KIC News
လာအို-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အဖြစ် အာဏာသိမ်းသမ္မတ လာအိုနိုင်ငံသို့ သွားရောက်မည်
ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လာအို-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည်ဇနီးဖြစ်သူနှင့်အတူ လာမည့် ဇူလိုင်လ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လာအိုသမ္မတ သွန်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏...
သစ်ပင်သစ်တောများကို တန်ဖိုးထားတတ်စေရေး ဖားအံခရိုင်အတွင်း (၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှု စတင်
ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သစ်ပင်၊ သစ်တောများ၏တန်ဖိုးကိုသိရှိလာစေရန်နှင့် တန်ဖိုးထားတတ်စေရန်ရည်ရွယ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်တစ်နေရာတွင် ကေအဲန်ယူဗဟိုနှင့်ခရိုင်သစ်တောဌာနတာဝန်ရှိသူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ(၁)ရက်နေ့၌ (၉)ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများခေါင်းဆောင်မှုဖြင့် ဗဟိုနှင့်ခရိုင်သစ်တောဌာနအဖွဲ့ဝင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇)...
ခွန်ဥက္ကာ ဦးဆောင်သည့် PNLO (NCA-S) အဖွဲ့ တရားဝင်မှုမရှိကြောင်း PNLO ထုတ်ပြန်
ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယကအဖြစ်မှ နုတ်ထွက်သွားသည့် ခွန်ဥက္ကာ ဦးဆောင်၍ PNLO (NCA-S) အမည်ဖြင့် သီးခြားအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေမှုများသည် မိခင်အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းတို့သည် PNLO ကို တရားဝင်ကိုယ်စားပြုသည့်...
ဘုရားသုံးဆူမြို့တွင် မှုခင်းဖြစ်ပွားမှုများလာ၍ ညအချိန် လုံခြုံရေးတိုးမြှင့်ချထား
ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့၊ ဘုရားသုံးဆူတွင် မှုခင်းမျိုးစုံ ဖြစ်ပွားမှုရှိလာသဖြင့် ပြည်သူလူထုလုံခြုံမှုရှိစေရန် မြို့လုံခြုံရေးတိုးမြှင့်ကာ ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့၊ ညပိုင်းမှစ၍ အသွားအလာစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
မြို့အတွင်း လူသတ်မှု၊ ခိုးမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု အစရှိသဖြင့် ဖြစ်ပွားမှုများလာ၍...
KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်
KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်
Fact Check | KIC / Dawei Watch / The Red Flag / MFCN
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၅)...
မြဝတီမြို့တွင် လူငယ်လူရွယ်များ ပေါ်တာဆွဲခံရမှု ပိုများလာ
ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင် လူငယ်များ ပစ်မှတ်ထား၍ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုအဖြစ် များလာကြောင်း မြို့ခံများက ပြောသည်။
မြဝတီ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊...
မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ
ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပရပ်ကွက် (၁၀) ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်များက ယနေ့ (ဇွန်လ ၃၀ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု Mae...
FED (မဲဆောက်)တာဝန်ခံ ဆရာမ နော်တာအယ်နှင့်မေးမြန်းခြင်း။
“ထိုင်းအစိုးရရဲ့ ဒီဥပဒေစည်းမျဉ်းစည်းကမ်းက ကျမတို့အတွက် ကောင်းတဲ့အရာပဲ။ တစ်ခုခုဖြစ်ရင် အစိုးရက ကျမတို့ကိုလိုက်ပေးလို့ရတယ်။”
FED (မဲဆောက်)တာဝန်ခံ ဆရာမ နော်တာအယ်နှင့်မေးမြန်းခြင်း။
ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးစစ်ဆေးခြင်း၊ တရားဝင်စာရွက်စာတမ်းနှင့်ကွဲလွဲမှုရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးခြင်းအပြင် ဧည့်စာရင်းတိုင်နေထိုင်မှုရှိ၊ မရှိ စစ်ဆေးဖမ်းဆီးမှုများကို ယခုဇွန်လအတွင်း...
ထိုင်းတွင် အဖမ်းအဆီးများသော်လည်း ခိုးဝင်မြန်မာအလုပ်သမား မပြတ်ရှိ၊ တရားမဝင်နည်းဖြင့် မလာကြရန် JACBA တိုက်တွန်း
ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းအစိုးရစီမံချက်အရ ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများ တိုးမြှင့်လာသော်လည်း တရားမဝင်လမ်းကြောင်းဖြင့်ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသည့် မြန်မာအလုပ်သမားများရှိနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။
လက်ရှိအချိန်သည် ထိုင်းနိုင်ငံအတွင်း အစစ်အဆေးတင်းကြပ်နေသည့်ကာလဖြစ်သဖြင့် လာရောက်အလုပ်လုပ်ကိုင်ရန် မသင့်တော်သလို အထောက်အထားမရှိပါက တရားမဝင်နည်းလမ်းဖြင့် မလာကြရန် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက...
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဒုက္ခသည်စခန်းအတွင်း ကျောင်းသူ၊ ကျောင်းသား တစ်ထောင်ခန့် လျော့နည်း
ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲရှိစာသင်ကျောင်းများတွင် ယခင်ပညာသင်နှစ်နှင့် ယခု၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့ နှိုင်းယှဥ်ပါက ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်ထောင်(၁,၀၀၀)ခန့် လျော့နည်းလာကြောင်း ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာပညာရေးအဖွဲ့ (KRCEE)တာဝန်ရှိသူထံမှ သိရသည်။
ဒုက္ခသည်စခန်းအတွင်း ရိက္ခာထောက်ပံ့မှု လျော့နည်းလာပြီးနောက် မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်သူ၊ ကျောင်းဆက်တက်ရန်အခက်အခဲရှိသည့်...














