KIC News
လွတ်လပ်သည့် ကရင့်နိုင်ငံတော် တည်ဆောက်နိုင်ရေး စုစည်းချီတက်ကြရန် KNU ဗဟိုအမြဲ တမ်းကော်မတီဝင် ပဒိုနော်ဒါးဒါး တိုက်တွန်း
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်သည့် ကရင့်နိုင်ငံတော်တည်ဆောက်ရေးအတွက် တစ်ခုတည်းသောအလံတော်အောက်တွင် လက်တွဲညီညီဖြင့် စုစည်းချီတက်ကြရန် ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကရင်အမျိုး သားနေ့အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုနော်ဒါးဒါးက တိုက်တွန်းပြောဆိုသည်။
၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင် တစ်နေရာတွင်...
လူကုန်ကူးခံရသူ နိုင်ငံခြားသားများကို ရှာဖွေပြန်ပို့ပေးမည်ဟု DKBA ဒုစစ်ဦးစီးချုပ်ပြော
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေအတွင်း လူကုန်ကူးခံရပြီး ပျောက်ဆုံး နိုင်ငံခြား သားများကို ရှာဖွေပြန်ပို့ပေးသွားမည်ဟု အဖွဲ့ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ DKBA နယ်မြေအတွင်း ကျားဖြန့်(အွန်လိုင်းငွေကြေးလိမ်လည်မှု)လုပ်ငန်းများ၌ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၁၀၀...
ကရင့်လက်နက်ကိုင် ၄ ဖွဲ့ကျင်းပသည့် ကရင်အမျိုးသားနေ့ လူထုတစ်ထောင်နီးပါး ပူးပေါင်းပါဝင်
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅၊ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံ-KNU အပါအဝင် ကရင့်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့စုပေါင်းပြီး ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ကို ပိုင်ကျုံမြို့နယ်၊ ဝင်းဖရားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထုတစ်ထောင်နီးပါး ပါဝင်ပူးပေါင်းတက်ရောက်ခဲ့ကြသည်။
ကေအဲန်ယူ ပိုင်ကျုံမြို့နယ်က ဦးဆောင်ပြီး...
BGF ခေါင်းဆောင် ဗိုလ်ချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရရှေ့နေများ ဆွေးနွေးနေ
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရရှေ့နေများက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆွေးနွေးနေသည်ဟု ထိုင်းအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Thai PBS သတင်း၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန...
အာဏာရှင်ဝါဒနှင့် ထောက်တိုင်များ ဖြိုချရန် ကေအဲန်ယူ ဥက္ကဋ္ဌ တိုက်တွန်း
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လူမျိုးစုများနှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းကို အဟန့်အတားဖြစ်စေသည့် အာဏာရှင်ဝါဒနှင့် ထောက်တိုင်များကို ဖြိုချရန် ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်း ပြောဆို လိုက်သည်။
ယနေ့ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်း၌ ယခုလို...
ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် ပဲစိုက်ပျိုးထွက်ရှိမှုနှုန်းကောင်း၍ တောင်သူများ အဆင်ပြေ
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် စစ်တောင်းမြစ် အရှေ့နှင့် အနောက်ခြမ်းဒေသများတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန် နုန်းမြေ တင်ကျန်မှုများရာမှ ပဲစိုက်ပျိုးထွက်ရှိမှုနှုန်းကောင်းသဖြင့် တောင်သူအချို့ အဆင်ပြေကြကြောင်း သိရသည်။
မတ်ပဲနှင့်ပဲစင်းငုံ စိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုတွင်ပါဝင်သည့် ပဲခူးတိုင်းဒေသကြီးသည် ကေအဲန်ယူ...














