KIC News
သစ်တောနှင့် လယ်ယာမြေကိစ္စ အစိုးရအား တင်ပြဆွေးနွေးရန်ရှိသည်ဟု ကေအဲန်ယူပြော
မေ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အသိအမှတ်ပြုထားသည့် ဒေသခံများ၏ သစ်တောနှင့် လယ်ယာကိစ္စရပ်များ၏ ပြဿနာဖြစ်ပေါ်နေမှုများကို ဖြေရှင်းရန် မြန်မာအစိုးရအား တင်ပြဆွေးနွေး ရန်ရှိသည်ဟု ကေအဲန်ယူ ဗဟိုမှ လယ်ယာနှင့်စိုက်ပျိုးရေးဌာနက ပြောဆိုသည်။
ကေအဲန်ယူ ဗဟိုမှ လယ်ယာနှင့် စိုက်ပျိုးရေးဌာနမှ ခေါင်းဆောင်အချို့သည် ကရင်ပြည်နယ် ဖားအံမြို့နယ် အတွင်း...
လူငယ်များစကားလက်ဆောင်
စောလားဖိုး ၂၁နှစ်
ဝါသနာ ပန်းချီ
ပညာအရည်အချင်း ၁၂တန်း
ကျနော်ရဲ့ဇာတိကတော့ ကရင်ပြည်နယ်လို့ပဲ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် မမွေးခင်ကတည်းက အဖေနဲ့အမေက စစ်ပြေးဒုက္ခသည်ဘဝနဲ့ ရောက်နေပြီ။ ကျနော်လည်း စစ်ပွဲကြားမှာပဲ မွေးလာတယ်။ ကျနော် မွေးချင်းမောင်နှမ သုံးယောက်ရှိ တယ်။ ကျနော်က ဒုတိယမြောက်သားပါ။ မိဘတွေကတော့ ရှိပါတယ်။ အခုလက်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာပဲ နေကြပါတယ်။
ကျနော့်မိဘတွေ ၁၉၉၉ခုနှစ်မှာ...
မအူပင်တွင် ငြိမ်းချမ်းရေးထောက်ခံကြိုဆိုပွဲ ပြုလုပ်
မေ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား၊ စအိုင်စူး
မအူပင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံကြိုဆိုသည့် အခမ်းအနားတစ်ရပ်ကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ တိုးရွှေဝါခမ်းမ၌ ယနေ့ ကျင်းပခဲ့ကြသည်။
နံနက် ၈နာရီမှ ၁ဝနာရီကျော်အထိ ပြုလုပ်ခဲ့သည့် ၎င်းအခမ်းအနားတွင် သဘာပတိအဖြစ်...
ဇွန်လအတွင်း အိမ်ရာအလုံး ၁၀ဝ ပြီးစီးအောင်ဆောက်မည်ဟု ကေအဲန်ယူပြောဆို
မေ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)က ဦးစီးပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေဖြစ်သည့် လှိုင်းဘွဲမြို့နယ်ရှိ မော်ဖိုးကေနှင့် မဲ့သရိဒေသများတွင် ဆောက်လုပ်လျက်ရှိသော တန်ဖိုးနည်း အိမ်အလုံး ၁၀ဝကို လာမည့်ဇွန်လအတွင်း အပြီးသတ် ဆောက်လုပ်ပေးသွားမည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ဧပြီ ၁ရက်နေ့မှစ၍ ကေအဲန်ယူတပ်ဖွဲ့ဝင်များ အပါအဝင် လက်သမား...
အယ်ဒီတာ့အာဘော်
ဘယ်သူပြိုင်လို့ လှပါတော့နိုင်
ယခုတလော အလုပ်သမားဆန္ဒပြမှုများ၊ လုပ်ငန်းရှင်နှင့် ဒေသခံတို့ကြား ပဋိပက္ခများ တရစပ် ဖြစ်ပွားနေသည့်ကြားမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲများကလည်း မြန်ပြည်တစ်လွှား လူသိများလျှက်ရှိ သည်။ အဆိုပါ လူထုဟောပြောပွဲများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မင်းကိုနိုင် ဦးဆောင်သော...
