Home Authors Posts by KIC News

KIC News

22136 POSTS 0 COMMENTS

တနောသရီတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ

မေလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အရပ်သား အမျိုးသားတစ်ဦး သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး...

လက်နက်စစ်တမ်း

လက်နက်စစ်တမ်း ထီဆေ့မေ့(မြစ်ဝကျွန်းပေါ်) ကိုယ်ပိုင်သင်တိုင်းနဲ့ ကိုယ်ပိုင်အလံ စိုက်ထူ အေးအေးလူလူ နေချင်ခဲ့တဲ့ လူမျိုး။ စစ်သမိုင်း အရိုင်းအစိုင်းတွေအောက် ဒူးမထောက်ချင်ကြတော့ အရှေ့ကျွန်းဆီ နေဝန်းနီကိုမျှော်ကြည့် ကိုယ့်လက်နက်တွေကိုပဲ ပြန်ကိုင်မိကြတယ်။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူမညီမျှမှတော့ ကိုယ့်ကြမ္မာဖန်တီးရေးအတွက် ကိုယ့်လက်နက်ကိုယ်ကိုင် ကိုယ့်ပန်းတိုင်ကိုယ်လျှောက် ဘယ်သူ့ကိုမှ ကြောက်မနေကြတော့ဘူး။ ကိုယ့်လက်နက်ကိုယ်ကိုင်...

နယ်စပ်ဆရာဝန် ဒေါက်တာဝိုရဝစ်ကို WHO က UAE ကျန်းမာရေးဖောင်ဒေးရှင်းဆု ချီးမြှင့်

မေ (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်တွင် ကျန်းမာရေးဝန်ဆောင်မှုအပြင် ကျန်းမာရေးကဏ္ဍလက်လှမ်းမီနိုင်ရေးကိုပါ လူသားချင်းစာနာထောက်ထားမှုဖြင့် လုပ်ဆောင်ပေးနေသည့် အုန်းဖန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝိုရဝစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO က UAE ကျန်းမာရေးဖောင်ဒေးရှင်းဆု ချီးမြှင့်လိုက်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ နယ်စပ်ဒေသကပြည်သူများအပြင် နိုင်ငံမဲ့များ၊ စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော်ကျန်းမာရေးအစီအစဥ်မှတဆင့် ကူးစက်ရောဂါကာကွယ်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး...

မြဝတီမှ အွန်လိုင်းငွေလိမ်လုပ်သူများ နေရာရွှေ့ပြောင်းမှု ခပ်စိပ်စိပ်ဖြစ်ပွားနေ

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ်(၅)၊ အမှတ်(၃)ရပ်ကွက်နေရာများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသူများ မော်တော်ယာဉ်များဖြင့် ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့မှစ၍ နေရာရွှေ့ပြောင်းမှု ခပ်စိပ်စိပ်ရှိလာကြောင်း မြဝတီမြို့ခံများက ပြောသည်။ လက်နက်ကိုင်ယာဉ်တန်းပေါ်တွင် စီးနင်းလိုက်ပါလာသည့် အဆိုပါကျားဖြန့်လုပ်ကိုင်သူများတွင် မြန်မာ...

ကရင်ဖြူစာပေပေါ်ပေါက်လာရေး စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်း

မေ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက် စာပေတစ်ရပ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကရင်ဖြူအရေးဆောင်ရွက်သူများဦးဆောင်ပြီး မေလ (၂၀)ရက်နေ့က ကရင်ဖြူစာပေနှင့်ယဉ်ကျေးမှုအသင်းကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ကရင်ဖြူ စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်းခြင်းမှာ ကရင်ဖြူစာပေတစ်ရပ်ပေါ်ပေါက်လာရေးကို အဓိကရည်ရွယ်သော်လည်း ယဉ်ကျေးမှုနှင့် ဘာသာစကားထိန်းသိမ်းမြှင့်တင်ရန်အတွက်လည်း ပါဝင်သည်ဟု ကရင်ဖြူလူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “ကျနော်တို့...

