KIC News
မူတြော်ခရိုင်တွင် သင်္ကြန်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ဒေသခံ(၄)ဦးသေ၊ (၁၃)ဦး ဒဏ်ရာရ
ဧပြီ (၁၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်(မူတြော်)ခရိုင်တွင် အတာသင်္ကြန်ကာလ ဧပြီ(၁၃)ရက်မှ (၁၆)ရက်နေ့အတွင်း စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်မှု မပြတ်လုပ်ဆောင်နေ၍ ဒေသခံ(၄)ဦးသေဆုံးကာ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
ဖာပွန်မြို့အနီးကျေးရွာများအပါအဝင် ကေအဲန်ယူထိန်းချုပ်ထားသည့် လူသောမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့(ဧပြီ ၁၅ ရက်နေ့)တစ်ရက်တည်း...
တော်လှန်ရေးအောင်မြင်ရန် ညီညွှတ်မှုကအရေးကြီးကြောင်း NUG ပြော
ဧပြီ (၁၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ်ကိုတော်လှန်ရေးအောင်မြင်ရန် တော်လှန်ရေးအဖွဲ့အစည်းများကြား၊ ပြည်သူများကြား ညီညွှတ်မှုကအရေးကြီးကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဧပြီ(၁၆)ရက်နေ့တွင် ပြောသည်။
တိုင်းပြည်၏အရင်းအမြစ်များဖြင့် ဆယ်စုနှစ်ကြာ အာဏာတည်ဆောက်လာသော စစ်အုပ်စုနှင့်စစ်တပ်ယန္တရားကို ရင်ဆိုင်ရန်၊ ငြိမ်းချမ်းလွတ်လပ်သည့်နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို တည်ထောင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူများအားလုံး စည်းလုံးညီညွှတ်မှုကအရေးကြီးသည်ဟု NUG ဖွဲ့စည်းမှု(၅)နှစ်ပြည့်...
ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲအပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၁ ဦးဒဏ်ရာရပြီး နေအိမ်များပျက်စီး
ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသရှိ အုပ်စုတပ်ဖွဲ့အခြေချ ပွိုင့် ၉၆၂ ဗျူဟာကုန်း၏ ကာကင်းစခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်အုပ်စုက လူထုရှိရာ ကျေးရွာများသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦး ထိဒဏ်ရာရပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက...
စစ်အုပ်စု၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံး၊ နေအိမ်အချို့ပျက်စီး
ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာလေယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သထုံခရိုင်တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်၊ ညနေ...
သင်္ကြန်ကာလတွင် ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်
ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်း တပ်မဟာ ၅ နယ်မြေ/မူတြော်ခရိုင်၊ ဖာပွန်မြို့အနီးအနားရှိ ကျေးရွာများကို စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ(၁၃)ရက်မှ ဧပြီလ(၁၄)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ အဆက် မပြတ်ပြုလုပ်လာနေကြောင်း ကေအဲန်ယူထံမှ သိရသည်။
မူတြော်ခရိုင်အတွင်း စစ်အုပ်စုတပ်က ဧပြီလ ၁၃ ရက်...
စစ်အုပ်စုတပ်ကြောင့် တစ်လအတွင်း ညောင်လေးပင်ခရိုင်တွင် အရပ်သား ၄၄ ဦး သေဆုံးပြီး နေအိမ် ၄၀ နီးပါး ပျက်စီး
ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၄ ဦး သေဆုံးခဲ့ကြောင်း ဧပြီလ ၁၃ ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်...
ဖားအံတွင် သင်္ကြန်စည်ကားအောင် ကျင်းပနေသော်လည်း ကျန်မြို့နယ်များ၌ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလျက်ရှိ
ဧပြီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်အုပ်စုက ဖားအံမြို့တွင်း သင်္ကြန်ပွဲတော်စည်ကားအောင်ကျင်းပနေသော်လည်း ကျန်မြို့နယ် ၆ ခုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတပ်တို့အကြား ဧပြီလ ၁၀ ရက်နောက်ပိုင်းမှစပြီး ယနေ့ ၁၄ ရက်နေ့အထိ တိုက်ပွဲရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယခု သင်္ကြန်ပွဲတော်ကာလအတွင်း ကျုံဒိုး၊...
မင်းလက်ပံရွာကို စစ်အုပ်စုတပ် ဗုံးကြဲ၊ ၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူ သေဆုံး
ဧပြီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေကော်ဒေသအနီးရှိ မင်းလက်ပံကျေးရွာကို ယမန်နေ့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) မွန်းတည့်ချိန်တွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သား မိခင်နှင့်ကလေး (၂) ဦး သေဆုံးပြီး...
လေးကေနှင့် ကြယ်ပြောင်ကုန်း တိုက်ပွဲမှ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
ဧပြီလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းနှင့် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကြယ်ပြောင်ကုန်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း တော်လှန်ရေးပူးပေါင်းတပ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့တွင် တပ်မဟာ (၁) နယ်မြေတွင်...
မြဝတီ-ကျုံဒိုး အာရှလမ်းပေါ် ထိုင်းကုန်စည်များ ဖမ်းဆီးခံရ၍ ယာဉ်မောင်းများ စစ်တပ်ဂိတ်များကို ရှောင်ကွင်း သယ်ယူနေရ
ဧပြီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းတွင် ထိုင်းထုတ်ကုန်များကို စစ်အုပ်စုက ဖမ်းဆီး သိမ်းဆည်းနေသည့်အတွက် အာဏာသိမ်း စစ်တပ်ဂိတ်များကို ရှောင်ကွင်းသည့် တောင်ကျော်လမ်းနှင့် ရွာချင်း ဆက်လမ်းမှတစ်ဆင့် ကုန်စည်များသယ်ယူပို့ဆောင်နေရကြောင်း ကုန်သည်နှင့် ယာဉ်မောင်းများက ပြောသည်။
ယခုလ ဧပြီလ ၂...















