Home သတင်း ကရင်‌ရှေ့‌နေများကွန်ရက်က ဥပ‌ဒေ‌ရေးရာအမြင်ဖွင့်သင်တန်း ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်

ကရင်‌ရှေ့‌နေများကွန်ရက်က ဥပ‌ဒေ‌ရေးရာအမြင်ဖွင့်သင်တန်း ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်

1165

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ဥပ‌ဒေဘွဲ့ရနှင့် ဥပ‌ဒေဘာသာရပ် အထူးပြု တက်‌ရောက်‌နေသည့် ‌ကျောင်းသူ‌ကျောင်းသားများအတွက် ဥပ‌ဒေ‌ရေးရာ အမြင်ဖွင့်သင်တန်းကို လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ရက်မှ ၁၇ရက်‌နေ့အထိ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ခရစ်ယာန်‌ကောင်စီ၊ ယုဒသန်ခန်းမ၌ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သွားမည်ဟု ကရင်‌ရှေ့‌နေများကွန်ရက်က ယမန်‌နေ့က ‌ပြောသည်။

ကရင်‌ရှေ့‌နေများကွန်ရက် တာဝန်ခံ အထက်တန်း‌ရှေ့‌နေဖြစ်သူ ‌နော်ဆာမူခါးက “အခုလို ကရင်‌ရှေ့‌နေများ ကွန်ရက်က‌နေ ပထမ ဦးဆုံးအကြိမ် ဥပ‌ဒေ‌ရေးရာ အမြင်ဖွင့်သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က‌တော့ ဥပ‌ဒေ ‌ကျောင်းသူ‌ကျောင်းသား‌တွေနဲ့ ဘွဲ့ရ‌တွေ ကို ဥပ‌ဒေပညာနဲ့ အသက်‌မွေးဝမ်း‌ကျောင်းပြုနိုင်ဖို့ အ‌ထောက်အကူပြု ဖို့နဲ့ ဝါရင့်‌ရှေ့‌နေ‌တွေက သူတို ့အ‌တွေ့အကြုံ‌တွေကို ပြန် လည်မျှ‌ဝေ‌ပေးပြီး အချိတ်အဆက်‌တွေရဖို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံအတွင်းရှိ ဥပ‌ဒေဘွဲ့ရပြီးလုပ်ငန်းခွင် ဝင်ရန် ပြင်ဆင်‌နေသူများနှင့် ဥပ‌ဒေအထူးပြု ဘာသာရပ် ဖြင့် တက္ကသိုလ်တက်‌ရောက်‌နေသည့် ‌ကျောင်းသူ၊ ‌ကျောင်းသားများ တက်‌ရောက်နိုင်သကဲ့သို့ သင်တန်းသားဦး‌ရေ မကန့်သတ် ထားဘဲ ‌နေထိုင်စား‌သောက်စရိတ်များပါ ကရင်‌ရှေ့‌နေများကွန်ရက်က ကုန်ကျခံသွားမည်ဟု သူမက ဆက်‌ပြောသည်။

သင်တန်းတက်‌ရောက်လိုသူများအ‌နေဖြင့် ကရင်‌ရှေ့‌နေများကွန်ရက်သို့ လာမည့် ဇန်နဝါရီ ၁ဝရက် မတိုင်မီ ဆက်သွယ်စာရင်း ‌ပေးသွင်းနိုင်‌ကြောင်း၊ သင်တန်းတွင်ပို့ချမည့် ဆရာများကို ချိတ်ဆက်စီစဉ်လျှက်ရှိ‌ကြောင်းနှင့် သင်တန်းကုန်ကျစရိတ်များအ တွက် လာ‌ရောက်လှူဒါန်း‌ငွေများဖြင့် သုံးစွဲသွားရန်ရှိ‌ကြောင်း ကရင်‌ရှေ့‌နေများကွန်ရက်က ဆိုသည်။

ရန်ကုန်မြို့‌နေ ဥပ‌ဒေဘွဲ့ရ ‌နော်ထရီဇာက “ဥပ‌ဒေ‌ရေးရာအမြင်ဖွင့် သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဝါရင့်‌ရှေ့‌နေ‌တွေနဲ့ အချိတ်အ ဆက်‌တွေ ပိုပြီး ရနိုင်ပါတယ်။ ဒါ‌ကြောင့် ကျမအ‌နေနဲ့ သင်တန်းဖွင့်လှစ်ခြင်းကို ကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို တရားမျှတစွာ ကူညီ‌ပေးရန်နှင့် လိုင်စင်မရ ‌သေးသည့် ဥပ‌ဒေဘွဲ့ရ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများကို ‌ရှေ့‌နေလိုင်စင်ရရှိ‌အောင် ကူညီ‌ပေးရန် ရည်ရွယ်ချက်ဖြင့် ကရင် ‌ရှေ့‌နေများကွန်ရက်ကို ၂၀၁၄ခုနှစ်၊ ဇွန်လ ၁၆ရက်‌နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့သည်။ ယင်းသို့ ဖွဲ့စည်းပြီးချိန်မှ ယခုအချိန်ထိ ကွန်ရက်အစည်းအ‌ဝေး ၄ကြိမ် ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တရားလွှတ်‌တော် ‌ရှေ့‌နေ၊ အထက်တန်း‌ရှေ့‌နေများနှင့် ဥပ‌ဒေဘွဲ့ရပြီးသူ ၇၅ဦးကို ကွန်ရက်သို့ ချိတ်ဆက်ထားပြီးဖြစ်‌ကြောင်း သိရသည်။