးနေရသော ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း...
ဖားအံမြို့နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်း ဆင်းပွဲ သင်တန်းသား ၇၀၀ ကျော် တက်ရောက်
မေလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇွဲကပင်တောင်ခြေ၊ ဒုံရင်းဒေသရှိ အောက်ရေတံခွန် (ထီလင်ဘာ)၌ ကျင်းပသည့် (၃)ကြိမ်မြောက် ဖားအံမြို့နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲသို့ သင်တန်းသူ၊ သင်တန်းသားပေါင်း ၇၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မေလ...
စားနပ်ရိက္ခာအကြပ်အတည်းဖြေရှင်းရန် EU မှ မြန်မာကို ဒေါ်လာ (၈.၆) သန်း ထောက်ပံ့
မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာ့အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၍ စားနပ်ရိက္ခာကြပ်တည်းလာမှုကိုဖြေရှင်းရန် ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံသို့ ယူရို(၈)သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် (၈.၆)သန်းဝန်းကျင်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)မှတဆင့် ထောက်ပံ့ကူညီလိုက်ကြောင်း သိရသည်။
ယနေ့ မေလ(၁၈)ရက်နေ့ဖြင့် EU နှင့် WFP ၏ ပူးတွဲကြေညာချက်တွင် ဖေဖော်ဝါရီလမှစတင်ကာ...
ဘတ်ဗီဇာလုပ်ငန်းစဥ် ကြန့်ကြာနေ၍ နယ်ကျော်ခရီးသွားလာသူများ အခက်ကြုံ
မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပတ်စ်ပို့နှင့် မည်သူမည်ဝါ သက်သေခံလက်မှတ်-CI စာအုပ်အတွင်း ထည့်သွင်းရသည့် Non-LA (Non-Immigrant Labor Approved) ဗီဇာလုပ်ငန်းစဥ် ကြန့်ကြာနေ၍ နယ်ကျော်ခရီးသွားလာလိုသူများ အခက်ကြုံနေရကြောင်း မဲဆောက်ရောက်မြန်မာနိုင်ငံသားများထံမှ သိရသည်။
ရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝိုင်းတွင် ဘတ်ဗီဇာဟု...
အရပ်သားအစိုးရလက်ထက် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် ကွယ်လွန်
မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အရပ်သားအစိုးရလက်ထက်က ကရင်ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘိုဘိုဝေမောင်မှာ ယနေ့၊ မေလ (၁၈) ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဝိတိုရိယ ဆေးရုံကြီး၌ ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင်နှင့်ပြည်နယ်အစိုးရအဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်...














