KIC News
ရေးဘီလူး စခန်းနေရာတဝိုက် လေကြောင်းထပ်မံတိုက်ခိုက်ခံရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံး
ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့ စခန်းနေရာတဝိုက်မှာ ယနေ့ ဇွန်လ(၃)ရက် မနက်(၁)နာရီက စစ်အုပ်စုလေယာဥ်ဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံးသွားကြောင်း ဒေသတွင်း နီးစပ်ရာသတင်းအရင်းအမြစ်မှ သိရသည်။
ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်တွင် စခန်းနေရာ (၂)မိုင်ပတ်လည်ကို စစ်အုပ်စုလေယာဥ်ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူသေဆုံးမှုနှင့်အတူ နေအိမ်တစ်လုံးလည်း...
သံလွင်မြစ်အတွင်း အာဆင်းနစ်အဆိပ်သင့်မှု အခြေအနေနှင့် ပတ်သက်၍ ကရင်သုတေသနပညာရှင် စောဖိုးရှီးအား ဆက်သွယ်မေးမြန်းခြင်း။
“သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ လူထုတွေကို ထိခိုက်စေမယ့် အရာတွေနဲ့ ပတ်သက်ပြီး ကာကွယ်မှုပိုင်းမှာ တိကျသေချာတဲ့ အသိပညာပေးတာတွေ၊ ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့တွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။”
သံလွင်မြစ်အတွင်း အာဆင်းနစ်အဆိပ်သင့်မှု အခြေအနေနှင့် ပတ်သက်၍ ကရင်သုတေသနပညာရှင် စောဖိုးရှီးအား ဆက်သွယ်မေးမြန်းခြင်း။
ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
(Arsenic)...
TNLA ယမ်းဂိုဒေါင်ပေါက်ကွဲမှု ကယ်ဆယ်ရေး ပြီးစီး၊ အရေးပေါ်အကူအညီများ လိုအပ်နေ
ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ(၃၁)ရက်နေ့ဖြစ်ပွားခဲ့သော တအာင်းတပ်-TNLA ထိန်းချုပ်သည့် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုတွင် သေဆုံးဒဏ်ရာရသူများကို သယ်ယူကယ်ဆယ်ရေး လုပ်ငန်းများ ယမန်နေ့ ဇွန်လ(၁)ရက်က ပြီးစီးခဲ့ပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း တအာင်းဒေသအရပ်ဖက်အဖွဲ့များထံမှ သိရသည်။
အဆိုပါယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ယမန်နေ့ကအထိ သေဆုံးသူ(၅၅)ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ...
ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်
ဇွန် (၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏ထင်ရှားသော ရုပ်ရှင်ဒါရိုက်တာနှင့် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ မင်းထင်ကိုကိုကြီးမှာ ယနေ့ မေလ(၂)ရက်နေ့ မနက်ပိုင်းတွင် အသည်းကင်ဆာရောဂါဖြင့် ပြည်တွင်း၌ ကွယ်လွန်သွားကြောင်း သူ၏မိတ်ဆွေအသိုင်းအဝိုင်းက ပြောသည်။
လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ-HDFIနှင့် ရုပ်ရှင်ပွဲတော် တည်ထောင်သူလည်းဖြစ်သလို ကဗျာဆရာတစ်ဦးလည်းဖြစ်သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ အသည်းကင်ဆာရောဂါဝေဒနာကို ကာလကြာရှည်ခံစားခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက်(၆၅)နှစ်...
ကရင်လူငယ်အစည်းအရုံး ၏ နွေရာသီလူငယ်စခန်းသွင်းသင်တန်း ခရိုင် (၅) ခုတွင် ပြုလုပ်ပြီးစီး၊ လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့
ဇွန်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင် ပြီးခဲ့သည့် မတ်လမှ မေလအထိ (၃) လကြာ ဖွင့်လှစ်ခဲ့သော နွေရာသီလူငယ်စခန်းသွင်းသင်တန်း (Summer Youth Camp) သည်...
စစ်အုပ်စုဖမ်းဆီးခံ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် RSF မှချီးမြှင့်သည့် သတ္တိရှင်ဆု ရရှိ
ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရခိုင်တွင် သတင်းယူနေစဥ် စစ်အုပ်စု၏ ဖမ်းဆီးထောင်ချခံလိုက်ရသည့် မြန်မာ့သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို နယ်စည်းမခြားသတင်းသမားများအဖွဲ့-RSF မှ သတ္တိရှင်(Courage Prize) ဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ(၁)ရက်နေ့က (၇၇)ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာညီလာခံတွင် ထည့်သွင်းပြုလုပ်ခဲ့သော RSF ၏...
လယ်ဒိုတွင် စစ်အုပ်စုလက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး
ဇွန်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ၃၀...
ဘန်ကောက်ရှိ လိုင်စင်မဲ့စာသင်ကျောင်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၆)ဦး ဖမ်းဆီးခံရ
ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တရားဝင်လိုင်စင်မရှိဘဲ ၅ နှစ်ကျော်ကြာ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ခုကို ပြီးခဲ့သည့် စနေနေ့(မေလ ၃၀ ရက်)က ထိုင်းအာဏာပိုင်များမှ ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားအပါအဝင် (၆)ဦးဖမ်းဆီးခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
သူငယ်တန်းမှ အလယ်တန်းအထိ ကျောင်းသူ၊...
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်၌ ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်
ဇွန်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အာဏာသိမ်း စစ်အုပ်စုနှင့် အကျဉ်းဦးစီးဌာနတို့၏ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း( ၂၈၂ ) ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်...
ကြားကာလပညာရေးလှုပ်ရှားသူ CDM များကို လခပေးဝန်ထမ်း ခန့်အပ်ရန် ပညာရေးညီလာခံတိုက်တွန်း
ဇွန် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG အပါအဝင် ပညာရေးအဖွဲ့များ ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ အဆင့်မြင့်ပညာရေးနှင့်သက်မွေးပညာရေး ညီလာခံက တိုက်တွန်းသည်။
တန်းတူညီမျှမှုရှိပြီး အရည်အသွေးပြည့်မီသော ဖက်ဒရယ်ပညာရေးစနစ် ဖန်တီးရန်၊ ကြားကာလမှအသွင်ကူးပြောင်းရေးကာလအတွင်း...















