KIC News
နိုင်ငံလုံးဆိုင်ရာ ကရင်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဖွဲ့စည်းလုပ်ဆောင်မည်ဟု ကရင်ရေးရာဝန်ကြီး ပြောဆို
ဩဂုတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင်စာပေနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးဆိုင်ရာ ကရင်စာပေနှင့် ယဉ် ကျေးမှု ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး စောထွန်းအောင်မြင့်က ဩဂုတ်လ ၁၆ရက်နေ့က ပြောဆိုလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၁၆ရက် နေ့လည်ပိုင်းတွင်...
ဆစ်ဒနီ ကရင်လက်ချည်ပွဲ ပရိဿတ် ၂၀၀ကျော်ဆင်နွဲ
ဩဂုတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောကျော်ခွီး
ဩစတြေးလျားကရင်ယဉ်ကျေးမှုအဖွဲ့အစည်း(Australia Karen Culture Organization-AKCO)က ကြီးမှူး၍ ဝါခေါင်လ ကရင့်ရိုးရာလက်ချည်ပွဲကို ဩစတြေးလျားနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood ရပ် ကွက်ရှိ Villawood Senior Citizen Hall တွင် ဩဂုတ်လ ၁၆ရက်နေ့က ကျင်းပခဲ့ရာ...
နယ်စပ်ကျန်းမာရေးလမ်းစဉ်နှင့် နည်းဗျူဟာချမှတ်ရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ ဆွေးနွေးခဲ့
ဩဂုတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားဒေသအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ၈ဖွဲ့နှင့် စုပေါင်းဖွဲ့စည်းထားသည့် HCCG (Health Conver-gencen Core Group) က ဩဂုတ်လ ၁၄ရက်မှ ၁၅ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပြုလုပ်ကျင်းပခဲ့သည့် ၎င်းတို့၏ ၅ကြိမ်မြောက်အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဆိုင်ရာ ရှေ့ဆက်လုပ်ငန်းစဉ်နှင့် နည်းဗျူဟာများ...
မြဝတီတွင် စိတ်ကြွဆေးအလုံး ၃သောင်းကျော် ဖမ်းဆီးရမိ
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ အလိုတော်ပြည့်(၁)လမ်းတွင် မြန်မာငွေကျပ် ၁၀၄,၅၈၀,၀၀ဝတန်ဘိုးရှိ စိတ်ကြွ ဆေးအလုံးပေါင်း ၃၄၈၆ဝကို ဩဂုတ်လ ၁၄ရက်နှင့် ၁၅ရက်နေ့များ၌ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။
"ကျနော်တို့က သတင်းအရ ဝင်ရောက်ဖမ်းဆီးတာပါ။ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ မြို့မရဲစခန်းမှာ အမှုဖွင့်ထားတုန်းပဲ...
နိုင်ငံရေးဆွေးနွေးပွဲရလဒ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်သွားရန် အစိုးရနှင့် NCCT တို့ မူအရ သဘောတူ
ဩဂုတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ် ဖြင့် ထူထောင်သွားရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းကော်မတီ (UPWC)တို့က မူအရ သဘောတူလိုက်ကြောင်း NCCT ဒုအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့...
ဝေါဟာရ စကားလုံးများထက် အရေးကြီးသည့် မူပိုင်းဆိုင်ရာများ ဆွေးနွေးရန် NCCT အကြံပြု
ဩဂုတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း (Single Text)ရရှိရေးအတွက် ဝေါဟာရစကားလုံးများ ထက် အရေးကြီးသည့် မူပိုင်းဆိုင်ရာအချက်များကို ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ကို ယနေ့ ပြောဆိုလိုက်သည်။
NCCT နှင့်...
ကရင်ပြည်နယ်အတွင်း ပါတီ ၄ပါတီက ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ
ဩဂုတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ယခု ၂၀၁၄ခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း လစ်လပ်နေသည့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲ အမှတ်(၂) မဲဆန္ဒနယ်မြေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၄ခုက ပြင်ဆင်နေသည်ဟု သိရသည်။
ယင်းမဲဆန္ဒနယ်အတွက် ဝင်ယှဉ်ပြိုင်မည့်ပါတီများမှာ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊...
ခြောက်လအတွင်း အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၃ခုရှိကြောင်း ND-Burma ထုတ်ပြန်
ဩဂုတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို လိုက်လံမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma)က ယခုနှစ် ခြောက်လအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက် မှုဖြစ်ရပ် ၁၀၃ခုရှိကြောင်း ဩဂုတ်လ ၁၄ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
၂၀၁၄ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊...
၆၄နှစ်မြောက် ကရင့်အာဇာနည်နေ့ ကေအဲန်ယူ တပ်ရင်းတပ်မဟာများ၌ ကျင်းပခဲ့
ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သော ၆၄နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ကို ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး(ကေအဲန်အယ်လ်အေ) တပ်မဟာ၊ တပ်ရင်းများက ၎င်းတို့၏ ထိန်းချုပ်ဒေသများတွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။
ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အာဇာနည်နေ့...
အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်မှုအပေါ် PSDP အပြည့်အဝ မယုံရဲသေး
ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
လက်ရှိ သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖော်ဆောင်နေသည့် အပစ်အခတ်ရပ်စဲရေးအပေါ် အပြည့်အဝ မယုံကြည်ရဲသေးဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒု-ဥက္ကဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့သည် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ဩဂုတ် ၁၁ရက်နေ့က တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ(၆၆)ခုအား...













