KIC News
ဖလူး-မင်းလက်ပံတိုက်ပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုဘက်မှ အင်အားပူးပေါင်းကူညီနေ
ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ရာမတီး/မြဝတီမြို့နယ်ထဲရှိ နယ်မြေများပြန်လည်ရယူရန် စစ်အုပ်စုက လေးကေကော်မှတစ်ဆင့် ဖလူး-မင်းလက်ပံသို့ အင်အားရာနှင့်ချီတက်လာပြီး ထိုအထဲတွင် ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ခွဲထွက် DKBA ဗိုဘ်ဘိအဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
လေးကေကော်မြို့သစ်ထဲဝင်လာသည့် စစ်အုပ်စုက...
ဖမ်းဆီးခံထားရသည့် သထုံမြို့နယ်၊ ဝင်းစိန်ရွာ ဒေသခံ (၈) ဦးအနက် (၄) ဦး ပြန်လည်လွတ်မြောက်
ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာ ရွှေညောင်ပင်ကွက်သစ်ရှိ စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ဒေသခံအမျိုးသား(၈)ဦးအနက် (၄)ဦးမှာ ဇွန်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့က စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင် အင်အားအများအပြားဖြင့် ဝင်းစိန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး...
မဲဆောက်တွင် လျှပ်စစ်နှင့် ရေမီတာခများကို မိုဘိုင်း App ဖြင့်သာ ပေးဆောင်ရမည့်စနစ် စတင်၊ မြန်မာလုပ်သားများ အခက်အခဲရှိနိုင်ဟု ဆို
ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် လျှပ်စစ်မီတာခနှင့် ရေခွန်များကို မြို့နယ်စည်ပင်ရုံး၌ လူကိုယ်တိုင် သွားရောက်ပေးဆောင်သည့်စနစ်ကို ပြီးခဲ့သည့် ဇူလိုင် (၆) ရက်မှစတင် ရပ်ဆိုင်းလိုက်ပြီး မိုဘိုင်းဖုန်း Application မှတစ်ဆင့် ပေးဆောင်ရသည့်စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရသည်။
အဆိုပါ...
KK Park ခြံဝန်းနေရာမှစစ်အုပ်စုက ဖလူး-မင်းလက်ပံဘက်သို့ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေ
ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ရာမတီး/မြဝတီမြို့နယ်၊ မြို့တောင်ပိုင်းရှိ မင်းလက်ပံနှင့်ဖလူးကျေးရွာများဘက်သို့ KK Park ခြံဝင်းနေရာမှစစ်အုပ်စုက ယမန်နေ့ (ဇူလိုင် ၇ ရက်)ညပိုင်းမှ လက်ရှိအချိန်ထိ လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြု ပစ်ခတ်တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့်...
သထုံခရိုင်တွင် စစ်အုပ်စုနှင့် KNLA တို့ တိုက်ပွဲပြင်းထန်၊ စစ်အုပ်စု အရာရှိ (၂) ဦးသေဆုံး
ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်အုပ်စုဘက်က တပ်ခွဲမှူးအဆင့်ရှိသူ (၂) ဦးသေဆုံးသွားကြောင်း သထုံခရိုင် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်(၅)ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့မှတဆင့်...
ခရီးသွားစည်ကားလာသည့် သံတောင်ကြီး၊ နော်ဘူဘောဆုတောင်းတောင်တွင် စည်းကမ်းလိုက်နာကြရန် ဒေသခံများလိုလား
ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ၊ နော်ဘူဘောဆုတောင်းတောင်တွင် ယခုရက်ပိုင်းအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များဖြင့် ပြန်လည်စည်ကားလာပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဝတ်စားဆင်ယင်နေထိုင်မှုနှင့် အမှိုက်စွ့န်ပစ်ရာ၌ စည်းကမ်းလိုက်နာကြရန် ဒေသခံများက တိုက်တွန်းသည်။
တောင်ပေါ်တွင် သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားသော်လည်း လာရောက်လည်ပတ်သူအချို့မှာ အမှိုက်များကို စနစ်တကျစွန့်မပစ်ခြင်း၊ ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာနယ်မြေအတွင်း...
BGF က ငြိမ်းချမ်းခြင်းအယောင်ပြ ထီးမူးထအပန်းဖြေစခန်း ဖော်ဆောင်နေသော်လည်း ဒေသခံတစ်ချို့ စစ်ဘေးရှောင်နေရဆဲ
ဇူလိုင်၊ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ရာမတီး/မြဝတီမြို့နယ်တောင်ပိုင်းရှိ ထီးမူးထချောင်းတွင် ကရင်နယ်ခြားစောင့်တပ်-BGF ဗိုလ်မှူးစောမုတ်သုန်ဦးဆောင်ပြီး ဒေသတည်ငြိမ်အေးချမ်းသယောင်ပြ အပန်းဖြေစခန်းနေရာ အကောင်အထည်ဖော်နေသော်လည်း ရွာခံတစ်ချို့ မှာ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဒေသတွင်းတည်ငြိမ်မှု အာမခံချက်မရှိသည့်အတွက် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်မည်ကို စိုးရိမ်မှုကြောင့်...
ထိုင်းတွင် ယာဥ်တိုက်မှုကြောင့် သံဃာတော်(၁၀)ပါးသေဆုံးမှု ကျူးလွန်သူကလေးငယ်ကို ယာဥ်မောင်းသင်ပေးသူရှိ၊ မရှိ ရဲတပ်ဖွဲ့စုံစမ်းနေ
ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာအနီး လမ်းမကြီးတစ်ခုပေါ်၌ ဇူလိုင်လ(၂)ရက်နေ့က ဖြစ်ပွားခဲ့သော သံဃာတော်(၁၀)ပါးသေဆုံးမှု ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် ကျူးလွန်သူကလေးငယ်အား လူကြီးတစ်ဦးဦးက ယာဥ်မောင်းသင်ပေးခဲ့ခြင်းရှိ၊ မရှိ ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
အူဘွန်ရချ်ဌာနီခရိုင်၊ နမ်ခွမ်ဒေသမှ မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာဘက်သို့...
ကော်သူးလေဒေသ ကျောင်းဆရာ၊ ဆရာမများအတွက် အမေရိကန်ဒေါ်လာတစ်သိန်း ပညာရေးရန်ပုံ ငွေ ရှာဖွေရေးကမ်ပိန်း စတင်
ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒေသတွင်းပဋိပက္ခများကြောင့် ကရင့်ပညာရေးကဏ္ဍတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကျောင်း ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ကျောင်းဆရာများအလုပ်အဖွဲ့ (KTWG) တို့ ပူးပေါင်း၍ ပညာရေးရန်ပုံငွေ ရှာဖွေရေး ကမ်ပိန်းတစ်ရပ်ကို...
NUG နဲ့ NUCC ၏ ဖက်ဒရယ်အသွင်ကူး ပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ(AFTA) Zero draft ရေးဆွဲပြီးစီး
ဇူလိုင် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC နှင့်အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ(AFTA) Zero draft ကို ရေးဆွဲပြီးစီးသွားကြောင်း ယနေ့ဇူလိုင်လ (၅)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။
အဆိုပါအခြေခံဥပဒေတွင် ဥပဒေအခန်းပေါင်း(၁၃)ခန်းပါဝင်ပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်များအားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up...














