Home သတင်း စစ်ရေးပဋိပက္ခကြားက ဒူးသထူခရိုင် ပညာသင်နှစ်

စစ်ရေးပဋိပက္ခကြားက ဒူးသထူခရိုင် ပညာသင်နှစ်

520

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၅ခုနှစ်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခု ၂၀၂၄-၂၅ ပညာသင်နှစ်တွင် ခရိုင်အတွင်း စာသင်ကျောင်းအများစုမှာ နှစ်ကုန်စာမေးပွဲကို သတ်မှတ်ချိန်ထက်စောပြီး ဖြေဆိုခဲ့ကြရသည်။

၎င်းအပြင် လုံခြုံရေးအာမခံချက် မရှိသည့်အခြေအနေကြောင့် ခရိုင်အတွင်း စာသင်ကျောင်း အများစုသည် ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ လုံခြုံသည့် နေရာတွင်သာ ကျောင်းသား ကျောင်းသူကလေးငယ်များအား စာသင်ကြားပို့ချပေးခဲ့ကြရသည်။

ထိုအခြေအနေကြောင့် ယခုပညာသင်နှစ်အတွက် နှစ်ကုန်စာမေးပွဲကိုလည်း လက်နက်ကြီးနှင့် လေကြောင်းရန်များကြားက ယခုလကုန်ပိုင်းတွင် အဆင်ပြေသလို စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့ကြသည်။

အလားတူ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသော ဒေသခံ အရပ်သားပြည်သူများအထဲတွင် ကျောင်းနေအရွယ် ကလေးသူငယ် များစွာ ပါဝင်ပြီး ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ကြရသည်ဟု ကရင့်ပညာရေးလှုပ်ရှားသူများက ပြောဆိုသည်။