Home သတင်း ကရင်ပြည်နယ် အ‌ခြေခံမဲဆန္ဒရှင်စာရင်း ဇွန် ၈ ရက်‌နေ့တွင် စတင်‌ကြေညာမည်

ကရင်ပြည်နယ် အ‌ခြေခံမဲဆန္ဒရှင်စာရင်း ဇွန် ၈ ရက်‌နေ့တွင် စတင်‌ကြေညာမည်

1511
ဇွန် ၃ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ် အ‌ခြေခံမဲဆန္ဒရှင်စာရင်းကို ယခုလ ဇွန် ၈ ရက်‌နေ့တွင် ပြည်နယ် အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်၊ ‌ကျေးရွာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်‌ကြေညာသွားမည် ဖြစ်သည်ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး‌ကျော်ဝင်း‌မောင်က ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးရဲ့ အ‌ခြေခံမဲဆန္ဒရှင်စာရင်းကို ဇွန် ၈ ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ ထုတ်ပြန်‌ပေးသွားမယ်။ အဲဒီမဲစာရင်းမှာ နာမည် မပါတာ၊ နာမည်စာလုံး‌ပေါင်း သတ်ပုံ‌တွေ မှားတာ၊ ‌သေဆုံးသူ ‌တွေပါ ‌နေတာ စတာ‌တွေကို ပြင်ဆင်‌ပေးဖို့ ပုံစံသုံးမျိုးရှိတယ်။ မှားယွင်းမှု‌တွေရှိခဲ့ရင် ပြင်ဆင်‌ပေးသွားမယ်။ ပြည်သူ ‌တွေအ‌နေနဲ့လည်း စာရင်းမှာ ပါမပါ၊ မှားမမှား သွားကြည့်ကြပါလို ့‌ပြောချင်တယ်”ဟု ‌ပြောသည်။

ထိုသို့ စတင်ထုတ်ပြန်‌ပေးမည့် မဲစာရင်းတွင် ပြည်နယ်အတွင်း လုံခြုံ‌ရေးအရ မဲစာရင်း ‌ကောက်ယူနိုင်ခြင်း မရှိ သည့် ဖာပွန်၊ ကြားအင်းဆိပ်ကြီး စသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ထိန်းချုပ်နယ်‌မြေ များတွင် မဲစာရင်းများပါဝင်ဦးမည် မဟုတ်‌ကြောင်း ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။

မဲစာရင်းထုတ်ပြန်‌ပေးမည့်အ‌ပေါ် ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ် ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည့်စိုးက “မဲစာရင်း‌တွေ ထုတ်ပြန်‌ပေးတာကို ကြိုဆိုတယ်။ မဲဆန္ဒရှင်‌တွေအ‌နေနဲ့ ကိုယ့်နာမည် ပါမပါ၊ မှားယွင်းမှု ရှိမရှိ သွားကြည့်ပါ။ လိုအပ်လို့ ပါတီကို အကူအညီ‌တောင်းရင်လည်း လိုက်လုပ်‌ပေးမယ်။ မပါလာဘူး ဆိုရင်‌တော့ စိတ်မ‌ကောင်းဘူး။ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့‌တွေလည်း လုံခြုံ‌ရေးလိုအပ်ရင် ကူညီ‌ပေးမယ်လို့ ‌ပြောထားတာရှိတယ်။ ဒီ‌တော့ ထိန်းချုပ်နယ်‌မြေ‌တွေက မဲစာရင်း‌တွေကို ပြုစု‌ပေးပါလို့ ‌ပြောချင်တယ်” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ထို့အပြင် ယခုထုတ်ပြန်‌ပေးမည့် မဲစာရင်းတွင် ပြည်နယ်အတွင်းရှိ ပအိုဝ်း၊ ဗမာတိုင်းရင်းသား‌ရေးရာ မဲစာရင်း များ သီးခြားမခွဲထုတ်ရ‌သေးသည့်အတွက် ပါဝင်ဦးမည် မဟုတ်‌ကြောင်း ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲက ‌ပြောဆိုသည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေဖြင့် လာမည့် ‌အောက်တိုဘာလအကုန် နိုဝင်ဘာလဆန်းတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲကျင်းပ‌ပေးမည်ဟု ‌ပြောဆိုထားသည့်အတွက် ယခုကဲ့သို့ အ‌ခြေခံမဲဆန္ဒရှင် စာရင်းများကို စတင်ထုတ်ပြန်‌ပေးခြင်းဖြစ်‌ကြောင်း သိရသည်။