ဖာပွန်ကိုစစ်ကူလာသည့်စစ်အုပ်စု မီးရှို့သဖြင့် ဝါသိုးထ တစ်ရွာလုံး မီးလောင်ပျက်စီး

မေ၊ (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်/ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်းက မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ(၇၀)ဝန်းကျင်ရှိ ဝါသိုးထ တစ်ရွာလုံး မီးလောင်ပျက်စီးသွားကြောင်း ကေအဲန်ယူ-တပ်မဟာ(၅)မှ သိရသည်။ ဖာပွန်မြို့ကိုပြန်လည်ထိန်းချုပ်ရန် ကမမောင်းဘက်မှတဆင့် ဖာပွန်နှင့်မိုင်(၄၀)ခန့်အကွာရှိ မောလော်ကလိုးရွာကိုဖြတ်ကျော်လာသော စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရွာအနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။...

လိပ်သို-တောင်ငူလမ်းတွင် လူနာတင်ယာဉ် တိုက်ခိုက်ခံရ၍ (၁)ဦး သေဆုံး၊ (၄)ဦးဒဏ်ရာရ

မေ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က လူနာတင်ဆောင်လာသည့် ပရဟိတအဖွဲ့၏မော်တော်ယာဥ်တိုက်ခိုက်ခံရပြီး လူမှုကူညီရေးလုပ်ဆောင်သူ လူငယ်(၁)ဦး သေဆုံး၍ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတအဖွဲ့အသိုင်းအဝိုင်းနှင့်ဒေသခံများထံမှ သိရသည်။ ထိုနေ့ ည(၈)နာရီအချိန်က တောင်ငူမြို့မှ စတင်ထွက်ခွာလာသည့် အဆိုပါမော်တော်ယာဥ်မှာ...

မဲဆောက်ဘက်မှ စက်သုံးဆီပြန်ရောင်းပေးနေ၍ ဝယ်သူများပြီး အမှတ်(၁)တံတားပေါ် ယာဥ်ကြောပိတ်ဆို့မှုဖြစ်

မေ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်များတွင် မေလ(၁၀)ရက်နေ့ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံဘက်မှ မော်တော်ယာဥ်များကို စက်သုံးဆီ ပြန်လည်ရောင်းချပေးနေသဖြင့် မြဝတီ-မဲဆောက်တံတားအမှတ်(၁) ပိတ်သည်အထိ ဝယ်ယူသူများပြီး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်လာကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။ အီရန်နှင့်အမေရိကန်စစ်ပွဲကြောင့် စက်သုံးဆီဂယက်ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့်မတ်လမှစပြီး မြန်မာမှယာဥ်များ...

သံလွင်မြစ်ကမ်းဘေးက ရွေးချယ်ခွင့်မဲ့ဘဝများ

သံလွင်မြစ်ကမ်းဘေးက ရွေးချယ်ခွင့်မဲ့ဘဝများ နန်းသမော့ဟိ ( မေလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ) “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက အဆင်ပြေတယ်။ အခုတော့ မြစ်ထဲကဟာတွေ စားရင် အဆိပ်ဖြစ်မယ်ဆိုလို့ မစားရဲတော့ဘူး။ တောထဲက ချောင်းငယ်တွေမှာ လိုက်ရှာရတာပေါ့။ အဆင်မပြေရင်တော့ ဝယ်စားရမှာပဲ။...

တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ

တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ “ကျမတို့ စာအုပ်စာပေခေတ်မှာပဲ နေခဲ့မယ်ဆိုရင် ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့မှာ စာပေရှိပါလျက်နဲ့ ဒီလို ဒီဂျစ်တယ်ခေတ်စနစ်မျိုးနဲ့ မသွားနိုင်ရင် စာပေတွေက ပျောက်ကွယ်သွားနိုင်တယ်။” အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PLITDT) သုတေသနနှင့် မှတ်တမ်းအဖွဲ့ တာဝန်ခံ နန့်ခလိန်ဒိုဆန်းဟီဖလောင်နှင့် တွေ့ဆုံမေးမြန်းခြင်း မေလ ၂၀ ရက်၊...
Donate