KIC News
ကရင့်တော်လှန်ရေးနေ့တွင် ညောင်လေးပင်ခရိုင်အတွင်း လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ ကရင့်တော်လှန်ရေးနေ့တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)၊ ဆောထိ (ရွှေ ကျင်) မြို့နယ် သေခိုဆယ်ဒဲကျေးရွာသို့ စစ်ကောင်စီ၏ လေယာဉ်နှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယမန်နေ့က ဇန်နဝါရီလ...
မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှု ဖြစ်ပွား၍ နေအိမ် ၂ လုံး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ညနေ ၃ နာရီကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ လူနေ ၂ လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
ဇုံ C ၊ ရပ်ကွက် C1B တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ပြီး အမှိုက်ပုံမီးစတင်လောင်ကျွမ်းရာမှတဆင့်...
မြဝတီ၊ ကော့ကရိတ်ဒေသအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် နေ့၊ညတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကမိုင်ကုန်း၊ တောင်ကြာအင်း ကျေးရွာနှင့် မြဝတီမဲကနယ်၊ ရွှေမြစန္ဒီကျေးရွာ များအား စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့ရောညပါ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှင့် ကျေးရွာအုပ်ချုပ်ရေးရုံးများ ထိခိုက်ပျက်စီးကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များက ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့်...
ထိုင်းနိုင်ငံတွင်း ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၇၀ နီးပါး ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းတစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ဇန်နဝါရီ (၃၁) ရက်နေ့တွင် Scand Asia သတင်းဌာန၌ ဖော်ပြထားသည်။
အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၉)...
နှလုံးမူရမည့် ကော်ခိုစောဘဦးကြီး၏ တော်လှန်ရေးအောင်မြင်ရေး နည်း ၃သွယ်ကို ချိန်ထိုးလေ့လာခြင်း (အယ်ဒီတာ့အာဘော်)
အယ်ဒီတာ့အာဘော်
နှလုံးမူရမည့် ကော်ခိုစောဘဦးကြီး၏ တော်လှန်ရေးအောင်မြင်ရေး နည်း ၃သွယ်ကို ချိန်ထိုးလေ့လာခြင်း
ယနေ့ ဇန်နဝါရီ ၃၁ရက်၊ ၂၀၂၅ရက်သည် ကရင့်တော်လှန်ရေး ၇၆နှစ်ပြည့်သည့်နေ့ရက် ဖြစ်သည်။ ယခုလို ကရင့်တော် လှန်ရေး နှစ်ပတ်လည် အချိန်အခါ၌ ထူးခြားတိုက်ဆိုင်သည်မှာ မြန်မာနိုင်ငံတဝန်းလုံး၌ စစ်အာဏာရှင်တော်လှန်ရေး ပြည်တွင်းစစ်အရှိန် မြင့်တက်နေချိန်လည်း ဖြစ်သည်။
ထိုသို့ နိုင်ငံတဝန်းလုံး...
ဘီးလင်းမြို့နယ်ရှိ တာအုနီ (ဒေါင်းဇံကြီး)ဘုန်းကြီးကျောင်းဝင်းအတွင်း ကာမီကာဇီဒရုန်း ၅ လုံး တိုက်ခိုက်ခံရ
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးသထူးခရိုင်/တပ်မဟာ(၁)ဘီးလင်း မြို့နယ် တာအုခီးကျေးရွာအုပ်စု တာအုနီ(ဒေါင်းဇံကြီး)ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ကာမီကာဇီ အသေခံ ဒရုန်း ၅ လုံးဖြင့်...
မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး
ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ မြဝတီမြို့မှ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသား ၅ ဦးကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု နေရှင်းသတင်းဌာန (The Nation Thailand)သတင်း၌ ဖော်ပြထားသည်။
ထိုင်း...
ထိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် အဆိုပြုခဲ့
ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အောက်လွှတ်တော်၌ အစိုးရသို့ အဆိုပြုတင်ပြခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။
တရားမျှတသောပါတီမှ လွှတ်တော်အမတ် ကန်နဗီ ဆုဘ်စန်က ဒုက္ခသည်များကို လူဝင်မှုကြီး...














