KIC News
အနာဂတ်အတွက် လူငယ်များ ကြိုတင်ပြင်ဆင်ထားရန် ကေအဲန်ယူ တိုက်တွန်း
ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
အနာဂတ် တိုင်းပြည်တည်ဆောက်ရေး၌ လူငယ်များပါဝင်မှု အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းက ယနေ့(ဩဂုတ် ၁၃ ရက်နေ့)တွင် ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ မာလာဆောင်မှတ်တိုင်အနီးရှိ ယုဒဿန် ခမ်းမ၌ နံနက်...
၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ကျင်းပ
ဩဂုတ် ၁၂ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့အခြေစိုက် ကရင်လူမှု အဖွဲ့အစည်းများက ဦးဆောင်ကာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမဘေးရှိ မြန်မာနိုင်ငံခရစ်ယန် ကောင်စီ(MCC) ယုဒဿ န်ခန်းမ၌ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
ကရင့်အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ကရင်လူငယ်များသိရှိကာ...
ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေတွင် ၆၄နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပ
ဩဂုတ် ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ယနေ့ကျရောက်သော ၆၄နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)ထိန်းချုပ်ရာနယ်မြေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် ဒေသခံရွာသူရွာသားများတို့က စုပေါင်းကျင်းပခဲ့ကြသည်။
နံနက် (၇)နာရီမှ (၉)နာရီအထိ ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် ဒီကေဘီအေမှ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ တောင်နီ၊...
ပြည်သူ့ဆန္ဒ ပြည်သူ့စွမ်းအားဖြင့် အကြပ်ကိုင်ရတော့အံ့
မောင်ကျော်စွာ
(၁၁ ဩဂုတ် ၂၀၁၄ )
ဒီချုပ်ပါတီနှင့် ၈၈ - ငြိမ်း/ပွင့် တို့ ပူးတွဲဆောင်ရွက်ခဲ့ကြသည့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု”သည် လူထု ဆန္ဒလက်မှတ်ပေါင်း ၅သန်းနီးပါး (၄ ၉၄၁ ၉၉၈) ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူ ၅သန်းနီးပါးက...
ကလေးများအတွက်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်
ဩဂုတ် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
မယ်တော်ဆေးခန်းရှိ ကလေးအတွင်းလူနာဌာနအတွင်း အိပ်ယာတခုအပေါ်တွင် ကိုရင်လေး ဖိုးချို တစ်ပါးတည်း လဲလျောင်း လျက်ရှိသည်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် သူ့ခန္ဓာကိုယ်ကို ငြိမ်သက်စွာထားရင်း လှဲအိပ်နေရသည်။
အသက် ၇နှစ်အရွယ် ကိုရင်လေး ဖိုးချိုသည် မြဝတီမြို့ရှိ ယောဘူကျောင်းတိုက်၌ သီတင်းသုံးနေစဉ် အက်ဒစ်(စ်) ခေါ် သွေးလွန်...
ဩစတြေးလျားကရင်များ ကရင်အာဇာနည်နေ့ အမှတ်တရ ကျင်းပ
ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ စောကျော်ခွီး
ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO) နယူးဆော့သ်ဝေးဌာနက ကြီးမှူး၍ နယူးဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood Senior Citizen Hall တွင် ဩဂုတ်လ (၉)ရက်နေ့မနက် ၁ဝနာရီမှ မွန်းလွဲ ၂နာရီအထိ ကျင်းပခဲ့သည့် ၆၄နှစ်မြောက် ကရင်အ မျိုးသား အာဇာနည်နေ့ အခမ်းအနားသို့...
ဖားအံမြို့၌ ကျင်းပသည့် ကရင်လက်ချည်ပွဲသို့ ကေအဲန်ယူ ပါဝင်ဆင်နွဲ
ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်စာပေယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ဦးစီးပြီး ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ဩဂုတ်လ ၉ရက်နေ့ တွင် ကျင်းပသည့် (၃၇)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်ဆင်နွဲခဲ့သည်။
ထိုအခမ်းအနားတွင် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ...
ငွေကြေးခက်ခဲ၍ မြန်မာရွှေ့ပြောင်း လူငယ်နှင့် ကလေးများ နေထိုင်ခွင့်လက်မှတ် ပြုလုပ်သူနည်းပါး
ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းလူငယ်နှင့် ကလေးများအတွက် ဩဂုတ် ၄ရက်နေ့မှ အောက် တိုဘာ ၃၁ရက်နေ့အထိ တနှစ်စာ နေထိုင်ခွင့်လက်မှတ်ပြုလုပ်ရန် ထိုင်းအစိုးရအာဏာပိုင်များက ဖွင့်လှစ်ပေးထားပြီဖြစ်သော် လည်း ငွေကြေးအခက် အခဲကြောင့် ပြုလုပ်သူနည်းပါး လျှက်ရှိသည်ဟု သိရသည်။
ကဒ်လုပ်လိုသူများအတွက် လက်ရှိ...
ကရင့်ရိုးရာ လက်ချည်ပွဲဆိုင်ရာ ပဟေဠိပြိုင်ပွဲ ပန်းတနော်တွင် ကျင်းပ
ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင့်ရိုးရာလက်ချည်ပွဲဆိုင်ရာ ပဟေဠိပြိုင်ပွဲတစ်ရပ်ကို ပန်းတနော်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ကရင်လူ ငယ်အသင်းက ဦးစီး၍ ဩဂုတ် ၇ရက်နေ့၊ နေ့လည်ပိုင်းတွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ အစုကြီးကျေးရွာ ကျောင်းခမ်းမ၌ ကျင်းပခဲ့သည်။
၎င်းပြိုင်ပွဲကို လက်ချည်ပွဲဆိုင်ရာ ရိုးရာပွဲတော်အကြောင်းကို ကရင်လူငယ်များ ပိုမိုသိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့်...
နယ်စပ်စာသင်ကျောင်းများ သင်ရိုးညွှန်းတမ်းစာအုပ် လုံလောက်မှုမရှိဖြစ်နေ
ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ နယ်စပ်တစ်လျှောက်တွင် ကော်သူးလေပညာရေးဌာန KED က ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် ဘတ်ဂျက်အခက်အခဲကြောင့် သင်ရိုးညွှန်းတမ်းစာအုပ်များ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း KED အတွင်းရေးမှူး စော လောအယ်မူးက ကေအိုင်စီသို့ ပြောဆိုသည်။
ဩဂုတ် ၄ရက်မှ ၆ရက်နေ့အထိ ထိုင်း- မြန်မာနယ်စပ်...















