Home သတင်း လစ်လပ်‌နေ‌သော KSNG ဥက္ကဋ္ဌတာဝန်များအတွက် ပြန်လည်တင်‌မြှောက်

လစ်လပ်‌နေ‌သော KSNG ဥက္ကဋ္ဌတာဝန်များအတွက် ပြန်လည်တင်‌မြှောက်

1992

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့(KSNG)သည် ၎င်းတို့အဖွဲ့၏ လစ်လပ်‌နေ‌သော ဥက္ကဋ္ဌတာဝန်နှင့် ဒုတိယဥက္ကဋ္ဌ တာဝန်များ ကို ဒီဇင်ဘာလ ၂၂ရက်မှ ၂၃ရက်‌နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်မြို့နယ် ထိန်းချုပ်နယ်‌မြေအတွင်း၌ ကျင်း ပသည့် (၁၉)ကြိမ်‌မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးတွင် ပြန်လည်တင်‌မြှောက်ခဲ့သည်။

အဆိုပါ နှစ်ပတ်လည်အစည်းအ‌ဝေးသို့ ဗဟို‌ကော်မတီဝင်များ၊ အဖွဲ့ဝင် (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်ပ‌ရောက်အဖွဲ့ဝင် ‌ဟောင်း အပါအဝင် ကိုယ်စားလှယ်(၆၀)ဦး တက်‌ရောက်ခဲ့ကြပြီး မကြာ‌သေးခင်က တာဝန်မှနှုတ်ထွက်သွား‌သော ဥက္ကဋ္ဌ ‌နော်ဖရီ စဲလာ‌တော၏ ‌နေရာတွင် ဒုဥက္ကဌ ‌စောဆာ့က‌ဆောအားလည်း‌ကောင်း၊ ဒုဥက္ကဋ္ဌတာဝန်ကို ယခင်(Culture and Education) တာဝန်ခံ ‌နော်ဝါး‌ဖောတို့အားလည်း‌ကောင်း ‌ရွေး‌ကောက်တင်‌မြှောက်လိုက်ခြင်းဖြစ်သည်။

KSNG မီဒီယာတာဝန်ခံ ‌စော‌လောဒူးက “လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး တာဝန်‌ပေးတာဖြစ်သလို အစည်းအ‌ဝေး တက်‌ရောက် လာတဲ့ ကျ‌နော်တို့အဖွဲ့ဝင်အားလုံးရဲ့ သ‌ဘောထားကိုရယူပြီးမှ တင်‌မြှောက်လိုက်တာဖြစ်တယ်။ သူတို့တာဝန်ယူ လုပ်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
unnamednnamed
KSNG ၏ ဖွဲ့စည်းပုံအရ ဦး‌ဆောင်ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့(အီးစီ)ကို ၂နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံကျ‌ရောက်မှသာ ‌ရွေး‌ကောက်တင်‌မြှောက်‌လေ့ရှိ‌သော်လည်း လစ်လပ်သွားသည့် အ‌ရေး‌ပေါ်အ‌ခြေအ‌နေ‌ကြောင့် ယခုလို ပြန်လည် ‌ရွေး‌ကောက် တင်‌မြှောက်ရခြင်းဖြစ်‌ကြောင်းလည်း ၎င်းက ‌ပြောဆိုသည်။

ဒုဥက္ကဋ္ဌအဖြစ် တင်‌မြှောက်ခံရသူ ‌နော်ဝါး‌ဖောက“ပြည်တွင်း‌ကျောင်းသားအဖွဲ့‌တွေနဲ့ချိတ်ဆက်ပြီး လှုပ်ရှားသွားမယ်။ ပြီး‌တော့ ပြည်ပ‌ရောက် ကျမတို့အဖွဲ့ဝင်‌ဟောင်း‌တွေက‌နေတစ်ဆင့် ချိတ်ဆက်ပြီး ပြည်ပ‌ရောက်‌ကျောင်းသား‌တွေနဲ့ ပိုမိုလှုပ်ရှားသွားဖို့ ရှိ တယ်။ ကရင်‌ကျောင်းသား‌တွေရဲ့ အခန်းကဏ္ဍ တိုးတက်လာ‌အောင် လုပ်‌ဆောင်သွားမယ်”ဟု ‌ပြောသည်။

နှစ်ရက်ကြာကျင်းပခဲ့သည့် ၎င်းနှစ်ပတ်လည်အစည်းအ‌ဝေးတွင် တနှစ်တာလုပ်‌ဆောင်မှုများကို တင်ပြ‌ဆွေး‌နွေးခြင်း၊ ပြန်လည် ဆန်းစစ်ခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးခြင်းနှင့် ‌ရှေ့ဆက် ဗဟို‌ကော်မတီဝင်နှင့်အဖွဲ့ဝင်များကို ပိုမို ထိ‌တွေ့လာရန်၊ ‌နွေရာ သီ ကရင်စာ‌ပေနှင့် အဂင်္လိပ်စာ ရက်တိုသင်တန်း၊ အစီရင်ခံစာတင်ပြခြင်းသင်တန်း၊ ရုံးလုပ်ငန်းနှင့် မီဒီယာသင်တန်းများကို လုပ် ‌ဆောင်သွားရန် စသည့်‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

ကရင်ရိုးရာယဉ်‌ကျေးမှု ထိန်းသိမ်း‌ရေးနှင့် ပြည်တွင်း‌ကျောင်းသားများကို အကူအညီ‌ပေး‌နေသည့် KSNG ကို ၁၉၉၆ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌ အဖွဲ့ဝင် ၁ဝဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ‌ကျောင်းသားစုံညီပွဲ‌တော်၊ ကရင်ဒုက္ခသည်စခန်းများတွင် ကရင်လူမှုဘဝနှင့်ဆိုင်‌သော (FM)‌ရေဒီယိုအစီအစဉ်နှင့် ၃လတစ်ကြိမ် ‌ကျောင်းသားဂျာနယ် ထုတ်‌ဝေမှုများကို လုပ်‌ဆောင်လျှက်ရှိသည်။