နာမည်ကြီး ကရင်အမျိုးသမီးအဆိုတော် ကဗျာဘွဲ့မှူး (ခ) နော်စေးမူဖောနှင့် ကရင်သတင်းဌာန တွေ့ဆုံမေးမြန်းခြင်း
မေလ ၂၃ရက်နေ့တွင် ကျရောက်သည့် ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို) ၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ကရင် ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ လော်ခီးလာတွင် ကျင်းပခဲ့ရာတွင် နာမည်ကြီး ကရင်အဆိုတော်များ ကဗျာဘွဲ့မှူး (ခ) နော်စေးမူဖော၊ ညီမ မီးမီးခဲနှင့် စမောလယ်နှင့် အခြားကရင်အဆိုတော်များ...
ထိုင်းစစ်တပ်အာဏာသိမ်းမှုကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သွားလာရေး အခက်ကြုံ
မေ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ထိုင်းနိုင်ငံတွင် မေလ ၂၂ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ၎င်းတို့နေ့စဉ် အလုပ်လုပ်ရန် သွားလာရေးအတွက် အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောဆို နေကြသည်။
“ဒီစစ်တပ်အာဏာသိမ်းနောက်ပိုင်း အလုပ်က ပုံမှန်ပဲ လည်ပတ်ပေမယ့် သွားလာရေးတော့ အရင်ထက် ပိုကြပ်လာတယ်။ ညနေ ဆိုုရင်...
ပြည်ကြီးအလှ စာရိတ္တ
(လကင်္ာဒီပ)
မေလ ၂၄၊ ၂၀၁၄။
ငါစီးပွား ကြီးပွားရင်ပြီးရော
လောကကြီး မီးပဲလောင်လောင်
တောင်တွေဖြိုပြို မြစ်တွေခမ်းခမ်း
ပန်းတွေကြွေကြွေ
ပြည်သူတွေ မူးယစ်ပဲစွဲစွဲ
မွဲလို့သေစမ်းပါစေ ဆိုတဲ့စိတ်များ
မွေးမြူထားကြလေရော့သလား ညီအစ်ကိုတို့။
လူ့စည်း ဘီလူးစည်း
တစ်ခုတည်း မထားကြပါနဲ့
စည်းကမ်းမဲ့လွန်းနေရင်
မကြာခင်ကျဆုံးခန်း ရောက်လာပါလိမ့်
အတိတ်က အမှတ်အသား
တိမ်စိုင်ကြား လကွယ်နေသည့်နယ်။
သူတို့တွေမှာများ...
ယာဉ်စည်းကမ်း လမ်းစည်းကမ်း
ကျောင်းစည်းကမ်း ရုံးစည်းကမ်း
သူ့လမ်းသူ့မူ အားလုံးသဘောတူ
နာယူလိုက်နာ ကျင့်ကြံ
တန်ဖိုးရှိတဲ့ လူသားများ
ကြီးပွားနေကြတဲ့လမ်းကြောင်းပဲလေ။
ငါတို့တွေမှာများ...
တော်လှန်ရေး အဖြစ်သဘော
ပြောပြောနေတဲ့...
ကေဝိုင်အို၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားသို့ ကရင်လူငယ် ၅၀၀ကျော်တက်ရောက်
မေ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်လူငယ်အစည်းအရုံး(ကေဝိုင်အို)၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ လော်ခီး လာ(လေးဝါး)၌ မေလ ၂၃ရက်နေ့တွင် ကျင်းပခဲ့ရာ ကရင်ဒေသအသီးသီးမှ ကရင်လူငယ် ၅၀၀ကျော် တက်ရောက်ခဲ့ကြသည်။
ကေဝိုင်အို တွဲဖက်အတွင်းရေးမှူး(၁) စောဂျက်ပစီက “ကျနော်တို့ ဒီကရင်လူငယ်အစည်းအရုံးရဲ့ ၂၅နှစ်ပြည့် ငွေရတုကို ကျင်းပ...
ကရင်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသုံးသပ်
မေ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လေ့လာသုံးသပ်ရန် ကရင်လူမှုအဖွဲ့အစည်းပေါင်း ၂ဝ ဖွဲ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မေ ၁၉ရက်မှ ၂၁ရက်နေ့အထိ ၃ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်သွားခဲ့ကြသည်။
"ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်...













