KIC News
ကရင်နီနှင့် ရှမ်းတောင်ဒေသသို့ တစ်လအတွင်း ၃၁ ကြိမ် ဗုံးကြဲခံရ
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ (ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများသို့ စစ်ကောင်စီက လေကြောင်းမှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၃၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
ယခုလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့်...
ကရင်အမျိုးသားအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးပြည်သူလူထုများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေ ကြောင်း သူရဘွဲ့ရ ဗိုလ်မှူးဒါဘောပြော
ဖေဖော်ဝါရီလ ၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တော်လှန်နေခြင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေး တစ်ခုအတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်ဟု သူရဘွဲ့ ချီးမြင့်ခြင်းခံရသူ KNLA ၏ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့တွင်...
ကျုံဒိုးတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကျုံဒိုးမြို့နယ်၊ လောင်းကိုင်အုပ်စု ဖားကျကျေးရွာထဲသို့ ဖေဖော်ဝါရီ (၁) ရက်၊ ယမန်နေ့တွင် စစ်ကောင်စီက နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ...
မြဝတီမှ ထိုင်းဘက်ခြမ်းသို့ သယ်ဆောင်လာသော ကျားဖြန့်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိ
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြောင်း သယ်ဆောင်လာသော ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာများအပါအဝင် စမတ်ဖုန်းနှင့် ဆင်းကတ်အများအပြားကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁...
အရှိန်မြင့်လာသည့် အာဏာရှင်စနစ် အမြစ်ဖြတ် တော်လှန်ခရီး
အရှိန်မြင့်လာသည့် အာဏာရှင်စနစ် အမြစ်ဖြတ် တော်လှန်ခရီး
နန့်ဆန်းထီ
(ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်)
“အဲဒီနေ့က ဖုန်းလိုင်းတွေရော၊ အင်တာနက်လိုင်းတွေရော မရတော့လို့ ဘာဖြစ်ကုန်လဲ လိုက်မေးတာ သူများ ပြောမှ အာဏာသိမ်းမှန်းသိတယ်။ အိမ်မှာ ဝိုင်ဖိုင်တပ်ထားတော့ ဖုန်းအင်တာနက်မရပေမယ့်လည်း သတင်း တက်လာနဲ့ အာဏာသိမ်းမှန်းသိသွားတာ”
စသည့် ပြောဆိုမှုများမှာ...
ဘီးလင်းရှိ မဲပလီစခန်းကို ကေအဲန်ယူ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူးအဆင့်အပါအဝင် ၂၀ ကျော်အရှင်ဖမ်းမိ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီ(မယ်ပရေးခီး)စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရမိသည်ဟု ကေအဲန်ယူက ပြောသည်။...














